Pages

Saturday, August 17, 2013

ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏ သမီး ဗုံးပေါက်ကွဲ သေဆုံးခဲ့ရမှုနှင့် စွယ်တောင်ေုံးပေါက်ကဲမှုများကို စစ်ဆေးဖော်ထုတ်သွားမည်

၁၉၉၆ ဒီဇင်ဘာ ၂၅ စွယ်တော်ဗုံးပေါက်ကွဲမှု၊ ၁၉၉၇ ဧပြီ ၇ ကွယ်လွန်သူ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနေအိမ် ပါဆယ်ဗုံးကွဲမှု တရားခံတွေကို သမ္မတဦးသိန်းစိန် လက်ထက်အတွင်းမှာပဲ ဖော်ထုတ်နိုင်ဖို့ကြိုးစားသွားမယ်လို့ သတင်းရရှိပါတယ်။ အရင်ကစစ်ဆေးထားတဲ့ သက်သေအထောက်အထားတွေနဲ့ပဲ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပြီး သံသယရှိထားတဲ့လူတွေ ရှိနေပေမယ့် သက်သေအထောက်အထား ခိုင်လုံမှ တရားခံကငြင်းမရမှာမို့ မပြောသေးပါဘူး။

ဖော်ထုတ်ဖမ်းဆီးမယ့် အစီအစဉ်ကို သမ္မတအစိုးရအဖွဲ့ထံ မကြာမီတင်ပြသွားမှာ ဖြစ်ပြီး လိုအပ်တဲ့ အကူအညီများပေးရန်နဲ့ သက်သေအထောက်အထားများ ရှာရန် လိုအပ်သည့် စစ်ဆေးမှု များကိုလည်း ပြုလုပ်ပိုင်ခွင့်များ တောင်းဆိုသွားမှာပါ။

ဒီလိုမမိသေးတဲ့ တရားခံတွေကို ဖော်ထုတ်တော့မယ် ဆိုရင် အတော်စွန့်စားရဲဖို့တော့ လိုလိမ့်မယ်။ ကျနော်တို့ တရားသူကြီးတွေလည်း တတ်နိုင်သမျှ တရားဥပဒေဘက်က လုပ်ဆောင်သွားမှာပါလို့ တရားသူကြီးတစ်ဦးက ပြောပါတယ်။ 


ပြည်သူတွေအနေနဲ့ စွယ်တော်ဗုံးကွဲတာ ဦးတင်ဦးသမီးအိမ်ကို ပါဆယ်ဗုံးပို့လို့ သေဆုံးတာကို မေ့သေးမှာ မဟုတ်ပါဘူး ဟု အဆင့်မြင့်ရဲအရာရှိတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ 


From : ..YMG
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...