ဒီမိုကရေစီ'စာလုံးအား အမျိုးသားကျောက်တိုင်၌ မှုတ် ဆေးဖြင့် ရေးသားခဲ့သူ
စင်ကာပူ လူမျိုးတစ်ဦးအား တနင်္လာနေ့က ထောင်သုံးလ ချမှတ်လိုက်ပြီး ကြိမ်
ဒဏ်သုံးချက် စီရင်ခဲ့သည်။
မိုဟာမက်ခါလစ် မိုဟာမက် ယူစွတ် ၃၃ နှစ်သည်
ဧပြီ ၂၃ရက် က စင်ကာပူမြို့လယ်ရှိ Cenotaph War Memorial အား ဖျက်
ဆီးမှုဖြင့် ပြစ်ဒဏ်ခံရသည်ကို အ သနားခံခဲ့သည်။
ခရိုင်တရားသူကြီး လင်ဆေး
ဟိုက အမျိုးသားအထိမ်းအမှတ် အား အခြားသူများက မလေး မစား မလုပ်ရဲအောင်
ပြင်းထန်သော ပြစ်ဒဏ်ချမည်ဖြစ်ကြောင်း၊ ၎င်း ၏ လူမှုရေးဆန့်ကျင်မှု၊ တစ်ကိုယ်
ကောင်းဆန်မှုအတွက် အပြစ်ပေး ရသည်ဟု ပြောကြားခဲ့သည်။
တရားသူကြီးက
ခါလစ်အား စင်ကာပူဒေါ်လာ ၂၀၈(အမေရိ ကန်ဒေါ်လာ ၁၆၂)အား ကျောက် တိုင်
ပြန်လည်ပြုပြင်ရန် ဒဏ်ငွေ ရိုက်ခဲ့သည်။ အဆိုပါ ကျောက် တိုင်မှာ ၁၉၂၂
ခုနှစ်က ဗြိတိသျှ စစ်သား ၁၂၄ ဦးအတွက် ရည် မှန်းတည်ဆောက်ခဲ့သည့်အပြင်
စင်ကာပူဖွား သို့မဟုတ် စင်ကာ ပူ၌နေထိုင်သော ပထမကမ္ဘာစစ် အတွင်း
သေဆုံးခဲ့သူများကို ရည် စူးခဲ့သည်။ နောက်ပိုင်းတွင် ဒုတိ ယကမ္ဘာစစ်အတွင်း
ကျဆုံးခဲ့သူ များကို ရည်စူးအသုံးပြုခဲ့သည်။
''ဒီကနေ့
ငါတို့ငြိမ်းချမ်းစွာ နေဖို့ ဒီစစ်သားတွေက အသက် ပေးခဲ့တာဖြစ်တယ်''ဟု လင်က
ခါလစ်ကိုကြည့်၍ ပြောခဲ့သည်။
''ယခု မင်းရဲ့အပြုအမူက စစ်အတွင်း
ကျဆုံးသူတွေကို အ ကြီးအကျယ် မလေးမစား လုပ် ရာကျပါတယ်။ သူတို့ရဲ့ ဆွေမျိုး
သားချင်းတွေကိုလဲ စိတ်ထိခိုက် စေတယ်''ဟု ယင်းကပြောခဲ့သည်။
စင်ကာပူ၏
ယဉ်ကျေးမှုကို ဖျက်ဆီးသူတို့အား ကြီးလေးသော ပြစ်ဒဏ်ပေးလေ့ရှိသည်။
ထိုကဲ့သို့
စင်္ကာပူနိုင်ငံတွင် စစ်သားများအား မလေးမစားလုပ်ပါ
ပြင်းပြင်းထန်ထန်အရေးယူလျှက်ရှိသည်။
စစ်သားများသည် ပြည်သူများအတွက်
လေးစားရသူများဖြစ်၍ စင်္ကာပူဥပဒေက စစ်သားများအပေါ်
မလေးမစား
လုပ်ခွင့်မပေးပေ။ ပြည်သူပိုင်ပစ္စည်းများအပေါ်လည်း ဖျက်ဆီးခြင်းကို
လုံးဝခွင့်မပြုပေ။
စင်္ကာပူကဲ့သို့ လူ့အခွင့်အရေးအပြည့်အ၀ပေးသော
နိုင်ငံပင်လျှင် အများပိုင်ပစ္စည်းများ ဖျက်ဆီးခြင်း၊
စစ်သားများအား
မလေးမစားလုပ်ခြင်းများအား ပြင်းထန်စွာအရေးယူလျက်ရှိသော်လည်း
မြန်မာနိုင်ငံတွင်မူ
အများပိုင် ဘောလုံးကွင်းထိုင်ခုံများအား ဖျက်ဆီးခြင်း၊ ကားမှတ်တိုင်ရှိ
ထိုင်ခုံများအား ဖျက်ဆီးခြင်း၊ အုတ်နံရံများတွင် ဆေးခြယ်ခြင်းများ
ပြုလုပ်နေသည့်အပြင် စစ်သားများကိုလည်း လူမှုကွန်ယက်ဆိုဒ်များတွင်
ညစ်ညမ်းစွာဆဲရေးတိုင်းထွာခြင်း စသည့် မလေးမစား ပြုလုပ်နေသည့်
လူရမ်းကားများအား စင်္ကာပူကဲ့သို့ ဥပဒေဖြင့်
ပြင်းထန်စွာထိန်းချုပ်အပြစ်ပေးသင့်သည်
ဟု စင်္ကာပူမှ မြန်မာ Programmer
တဦးက သူ၏ Facebook စာမျက်နှာပေါ်တွင် အကြံပေးထားသည်။
From:YNG
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...