မွန်ပြည်နယ်တွင် လာမည့်နှစ်၌ လျှပ်စစ်မီး အပြည့်အ၀ရတော့မည်ဟု ပြည်နယ်၊
စည်ပင်သာယာရေးဝန်ကြီး
ဒေါက်တာတိုးတိုးအောင်က မဇိ္ဈမသို့ ပြောသည်။
ပြည်နယ်တစ်ခုလုံး လျှပ်စစ်မီးရရှိရေးအတွက် သဘာဝဓာတ်ငွေ့
လျှပ်စစ်ဓာတ်အားပေးရန် ပုဂ္ဂလိက လုပ်ငန်းတစ်ခု
နှင့်
ပေါင်းစပ်ပြီး မော်လမြိုင်မြို့၊ ငန်တေးရပ်ကွက်ရှိ
မူလအစိုးရလျှပ်စစ်ဓာတ်အားပေး စက်ရုံအနီးတွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလက
စတင်ဆောင်ရွက်နေသည်ဟု ဆိုသည်။
ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ
သဘာဝဓာတ်ငွေ့များ ၀ယ်ယူပြီး ပြန်လည်ဖြန့်ဖြူးမည်
ဖြစ်ပြီး လျှပ်စစ်ဓာတ်အား သုံးစွဲခများကို တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့်
သတ်မှတ်မည်ဟု မွန်ပြည်နယ် လျှပ်စစ်
ဝန်ကြီး နိုင်လ၀ီအောင်က ဆိုသည်။
ဒေါက်တာတိုးတိုးအောင်က
“ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ လျှပ်စစ်ဓာတ်အား ၅၀ မဂ္ဂါဝပ်စပြီး
ထုတ်လုပ်ပေးမယ်၊ လျှပ်စစ်ဓာတ်အား ၂၃၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ရင်
မွန်ပြည်နယ်တစ်ခုလုံး လျှပ်စစ်မီး အလုံအလောက် ရရှိသွားမှာ
ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ်တွင်
မြို့နယ် ၁၀ မြို့နယ်ရှိ ပြီး ချောင်းဆုံမြို့နယ်နှင့်
ရေးမြို့နယ်နှစ်ခုသာ အစိုးရလျှပ်စစ်မီးမရသေးဘဲ ကိုယ်ထူကိုယ်ထစနစ်ဖြင့်
ပုဂ္ဂလိကထံမှ လျှပ်စစ်မီးဝယ်ယူသုံးစွဲနေရသည်။
အဆိုပါမြို့နယ်များရှိ ကျေးရွာများတွင် လျှပ်စစ်မီးတစ်ချောင်းကို ၂၀၀
ကျပ်ဖြင့် ပုဂ္ဂလိကထံမှ ၀ယ်ယူသုံးစွဲနေရပြီး
ရေးမြို့နယ်တွင် လျှပ်စစ်မီး တစ်ယူနစ်ကို ၅၀၀ ကျပ်ဖြင့်
ဝယ်ယူသုံးစွဲနေရသည်ဟု ၎င်းကပြောသည်။
သံဖြူဇရပ်မြို့နယ်၊ နှစ်ကိုင်းကျေးရွာမှ ဒေသခံတစ်ဦးက ၄င်းတို့ရွာတွင်
အစိုးရ လျှပ်စစ်ဓာတ်အား မရသေးဘဲ
ကျေးလက်မီးလင်းရေး
ကော်မတီမှ တစ်အိမ်ထောင် မီတာပုံးမပါ ခုနစ်သိန်းကျပ်ဖြင့်
မီးသွယ်ယူထားရသည်ဟု ဆိုသည်။ သို့သော် နေ့ပိုင်းတွင် မီးအပြည့်မရသဖြင့်
ပုဂ္ဂလိက မီးပေးသူများထံမှ လျှပ်စစ်မီးထပ်မံ ၀ယ်ယူသုံးစွဲရသည်
ဟု ဆက်ပြောသည်။
၂၀၁၄ခုနှစ်တွင်
လျှပ်စစ်မီး အပြည့်အ၀ရရှိမည်ဖြစ်သဖြင့် အကြီးစားစက်ရုံများ မဟုတ်သော်လည်း
အလတ်စားနှင့် အသေးစားစက်ရုံ အများအပြား ပေါ်ပေါက်လာမည်ဖြစ်ခြင်းကြောင့်
ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း
များ ရလာမည်ဟု စည်ပင်သာယာရေးဝန်ကြီး ကပြောသည်။
၂၀၁၃-၂၀၁၄ ခုနှစ်တွင် ချောင်းဆုံနှင့် သံဖြူဇရပ်မြို့များသို့
ဓာတ်အားလိုင်းများ တိုးချဲ့ရန်ရှိပြီး ၂၀၁၄-၂၀၁၅ ခုနှစ်
တွင်
ရေး-လမိုင်း၊ရေး-ဇီးဖြူတောင် ဓာတ်အားခွဲစက်ရုံများ၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင်
သထုံ-ဘီးလင်း၊ မော်လမြိုင်-ရေး ဓာတ်အားခွဲစက်ရုံများ တည်ဆောက်ရန်ရှိသည်ဟု
သိရသည်။
From :
..mizzima

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...