Pages

Friday, August 23, 2013

ဟံသာဝတီ ပြန်လည် ထူထောင်ရေး ပါတီ တပ်ဖွဲ့ဝင်များ လက်နက် ခဲယမ်းများဖြင့် အလင်းဝင် ရောက်လာ

 
(မွန်ပြည်နယ်၊ သြဂုတ် ၁၉)
ဟံသာဝတီပြန်လည် ထူထောင် ရေးပါတီ (H.R.P) တပ်ဖွဲ့ဝင် ၈ ဦးတို့ သည် လက်နက် ခဲယမ်းများနှင့် အတူ သံ ဖြူ ဇရပ်ရှိ စစ်ဘက် လုံခြုံရေး တပ်စုသို့ သြဂုတ် ၁၁ ရက်နေ့ ညနေက အလင်း ဝင်ရောက်ကြောင်း သိရသည်။
နိုင်ပန်းညွန့် ဦးဆောင်သော ဟံသာဝတီ ပြန်လည် ထူထောင်ရေးပါတီ (H.R.P) တပ်ဖွဲ့ဝင် များသည် တနင်္သာ ရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ပကျွတ် ကျေးရွာ နယ်မြေ အတွင်း အခြေပြုလှုပ် ရှားနေခြင်း ဖြစ်သည်။
အလင်းဝင်သော အဆိုပါ အဖွဲ့ တွင် ဗိုလ်မှူး အဆင့်ရှိနိုင်အောင်ကျနိုက်၊ ဗိုလ်ကြီးနိုင်ထူးထူးစိန်၊ ဗိုလ်ကြီးနိုင်ကလပ်စွန်း၊ အရာခံ ဗိုလ်နိုင်အထူး၊ တပ် သားနိုင်ချမ်း ကရော့၊ တပ်သားနိုင် အောင်ကျနိုက်၊ တပ်သားနိုင်အဝနှင့် တပ်သားနိုင်ဗလိုင်စိုး တို့ဖြစ်သည်။ ၄င်းတို့နှင့်အတူ လမ်းလျှောက် စကားပြော စက်တစ်လုံး၊ လက်ပစ်ဗုံး တစ်လုံး၊ AK 47 နှစ်လက်၊ ပွိုင့် 22 နှစ်လက်၊ ပွိုင့် ၃ဝ ကာဘိုင် တစ်လက်၊ ခြောက်လုံးပြူး နှစ် လက်၊ လုပ်သေနတ်တို တစ်လက်နှင့်ကျည် ၇၁ တောင့် တို့ကိုပါ အပ်နှံပြီး အလင်း ဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
 
 
From : ..popular
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...