ရန်ကုန်၊ ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်ရှိ ချမ်းမြေ့
တည်းခိုခန်းတွင် ဇူလိုင်လ ၂၈ ရက်
မွန်းလွဲ ၁ နာရီခန့်က အချိန်ပိုင်း လာရောက် တည်းခိုသူ ချစ်သူ နှစ်ဦးအနက်
အသက် ၃၈ နှစ်အရွယ် အမျိုးသား
တစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ
စုံစမ်း သိရှိရသည်။
သေဆုံးသူ အမျိုးသားသည် ဒဂုံမြို့သစ် (အရေ...ှ့ပိုင်း) မြို့နယ်တွင် နေထိုင်
သူ ဖြစ်ပြီး အဆိုပါ တည်းခိုခန်းတွင်
ချစ်သူ အမျိုးသမီးနှင့်အတူ တည်းခိုနေ စဉ် သတိလစ် မေ့မြောရာမှ ဆေးရုံသို့
ပို့ဆောင်သည့် လမ်းတွင် သေဆုံး
ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။
သေဆုံးသူ အမျိုးသားသည် နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာနှင့်
သွေးတိုးရောဂါရှိပြီး ရင်ခွဲ စစ်ဆေးချက်
များအရ နှလုံး၏ အစိတ်အပိုင်း အချို့မှာ ပုပ်နေသည်ကို တွေ့ရှိရကြောင်း
မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းထံ
မှ စုံစမ်း သိရှိရသည်။
“ကာမအားတိုးဆေး သောက်ထားလား ဆိုတာတော့ အသေးစိတ် မသိသေး ပါဘူး။ ဒါပေမဲ့
ဖြစ်တဲ့ နေရာကို စစ်
ကြည့်တာတော့ ဘာ အစအနမှ မတွေ့ပါဘူး၊ အတူ ပါလာတဲ့ သူကိုလဲ မေးကြည်တော့
မသုံးထားဘူးလို့ ပြော
တယ်” ဟု အဆိုပါ သေဆုံးမှုကို စစ်ဆေးလျက်ရှိသည့် ရဲအရာရှိ တစ်ဦးက
ပြောကြားသည်။
နှလုံးကြွက်သားပုပ်သည်ဟု ဆရာဝန်၏ အတည်ပြုချက်သည် နှလုံးတွင်းသို့
လိုအပ်သည့်သွေး(အောက်ဆီဂျင်)
ပမာဏ မရောက်ရှိပါက နှလုံးခုန်ရပ်ပြီး ငါးမိနစ်မှ ၁၅ မိနစ်အတွင်း နှလုံး
ကြွက်သား ပုပ်နိုင်ကြောင်း အထွေထွေ
ရောဂါကု ဆရာဝန် တစ်ဦးက ပြောကြားသည်။
အမျိုးသား ကာမ အားတိုးဆေးဝါးများ သောက်သုံးထားမှု ရှိ မရှိ စစ်ဆေးရာ တွင်
အခြားသော စိတ်ကြွဆေး၊ မူး
ယစ်ဆေးများ သုံးစွဲထားခြင်း ရှိ မရှိကို စစ်ဆေးခြင်းကဲ့သို့
မလွယ်ကူကြောင်း၊ နှလုံးရောဂါ (သို့) ရင်ဘတ် အောင့်
တတ်သည့် ရောဂါ ဝေဒနာ ခံစားနေရသူများ အနေနှင့် ကာမ အားတိုးဆေး ဝါးများကို
မသုံးသင့်ကြောင်း ၎င်းက
အကြံပြု ပြောကြားသည်။
အဆိုပါ ဆေးဝါးများသည် သွေးပေါင်ကို လျော့စေသော အာနိသင် ရှိသောကြောင့်
သွေးပေါင်ကို လျော့ကျစေပြီး
ခန္ဓာကိုယ်မှ အားစိုက်ထုတ်ချိန်တွင် နှလုံးတွင်းသို့ လိုအပ်သည့်
သွေးပမာဏမရောက်ဘဲ နှလုံးသွေး ရပ်ကာသေ
ဆုံးနိုင်ကြောင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့်
ဦးနှောက်သွေးကြောများကို ထိခိုက်နိုင်ပြီး လေဖြတ်၊ လေ
ငန်းရောဂါများ လည်း ဖြစ်ပွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက
ရှင်းပြသည်။
အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၂၉/၁၃ ဖြင့် စစ်ဆေးလျက် ရှိကြောင်း
မြောက်ဥက္ကလာပ ရဲစခန်းထံ
မှသိရှိရသည်။
ဇူလိုင်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်
ဘုရင့်နောင်လမ်းပေါ်ရှိ တည်းခိုခန်း
နှစ်ခုတွင် အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၄၇ နှစ်အရွယ်
အမျိုးသား တစ်ဦးတို့ အလားတူ
သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ
သိရှိရသည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...