Pages

Friday, August 2, 2013

နားမလည်သော ပြည်သူများအား တန်ဆာခံအဖြစ် ပြုလုပ်သည့် နေမျိုးဇင်

မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင် သည့် အခမ်းအနားအဖြစ်ဝါးရမ်းကပ်ခံ ထားရသူများ၏ စုပေါင်း အဖမ်းခံပွဲ အခမ်းအနားအားဗိုလ်ကြီးဟောင်းနေမျိုးဇင် ဦးစီးပြုလုပ်ခဲ့ရာ ရဲမှ အမှန်တကယ် ဖမ်းဆီးသွားသဖြင့်ဒေသ ခံများဒုက္ခရောက်နေကြာင်းဒေသခံများမှပြောကြားခဲ့သည်။

ကျွန်တော်တို့ ၀ရမ်းထုတ်ခံထားရပေမဲ့ ရဲက ကျွန်တော်တို့ကို လာဖမ်းတာမရှိသေးပါဘူး။ ဗိုလ်ကြီး နေမျိုးဇင်ရောက် လာပြီး ၀ရမ်းထုတ်ခံရသူတွေအားလုံး စုပေါင်းအဖမ်းခံပွဲလုပ်မယ်၊ ခင်ဗျားတို့ကို ရဲက တကယ်ဖမ်းရဲ မယ်မဟုတ်ဘူး။ ခင်ဗျားတို့လုပ်ရပ်တွေအားလုံးကို ကျုပ်က တစ်ကမ္ဘာလုံးသိအောင်   ဖြန့်ပေး မယ်။ ခင်ဗျားတို့ အဖမ်းခံရရင် ကျွန်တော် တာဝန်ယူဖြေရှင်းပေးမယ်။ ကျွန်တော်ကိုယ်တိုင်ဦးဆောင်မယ်။

ခင်ဗျားတို့ မကြောက်ကြနဲ့လို့ လာရောက်စည်းရုံးတဲ့အတွက် စုပေါင်းအဖမ်းခံပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဖမ်းခံရသည့် မိသားစုဝင်တစ်ဦးမှ ပြောကြားပါသည်။

၎င်းမှပင် ကျွန်တော်တို့က ဆန္ဒပြတဲ့သဘောလို့ပဲထင်တာ၊ ဥပဒေကိုလည်း နားမလည်ဘူး။ တကယ်အဖမ်းခံရမယ်လို့လည်း မထင်ဘူး။ တကယ်လည်းဖမ်းလိုက်ရော တာဝန်ယူတယ်ဆိုတဲ့ ဗိုလ်ကြီး နေမျိုးဇင်လည်း ဘာမှမတတ်နိုင်ဘူး။ တကယ်ထောင်ထဲရောက်သွားတာက ဘာမှမသိတဲ့ ရွာသားတွေပါ။

အခုလည်း ဗိုလ်ကြီး နေမျိုးဇင်လည်း ဘာမှမတတ်နိုင်တော့လို့ ရန်ကုန်ပြန်သွားပါပြီဟု ပြောဆိုသွားသည်။
ငါးခိုးဖမ်းသည်ဟု အင်းသူကြီးက စွပ်စွဲ တိုင်ကြားခံထားရသဖြင့် ရဲစခန်းတွင် စုပေါင်း အဖမ်းခံခဲ့သည့် ပန်းတနော်မြို့နယ် ခနွဲကဘိုရွာမှ ရေလုပ်သား ၂၅ ဦးကို ဇူလိုင် ၃၁ ရက်က မြို့နယ်တရားရုံးတွင် စစ်ဆေးပြီး နောက်ရဲစခန်းရှိ အချုပ်ခန်းသို့ ထည့်ထားလိုက်သည်ဟု မဇ္ဈိမသတင်းဌာန တွင်ဖော်ပြထား သည်။


From:Nay Min

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...