သီတင်းပတ်အကုန်က လူ
ငါးဦးသေဆုံးစေခဲ့သော မီးတောင် ပေါက်ကွဲ
မှုဖြစ်ပွားရာ အင်ဒိုနီး
ရှားကျွန်းတစ်ခုမှ လူ ၅၀ဝကျော်ကို ဘေးလွတ်ရာသို့
ရွှေ့ပေးခဲ့ရ ကြောင်း
အရာရှိတစ်ဦးက ပြော ကြားခဲ့သည်။
မီးတောင်ရိုကာ တင်ဒါမှာ ဩဂုတ် ၁၂ရက်အထိ ပြာများမှုတ်နေဆဲဖြစ်သည်။
East
Nusa Tenggara ပြည်နယ် ပါလူးကျွန်းပေါ်ရှိ ၎င်း မီးတောင်သည် ဩဂုတ် ၁ဝရက် က
အနီရောင်ပြာပူများ နှစ်ကီလို မီတာ အကွာအဝေးအထိ
ကောင်းကင်
ထဲသို့မှုတ်ထုတ်ခဲ့ပြီး ချော်ရည်ပူများကမ်းခြေတစ်ခုပေါ်သို့
ရောက်ရှိခဲ့ရာ အိပ်ပျော်နေသော လူကြီး သုံးဦးနှင့် ကလေးနှစ်ဦးသေဆုံး
ခဲ့သည်။
သေဆုံးသူအရေအတွက် မှာ ခြောက်ဦးဖြစ်သည်ဟု တာဝန်
ရှိသူများက အစောပိုင်းကထုတ် ပြန်ခဲ့သော်လည်း ဩဂုတ်၁၂ရက်တွင်
ငါးဦးဖြစ်ကြောင်း
ပြင်ဆင်ထုတ်ပြန်ခဲ့သည်။
ကယ်ဆယ်သူများသည် ထိ
ခိုက်မှုရှိသောဧရိယာများသို့သွား ရာလမ်းတွင်
ပြာများက ပိတ်ဆို့နေ ၍ ရုန်းကန်နေရသည်။ ထို့အပြင် ၎င်းတို့၏အိမ်များကို
စွန့်ခွာရန် ဆန္ဒမရှိသော ရွာသားများကိုလည်း စည်းရုံးနေရကြောင်း
သိရသည်။''စနေနေ့က ပေါက်ကွဲမှုဖြစ် ကတည်းက ရိုကာတင်ဒါ
မီးတောင်
နားမှာနေတဲ့ လူ၅၁၁ဦးတို့ ပါလူး ကျွန်းကနေ မော်မီရီကို ရွှေ့ပေးပြီး
ပါပြီ''ဟု အမျိုးသားကပ်ဘေးအေ ဂျင်စီပြောခွင့်ရပုဂ္ဂိုလ်ဆူတိုပိုပူရ်ဗို
နပ်ဂရိုဟိုက အနီးရှိဖလောရက် ကျွန်းပေါ်မှ မြို့ကြီးတစ်မြို့ကို ရည်ညွှန်း၍
ပြောကြားခဲ့သည်။
လူများအား ဘေးလွတ်ရာ သို့ရွှေ့ပြောင်းရာတွင်
မော်တော် ဘုတ်ခြောက်စင်း
ကို အသုံးပြု လျက်ရှိပြီး
ရွှေ့ပြောင်းရသူများကိုကူညီရန် ကပ်ဘေးအေဂျင်စီ
က
အကူအညီများပေးပို့ခဲ့သည်။ အ ကူအညီပစ္စည်းများတွင် မီးတောင် ပြာ
များကို
ကာကွယ်ရန် မျက်နှာ ဖုံး ၂၀၀၀ဝနှင့် ခြုံစောင် ၁၀၀ဝပါ ဝင်ကြောင်း သိရသည်။
ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသူများမှာ ရွာနှစ်ရွာမှဖြစ် ကြောင်း၊
ပါလူးကျွန်း၏အစိတ် အပိုင်းဆစ်ကာခရိုင်အကြီးအကဲ က ပြောကြားခဲ့သည်။ သို့သော်
လည်း အိမ်နှင့်မွေးမြူရေးတိရစ္ဆာန် များကို မစွန့်ခွာလိုသော ရွာသား
ဒါဇင်ပေါင်းများစွာရှိနေသေးသည် ဟု ၎င်းကဆိုသည်။
ပေါက်ကွဲမှုကြောင့်
လိုအပ်ချက်အရ ကျွန်းကိုစွန့်ခွာခဲ့သူ ၃၀၀ဝနီးပါးရှိပြီဟု နပ်ဂရိုဟိုက
ပြောကြားခဲ့သည်။ ၎င်းတို့မှာ မီး တောင်ဝပတ်လည် သုံးကီလို
မီတာ
သီးသန့်ဇုန်အတွင်းရှိနေခဲ့သည်။
၎င်းဧရိယာအတွင်း လူများ
နေရပ်ကိုစွန့်ခွာရန် အာဏာပိုင်များက တိုက်
တွန်းသော်လည်း ငြင်းဆန်
နေသူအများအပြားရှိ နေသေးသည်။ ဇုန်အတွင်း
ကျန်ရှိနေသေး သော
လူ၂၅၀ဝခန့်ကို ဘေးလွတ် ရာရွှေ့ပြောင်းပေးရန် တာဝန်ရှိသူများက
မျှော်လင့်နေဆဲဖြစ်သည်။
Yangon Media Group

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...