မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများကို ထုတ်လုပ်သူ၏
ခွင့်ပြုချက်မရဘဲ တရားမဝင် အခွေပွား ဖြန့်ချိသူများကို တာဝန်ရှိသူများနှင့်
လက်တွဲ၍ အရေးယူနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၇ရက်နေ့ က
ပြုလုပ်သည့် မြန်မာ့ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ဖြန့်ချိသူများ
အစုအဖွဲ့၏ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ဥက္ကဋ္ဌဖြစ်သူ ဒေါ်စန်းစန်းမော်က The Voice သို့ ပြောကြားသည်။
မြန်မာ့ ရုပ်ရှင်နှင့် ဗီဒီယိုလောက အခြေအနေ ကျဆင်းရခြင်းမှာ တရားမဝင်
ခိုးကူးခွေများကြောင့် လည်း ပါဝင်ကြောင်း၊ တရားမဝင် အခွေပွားသူများကို ယခင်
ဥပဒေထက် ပိုမို ထိရောက်မှုရှိသော ပုဒ်မ ၃၃(ခ) ဖြင့် အရေးယူ သွားမည်
ဖြစ်ကြောင်း ဒေါ်စန်းစန်းမော်က ဆိုသည်။
တရားဝင် ဆင်ဆာချပ်ပါ
ခွေများကို တရားမဝင် ကူးယူ ပြသ ဖြန့်ချိပါက ဗီဒီယို အက်ဥပေဒေ ပုဒ်မ ၃၃(ခ)
အရ ဒဏ်ငွေ တစ်သိန်း ဖြစ်စေ၊ ထောင် ဒဏ် သုံးနှစ် ဖြစ်စေ (သို့) ဒဏ်
နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း အထူးနှင့် အက်ဥပဒေ စာအုပ်တွင်
ဖော်ပြထားသည်။
အရည်အသွေးမီ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများ
ပေါ်ထွက်လာရေး၊ လုပ်ငန်းရှင်များကြား အကျိုးများသည့် ခေတ်နှင့် လျော်ညီသော
ဖြန့်ချိရေး စနစ် ပေါ်ထွန်းရေး၊ တာဝန်ရှိသူများနှင့် လက်တွဲ၍ အခွေပွားသူများ
ကို ဖော်ထုတ် ဖမ်းဆီးရေး၊ လုပ်ငန်းရှင်များ ဥပဒေနှင့်အညီ အကျိုးခံစားခွင့်
တန်းတူ ရရှိရေး၊ အနုပညာ ထုတ်လုပ်၊ ဖြန့်ချိ၊ ပြသ လုပ်ငန်းများဖြင့်
နိုင်ငံ့ အကျိုး သယ်ပိုးရေးတို့ကို ရည်ရွယ်၍ မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယို
ထုတ်လုပ် ဖြန့် ချိသူများ အစုအဖွဲ့ကို ရန်ကုန်မြို့ရှိ ထုတ်လုပ် ဖြန့်ချိ
လုပ်ငန်းရှင် ၅၀ ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
From :
..the voice
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...