Pages

Friday, August 2, 2013

စီဒီအမ်အေ မိုဘိုင်းလ်ဖုန်းများ ကျပ်ငွေဖြင့် ပြည်ပခေါ်ဆိုနိုင်

ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ဆောင်မှု ပေးနေတဲ့ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ်နဲ့ ၄၅၀ မဂ္ဂါဟက်ဇ်ကို သြဂုတ်လ ၁ ရက်နေ့ကစပြီး နိုင်ငံခြား ခေါ်ဆိုတဲ့အခါမှာ အက်ဖ်အီးစီအစား မြန်မာကျပ်ငွေနဲ့ပဲ ကောက်ခံသွားမယ်လို့ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာ ဦးအောင်ကျော်သက်က ‘စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ်နဲ့ ၄၅၀ မဂ္ဂါဟက်ဇ် ဖုန်းတွေရဲ့ ပြည်ပခေါ်ဆိုခ နှုန်းထားတွေကို ဒီနေ့ကစပြီး မြန်မာကျပ်ငွေနဲ့ပဲ ကောက်ခံသွားတော့မှာ ဖြစ်ပါတယ်၊ ယင်းဖုန်းသုံးစွဲသူတွေရဲ့ အက်ဖ်အီးစီ အကောင့်မှာ ကျန်ရှိနေတဲ့ အက်ဖ်အီးစီ ငွေတွေကို 1FEC လျှင် မြန်မာကျပ် ၉၀၀ နှုန်းနဲ့တွက်ပြီး ကျပ်အကောင့် ကို ပြန်ပေါင်းထည့်ပေးမှာပါ’ လို့ ပြောပါတယ်။ ယင်းသို့ ပေါင်း ထည့်ပြီးနောက်  ပြည်တွင်းခေါ်ဆိုမှုနဲ့ ပြည်ပခေါ်ဆိုမှု အားလုံးကို မြန်မာကျပ်ငွေနဲ့ ပုံမှန်အတိုင်း   ခေါ်ဆိုနိုင် မှာ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ် ၂ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင်   ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...