Pages

Monday, August 12, 2013

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆောက်လုပ်ခွင့် တင်ဒါ တောင်ကိုးရီးယားကုမ္ပဏီရရှိ

မြန်မာနိုင်ငံရဲ့ အကြီးဆုံးလေဆိပ်ဖြစ်လာမယ့် ပဲခူးတိုင်းဒေသကြီးအတွင်းက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရေး လုပ်ကိုင်ခွင့်ကို တောင်ကိုးရီးယားကုမ္ပဏီ Incheon International Airport Corp (IIAC) ကို ပေးအပ်လိုက်တယ်လို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီး ဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တောင်ကိုးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကလဲ ရန်ကုန်မြို့ရဲ့ အရှေ့မြောက် ဘက် မိုင် ၅၀ အကွာမှာ တည်ဆောက် မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် IIAC ကုမ္ပဏီ က တင်ဒါအောင်မြင်ခဲ့ပြီးဖြစ်ကြောင်း နဲ့ နောက်ဆုံးအဆင့်စာချုပ်ကို အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ နဲ့ဒီနှစ်ကုန်ချုပ်ဆိုမှာဖြစ်ကြောင်း ဒီကနေ့ အတည်ပြု ကြေညာပါတယ်။
ဒီလေဆိပ်ကနေ တစ်နှစ်ကို ခရီးသည် ၁၂ သန်းခန့် ဝင်ရောက် သွားလာနိုင်မှာဖြစ်ကြောင်း တောင်ကိုးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

တောင်ကိုးရီးယား ဆောက်လုပ်ရေးကုမ္ပဏီ လေးခု ဖက်စပ်ပါဝင်တဲ့ IIAC ကုမ္ပဏီ အနေနဲ့ လေဆိပ်ကို၂၀၁၈ ခုနှစ် မတိုင်မီ အပြီး ဆောက်လုပ်ရမှာဖြစ်ပြီး လေဆိပ် စီမံခန့်ခွဲခွင့် နဲ့ ထိန်းသိမ်းခွင့်ကို ၂၀၆၇ ခုနှစ်အထိ ရရှိထားတယ်လို့ သိရပါတယ်။
 
From : ..rfa

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...