Pages

Monday, August 5, 2013

ကိုရီးယားသရုပ်ဆောင် လီဗျောင်ဟွန်းနှင့် လီမင်ဂျောင်း မင်္ဂလာဆောင်မည်

တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းသရုပ်ဆောင် လီဗျောင်ဟွန်း (Lee Byaung Hun) နှင့် Boys over flower ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်လာတဲ့ သရုပ်ဆောင် လီမင်ဂျောင်းတို့ရဲ့ မင်္ဂလာအခမ်းအနားကို ယခုလ ၁၀ ရက်နေ့မှာ ဆိုးလ်မြို့က The Grand Hyatt ဟိုတယ်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ kpopstarz.com မှာ ဖော်ပြထားပါတယ်။

သူတို့နှစ်ဦးက သူတို့ရဲ့မင်္ဂလာပွဲအကြောင်းကို တရားဝင် ကြေညာခဲ့တာဖြစ်ပြီးတော့ မင်္ဂလာဆောင်ပြီးရင် လည်း ဟန်းနီးမွန်းခရီးကို အရှေ့တောင်အာရှနိုင်ငံတွေ ထဲကိုပဲထွက်ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ ယင်းသတင်းက ဆိုပါတယ်။


လီမင်ဂျောင်းက သူတို့ရဲ့ ကြင်စဦးနေမယ့်အိမ်ကို ကိုယ်တိုင်စိတ်တိုင်းကျ ပြင်ဆင်မှုတွေနဲ့ ဖိတ်ကြားမယ့် စာရင်းတွေ လုပ်နေပြီး လီဗျောင်ဟွန်းကတော့ သူတို့မင်္ဂလာပွဲနေ့အတွက် အကျွေးအမွေးပိုင်းကို ကိုယ်တိုင် စီစဉ်မှာ ဖြစ်တယ်လို့ ထပ်မံသိရပါတယ်။

လီဗျောင်ဟွန်းဟာ သူရဲ့ RED2 ဇာတ်ကား ပရိုမိုးရှင်းအတွက် အလုပ်တွေ များနေခဲ့ပြီး မင်္ဂလာပွဲနေ့ မတိုင်ခင်အထိ သူ့ရဲ့နောက်ရိုက်ကူးမယ့် ရုပ်ရှင်အတွက် လေ့ကျင့်မှုတွေလုပ်ဖို့ ရှိတယ်လို့kpopstarz.com မှာ ဖော်ပြချက်အရ သိရပါတယ်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...