Pages

Monday, August 19, 2013

ကိုယ်ဝန် ၁၉ ကြိမ်ပျက်ကျပြီးမှ ကလေးရတဲ့အမျိုးသမီး

၁၄ နှစ် အတွင်း ကိုယ်ဝန် ၁၉ ကြိမ်ပျက်ကျတဲ့ အမျိုးသမီးဟာ နောက်ဆုံးတော့ ကလေးရရှိသွားတယ်လို့ သိရပါတယ်။ အသက် ၃၇ နှစ်အရွယ် Jo Short ဆိုသူဟာ Endometriosisလို့ ခေါ်တဲ့ သားအိမ်တစ်သျူးတွေက သားအိမ်အပြင်ဘက် ခန္ဓာကိုယ်ရဲ့ တခြားနေရာကို ရောက်ရှိနေတဲ့ ရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။ အဲဒီရောဂါကြောင့် ဓမ္မတာလာစဉ်မှာ သွေးအလွန် များပြီး အလွန်နာကျင်တယ်လို့ သိရပါတယ်။ သူမဟာ အဲဒီ ရောဂါကြောင့် ဆရာဝန် ရှစ်ယောက်ကို ပြခဲ့ရပြီး ခန္ဓာကိုယ်တွင်း လေးကြိမ်တိုင်တိုင် မှန်ပြောင်းနဲ့ ကြည့်ရှု စစ်ဆေးမှု ခံယူခဲ့ရပါ တယ်။ 
 
သူမရဲ့ အစာအိမ်တွင်း ရောက်ရှိနေတဲ့ သားအိမ်တစ်သျူး တွေကိုလည်း ဖယ်ရှား ပေးလိုက်ရာ နာကျင်မှုဝေဒနာ သက်သာ သွားပေမယ့် ကလေး ဆက်လက် ပျက်ကျတုန်းလို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ ကနေဒါနိုင်ငံမှ မီးယပ်နဲ့ သားဖွားအထူးကု ဆရာဝန်က ကျန်းမာနေတဲ့ တစ်သျူးတွေ ထိအောင် ဖယ်ရှားပေးပြီး နောက်ပိုင်းမှာမှ အောင်မြင်တဲ့ ကိုယ်ဝန်ရကာ ကလေး မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Endometriosis ဆိုတာဟာ သားအိမ် ပြင်ပမှာ သားအိမ်အမြှေးပါး အနည်းငယ် ရောက်ရှိနေတဲ့ အခြေအနေပါ။ အသက် ၂၅ နှစ်နဲ့ ၃၀ ကြား အမျိုးသမီးမှာ အဖြစ်များပါ တယ်။ ဓမ္မတာလာစဉ်မှာ အလွန် ကိုက်ခဲတာ၊ ဒါမှမဟုတ် အလွန် သွေးထွက်များတတ် ပါတယ်။ ၀မ်းဗိုက် အောက်ပိုင်း၊ ခါးနောက်ပိုင်း ဒါမှမဟုတ် တင်ပဆုံကွင်း နေရာမှာ နာကျင်တတ်ပါတယ်။ အဲဒီ ဝေဒနာကြောင့် စွမ်းအင်မဲ့တာ၊ စိတ်ကျတာနဲ့ မျိုးပွားရ ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်လွယ်လွယ် ရရှိနိုင်ပေမယ့် ကိုယ်ဝန်လ မရင့်ခင်မှာပဲ ပျက်ကျသွားတတ် ပါတယ်။


From: ပြည်မြန်မာ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...