ပြောင်းလဲ လာသော လူမှုဖူလုံရေးပုံစံများ အရ တချို့သောသက်ကြီးရွယ် အိုများသည်
ငွေကြေးပြည့်စုံကြ
သော်လည်း လူမှုရေးအရ အထီး ကျန်ခြင်း (Social Loneliness)ကို
ရင်ဆိုင်နေရသည့်အတွက် လူ မှုဝန်
ထမ်းဦးစီးဌာနမှ သက်ကြီး ရွယ်အိုများအတွက် နေ့ပိုင်းစောင့် ရှောက်မှုဂေဟာကို
အောက်တို ဘာလအ
တွင်းဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။
''သက်ကြီးရွယ်အိုတွေ နေ့ ပိုင်းစောင့်ရှောက်မှုဂေဟာဖွင့်လှစ် ရခြင်းက
နိုင်ငံတကာသက်ကြီး ရွယ်အိုများ
စောင့်ရှောက်ရေးလုပ် ငန်းများအနက် ပြုစုစောင့်ရှောက်
မှုနည်းလမ်းတစ်ခုဖြစ်တယ်။ သက် ကြီးရွယ်အို
တွေအတွက် လူမှုရေး အရ အထီးကျန်ဆန်မှုကိုလည်း လျော့နည်းစေပြီး ကျန်းမာရွှင်လန်း
သောသက်ကြီး
ဘဝကို ရရှိစေဖို့ အတွက် ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်'' ဟု လူမှုဝန်ထမ်းဦးစီးဌာန
ဒုတိယ ညွှန်ကြားရေးမှူး
ချုပ် ဦးအောင် ထွန်းခိုင်က ပြောသည်။
အဆိုပါသက်ကြီးရွယ်အို စောင့်ရှောက်မှုဂေဟာအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ
ခန့်အပ် ထားသော အရာ
ထမ်း၊ အမှုထမ်း များ၊ လက်ထောက်ဆရာဝန်တစ် ဦး၊ ကျန်းမာရေးမှူး (ကာယကု
သမှုကျွမ်းကျင်) ဝန်ထမ်း၊
အ ထက်တန်းသူနာပြုတစ်ဦး၊ သူနာ ပြုနှစ်ဦးအပါအဝင် ဝန်ထမ်း၂၀ ဦးတို့ဖြင့်
စောင့်ရှောက်ပေးသွား မည်
ဖြစ်ကြောင်း သိရသည်။
''အသက် ၇၀ အထက်လူမှု ရေးအရ အထီးကျန်ဆန်နေတဲ့ သူ၊ နာတာရှည်ရောဂါဝေဒနာခံ
စားနေရတာမျိုး
မရှိတဲ့သူတွေထဲ မှာမှ ဦးစားပေးဖို့လိုအပ်တဲ့ သက် ကြီးရွယ်အိုတွေဖြစ်တဲ့
အဘိုး ၁၀ ဦး၊ အဘွား ၂၀ ကို
စောင့်ရှောက် ပေးသွားမှာပါ''ဟု ပြောသည်။
လူမှုရေးအရ စောင့်ရှောက် မှုပေးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း၊
သက်ကြီးဘဝ မြှင့်တင်ရေး
လုပ်ငန်းများ မြှင့်တင် ပေးခြင်း၊ အပန်းဖြေအနားယူနိုင် ရေး
ဆောင်ရွက်ပေးခြင်း၊ ဘဝ တစ်သက်တာပ
ညာလေ့လာစေ ခြင်းနှင့် သက်ကြီးဘဝကိုယ်စိတ် နှစ်ပါး
ချမ်းသာသုခပြည့်စုံစွာဖြင့် နေထိုင်နိုင်ရေးတို့အ
တွက် ဆောင် ရွက်ပေးခြင်းဖြစ်ပြီး အာဟာရများ ကျွေးမွေးခြင်းတို့ပါ
ပြုလုပ်ပေး မည်ဖြစ်ကြောင်း သိရ
သည်။
သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်မှုဂေဟာကို အမှတ်
(၆၄)ကမ္ဘာ့အေးဘုရားလမ်း၊ ပါ ရမီလမ်းနှင့်
ကမ္ဘာ့အေးဘုရားလမ်း ထောင့်တွင် အောက်တိုဘာလ အတွင်း
ဖွင့်လှစ်သွားနိုင်ရန်စီစဉ် ဆောင်ရွက်နေ
ပြီဖြစ်ကြောင်း သိ ရသည်။
သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...