Pages

Wednesday, August 28, 2013

သံဘီးတပ် လှည်းတွေကြောင့် ကားလမ်းတွေ ပျက်ရတာ ဟု ဒုဝန်ကြီး ပြော

ပြည်သူ့လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေး (၂၅) ရက် မြောက်နေ့ကို သြဂုတ် (၂၃) ရက် ကကျင်းပရာ
ဆားလင်းကြီး မဲ ဆန္ဒနယ်မှ ဦးသန်းမြင့်က ကား လမ်းများသက်တမ်းမစေ့မီ ပျက်စီးမှုမရှိရန်နှင့် နိုင်ငံတော်
ဘဏ္ဍာ ငွေလေလွင့်ဆုံးရှုံးမှုမဖြစ်စေရန် အတွက် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးခွန်း
ကို မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက် ပြီးဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးစိုးတင့်က မော်တော်ယာဉ်
များသွားလာရန် ဆောင်ရွက်ထားသည့် လမ်းများ ပေါ်တွင် သံဘီးတပ်ထားသော ကျွဲ၊ နွားလှည်းများမောင်း
နှင်မှု ကြောင့် မော်တော်ကားလမ်းများ သက်တမ်းမစေ့မီပျက်စီးရကြောင်း၊ သံဘီးတပ်လှည်းများ ကတ္တရာ
လမ်းမကြီးပေါ်တွင်မောင်းနှင်ခြင်းမပြုရန် ဥပဒေဖြင့် တားမြစ်ထားကြောင်း မဖြစ်မနေဖြတ်သန်းသွားရမည်
ဆိုပါက သံဘီးများအစား မော်တော်ကားတာယာများ ပြောင်းလဲတပ်ဆင်အသုံးပြု ရေး၊ ရာဘာတာယာဘီး
များ ထပ် ပိုးပြီး တပ်ဆင်အသုံးပြုရေးတို့ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တွင်းရှိ လမ်းများ သည် သံဘီးတပ်လှည်းများ တက် ရောက်မောင်းနှင်ခြင်း မရှိသော် လည်းကား
လမ်းများမှာသက်တမ်း မစေ့မီ ပျက်စီးနေရပြီး နိုင်ငံ့ ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှု ဖြစ် ပေါ်နေရသည်မှာ ဘာ
ကြောင့်လဲဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ မေးခွန်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်က မေးသင့်
ကြောင်း နိုင်ငံရေး လေ့ လာသူတစ်ဦးက ပြောကြားသည်။

အောင်ထွန်း

by hotnews_editor

Hot News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...