လူရယ်လို့ဖြစ်လာရင် အချစ်ဆိုတာကို မခံစားတတ်သူ မရှိသလောက် ရှားမယ်ထင်ပါတယ်။
တချို့ ကတော့ လည်း ပိုင်ဆိုင်ရမှအချစ်၊ မပိုင်ဆိုင်ရဘဲ
ခွင့်လွှတ်နစ်နာခံတာကိုလည်း အချစ်လို့ ဆိုပြန်ပါတယ်။
အချစ်ဒဿနဆရာတွေက အချစ် ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြသလို
ချစ်ခြင်းနဲ့ အိမ်ထောင်ပြုခြင်း ကြားမှာ ဘယ်လိုဆက်နွယ်မှုတွေရှိနေလဲ
အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...
မြင်မြင်ချင်းကြိုက်တဲ့အထဲမှာ မပါဘူး
ငယ်ငယ်တုန်းကတော့ ဘယ်သူမဆို ချောတာလေးတွေ့ရင် ကြိုက်ကြ တာပဲလေ။ ဒီကောင်လေး
ချောတယ်။ ဟိုကောင်လေးချောတယ်ပေါ့။ ဒါပေမဲ့ ရယူရလောက် အောင်၊
ပိုင်ဆိုင်ရလောက်အောင် ဘယ်သူ့ကိုမှ မကြိုက်ခဲ့ဘူး။
မြင်မြင်ချင်းကြိုက်တဲ့အထဲမှာမပါဘူး။ တ ဖြည်းဖြည်းနဲ့ သံယောဇဉ်တွယ်ပြီး၊
တစ်ယောက် အကြောင်းတစ်ယောက် နားလည်ပြီးတော့မှ စိတ်ကိုပဲနား
လည်အောင်လုပ်ပြီးမှပဲ ကြိုက်တတ်တယ်။
လက်ခံထားတဲ့အချစ်က ရိုးရိုးသာမန်ပါပဲ
အခုလက်ရှိလက်ခံထားတဲ့အချစ်က ရိုးရိုးသာမန်ပါပဲ။
အရမ်းကြီးပူလောင်တဲ့ဟာကိုမကြိုက်ဘူး။ ကိုယ့်အပေါ် ကောင်းရင် ဘယ်သူမဆို
ပြန်ကောင်းချင်ကြတာပဲလေ။ မှန်လိုပဲ။ ကိုယ်ကောင်းရင် ပြန် ကောင်းတာကိုပဲလို
ချင်တယ်။ အရင်က ကိုယ်ချစ်နေရရင်ပြီးရောဆိုတဲ့ခံစားချက်ကိုကြိုက်တယ်။
အခုတော့ ကိုယ့်ကိုကောင်းမှ ပြန်ကောင်း ချင်တော့တယ်။ နောက်ပိုင်းတော့
ချမ်းချမ်းလိုချင်တဲ့ပုံစံဖြစ်လာပါတယ်။
ကိုယ့်အပေါ်မကောင်းရင် ကွဲဖို့ဝန်မလေးဘူး
ချမ်းချမ်းကြုံတွေ့ခဲ့တဲ့အချစ် က ထူးထူးခြားခြားတော့မရှိပါဘူး။ သူများတွေ
လိုပါပဲ။ ဒါပေမဲ့ ချမ်းချမ်း က တစ်ယောက်ဆိုတစ်ယောက်ပဲ ချစ်တတ်တယ်။
ကိုယ့်အပေါ်မ ကောင်းဘူးဆိုရင်လည်း ကွဲဖို့ဝန်မလေးဘူး။ အရမ်းကြီးတွယ်
ကပ်မနေတတ်ဘူး။ နောက်ဆုံးအခြေအနေထိရအောင်ညှိတယ်။ ညှိလို့မရဘူးဆို ကြိုက်တဲ့
လမ်းသွားလို့ရတယ်။ အရမ်းကြီးတွယ်ကပ်မနေတတ်ဘူး။
အချစ်ဆိုတာ ရာခိုင်နှုန်းနဲ့ ဖော်ပြလို့မရဘူး
အချစ်ဆိုတာ ရာခိုင်နှုန်းနဲ့ ဖော်ပြလို့မရဘူး။ ချမ်းချမ်းကတော့ ဘက်မျှတယ်။
ဘ၀မှာလိုချင်တာကို မရရ အောင်ယူတတ်တယ်။ ဒါပေမဲ့ မကောင်းတဲ့
နည်းလမ်းနဲ့တော့မယူ တတ်ဘူး။ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ် ချစ်တဲ့သူ၊
အဲဒီလိုလူမျိုးကိုပဲလိုချင် တယ်။ ပိုက်ဆံတွေဘာတွေ စိတ်ထဲမှာမရှိဘူး။
ပိုက်ဆံချမ်းသာတာ ကိုလည်းစိတ်မ၀င်စားဘူး။ အဓိက က ကိုယ့်ကိုချစ် မယ့်သူ၊
ယောက်ျား ပီသမယ့်သူ၊ မိန်းမတစ်ယောက်အ ပေါ်မှာ သစ္စာရှိ၊ မဖောက်မပြန်ဘဲ နဲ့
ကိုယ့်အပေါ်မှာကိုယ်ထားသ လောက် ကိုယ့်ကိုပြန် ချစ်နိုင်မယ့်သူ
ကိုလိုချင်တယ်။ အဲဒီလိုဖြစ်အောင် ကြိုးစားနေတယ်။
အားလုံးက အချစ်ပေါ်မှာ အခြေခံတယ်
ဘယ်သူမဆို အားလုံးကတော့ ခင်တာမင်တာက ချစ်ခြင်းကစတာ ပါပဲ။ အရာအားလုံးက
အဲဒီချစ်ခြင်း နဲ့ပတ်သက်တာပါပဲ။ လေးနက်တာ နဲ့ပေါ့တာပဲကွာတယ်။ သူငယ်ချင်းက
သံယောဇဉ်နဲ့ချစ်တာ။ မိဘက
မေတ္တာနဲ့ချစ်တာ။ ချစ်သူရည်းစားက တဏှာနဲ့ချစ်တာ။ အားလုံးကတော့
အချစ်အပေါ်အခြေခံတာပေါ့။
အချစ်က အစားအသောက် လိုပါပဲ
အချစ်နဲ့ပတ်သက်ပြီး ဒဿန တော့မဖွဲ့တတ်ဘူး။ ဒါပေမဲ့ အချစ်က အစား အသောက်လိုပဲ။
မစားရင် သေသွားသလို အစားမစားဘဲနေလို့မရဘူး။ အချစ်ဆိုတာကလည်း
တစ်နေ့တစ်ချိန်မှာတော့ ကိုယ်နဲ့ ထိုက်တန်မယ့်လူ၊ ကိုယ့်ကိုချစ်မယ့်လူ။
အပေါင်းအသင်းပဲဖြစ်ဖြစ်၊ မိဘပဲဖြစ်ဖြစ်၊ မောင်နှမပဲဖြစ်ဖြစ် အချိန်တန်ရင်
အိမ်ထောင်ဘက်ဆိုတာကို ရှာရမှာပဲလေ။ အချစ်က အစားအသောက်လိုပါပဲ။
ပူလောင်တဲ့မေတ္တာဆိုတာ မရှိဘူး
အချစ်ဆိုတာ နှစ်ယောက်စလုံးချစ်တာက အကောင်းဆုံးပါပဲ။ တဏှာရာဂ
ပါတဲ့အတွက်ကြောင့် ချစ်တယ် လို့ပြောလိုက်ရင် ပူလောင်မှုတော့ပါတာပဲ။
အဲဒီမီးကတော့ ပူလောင်တာပဲ။ မီးဆိုတာက မအေးချမ်းဘူး လေ။ ဒါပေမဲ့လည်း
အချစ်ဆိုတာကလည်း အဲဒီမီးလေးပါမှ မေတ္တာတို့ဘာတို့က ကွဲထွက်သွားမှာလေ။
မေတ္တာကအေးချမ်းတယ်။ ပူလောင်တဲ့မေတ္တာဆိုတာက မရှိဘူး။ ဒါပေမဲ့ အချစ်ဆိုတာက
ပူလောင်တဲ့ အချစ်ရှိတယ်။ သူ့ကိုလိုချင်ရင်
သူ့ရဲ့အဆိုးအကောင်းတွေကိုတွဲယူရမယ်။ ချမ်းချမ်းက အချစ်ကိုကြိုက်ပါ တယ်။
ကိုယ်က မချစ်ဘဲမနေနိုင်တဲ့သူဆိုတော့လေ။ ကိုယ်ရထားတဲ့သူတစ်ယောက်ကို
သစ္စာရှိရှိနဲ့ သူ့ကို ပျော်အောင် စိတ်ချမ်းသာအောင်ထားချင်တယ်။
အချစ်သိပ်မစစ်ကြတော့ဘူး
အခုနောက်ပိုင်း မိန်းကလေး ရော၊ ယောက်ျားလေးရော
ပိုက်ဆံကိုအရမ်းကြည့်လာကြတယ်။ အချစ်သိပ် မစစ်ကြတော့ဘူး။ ဒါပေမဲ့ အချစ်ကလည်း
ထမင်းစားလို့မရဘူးလေ။ အဓိကက အချစ်က ထမင်းစားလို့ မရဘူး။ အိပ်ရာခင်းလည်း
ဝယ်မပေးနိုင်ဘူး။ အိမ်လည်းဝယ် မပေးနိုင်ဘူး။ ဒါပေမဲ့ အချစ်မပါတဲ့ အိမ်ထောင်
ရေးတစ်ခုကတော့ ပိုက်ဆံဘယ်လောက်ပဲရှိရှိ ပျော်ရွှင်မှုတော့မရနိုင်ဘူး။
အိမ်ထောင်တစ်ခုမှာ အချစ်က ၅၀ရာခိုင်နှုန်းလောက်ပဲအရေးပါတယ် လို့ထင်ပါတယ်။
ဘယ်လောက်ပဲ ချစ်ချစ် ပိုက်ဆံမရှိဘူးဆို အိမ်ထောင်ရေးက မြဲဖို့ခဲယဉ်းပါ တယ်။
တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေ တင်ပြီး သံသယတွေနဲ့
အမုန်းတရားတွေနဲ့သွားနေကြမှာ ပါ။ ဒါပေမဲ့ အချစ်အခြေခံတဲ့အတွက်ကြောင့်
အနည်းနဲ့အများတော့ကောင်းတာပေါ့။ အချစ်မပါတဲ့အိမ် ထောင်ရေးကျတော့
အန္တရာယ်ရှိတာပေါ့။
တကယ်ဆို အချစ်ပဲလိုတယ်
ချမ်းချမ်းက ကိုယ့်ဘာသာ ကိုယ်ပိုက်ဆံရှာနိုင်တယ်။ ကိုယ်ဘာသာကိုယ်
ရပ်တည်နိုင်တဲ့မိန်းမဖြစ် တဲ့အတွက် အချစ်ပဲလိုအပ်တယ်။ ပိုက်ဆံမလို အပ်ဘူး။
ပျော်ပျော်ရွှင် ရွှင်နဲ့ သာမန်ဘ၀လေးပဲလိုအပ်တယ်။ စိတ်ချမ်းသာချင်တယ်။
အချစ်မရှိတဲ့အရာက ကြာကြာမခံဘူး။ ဒါကြောင့်ချမ်းချမ်းအတွက် က တကယ်ဆို
အချစ်ပဲလိုတယ်။
ရန်ဖြစ်မှ သူလိုချင်တာ၊ သူမလိုချင်တာ ဘာလဲဆိုတာသိမှာ အိမ်ထောင်
တစ်ခုတည်ပြီဆိုကတည်းက သူ့ရဲ့ကောင်းတာဆိုးတာကို လက်ခံရတော့မှာပဲ။ တစ်
မိသားစုတည်းမွေးတာတောင် စိတ်ဓာတ်ချင်းက တူတာမှ မဟုတ်တာ။
သူများမိသားစုကမွေးတဲ့သူဆို ပိုဆိုးတာပေါ့။ လက်ငါးချောင်းတောင်မှ မညီတာ။
သူ့ရဲ့စိတ်ဓာတ်ကလည်း ကိုယ်ကြိုက်တဲ့အချက်တွေရှိသလို
မကြိုက်တဲ့အချက်ရှိမှာပဲ။ ကိုယ့်ရဲ့ စိတ်ဓာတ်ကို လည်း သူကြိုက် ချင်မှ
ကြိုက်မယ်။ ဒါပေမဲ့ အနီးစပ်ဆုံး မေတ္တာတရားနဲ့ အခြေခံ၊ သံယောဇဉ်၊
အချစ်တို့နဲ့ အခြေခံပြီး လျှော့ သင့်ရင်လျှော့၊ တင်းသင့်ရင်တင်းမယ်၊
လိုတိုးပိုလျှော့ပေါ့။ လင်နဲ့မယား လျှာနဲ့သွားဆိုတာ ဟုတ်ပါတယ်။ ရန်ဖြစ်မှ
သူလိုချင်တာဘာလဲ၊ သူမလိုချင်တာဘာလဲဆိုတာ သိမှာပေါ့။ မြုံထားရင်
အိမ်ထောင်ရေးတစ်ခုက ကြာရင်ပြိုကွဲသွားမှာပါ။
8 DAYS A WEEK ENTERTAINMENT
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...