မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ ကုန်းကြီး ကျေးရွာတွင် နေထိုင်သူ အသက် ၁၃
နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသူသည် သြဂုတ်လ ၆ ရက်နေ့က ပိုးသတ်ဆေး သောက်၍
မိမိကိုယ်ကို သတ်သေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ
စုံစမ်း သိရှိရသည်။
အဆိုပါ ကျောင်းသူသည် မိဘများက ငွေကြေး
ချို့တဲ့သဖြင့် မတ္တရာမြို့ အမှတ်(၂) ရပ်ကွက်နေ ဦးလေးဖြစ်သူထံတွင် နေထိုင်၍
ကျောင်းတက်ရကြောင်း၊
၎င်းသည် မကြာခဏ ကျန်းမာရေး မကောင်း ဖြစ်ပြီး ပညာရေးတွင်လည်း အားနည်းနေသဖြင့်
စိတ်ဖိစီးမှု ခံစားရကာ ပိုးသတ်ဆေးသောက် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း
အဆိုပါရုံးမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားသည်။
မတ္တရာမြို့
ကုန်းကြီးကျေးရွာတွင် နေထိုင်သူ မဇင်ကလျာ ၁၃ နှစ်သည် သြဂုတ်လ ၆ ရက်နေ့
မွန်းလွဲ ၂ နာရီခန့်က အမှတ် (၂) ရပ်ကွက် ဗိုလ်တေဇ ပန်းခြံအနီး
လမ်းလျှောက်လာစဉ် လမ်းတွင် တွေ့ရှိသူ တစ်ရပ်တည်းနေ ဒေါ်ရွှေ ၄၃နှစ်၏ ပခုံးကို
အတင်းဝင်ဖက်၍ အရမ်း မူးသည်ဟု ပြောသဖြင့် ပြင်ပဆေးခန်းသို့ ပို့ဆောင်ရာ
ပိုးသတ်ဆေး အနံ့ရသဖြင့် ဆေးရုံသို့ ဆက်လက် ပို့ဆောင်ခဲ့ပြီး မွန်းလွဲ ၂
နာရီ ၃၅ မိနစ် အချိန်တွင် သေဆုံးသွားခဲ့ကြောင်း မှုခင်း မှတ်တမ်းများအရ
သိရသည်။
“အဲဒီ ကောင်မလေးက ကျောင်းစာ မလိုက်နိုင်လို့
အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ပါ” ဟု မတ္တရာမြို့ခံ ပြင်ပသင်
ဆရာတစ်ဦးက ဆိုသည်။
ယင်းသေဆုံးမှုနှင့် ပတ်သက်၍ မတ္တရာမြို့မ
ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၉/၂၀၁၃ အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်
ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မြဝတီ မင်းကြီးလမ်းနှင့်
လမ်းသွယ်ကြားရှိ အဆောင် တစ်ခု၌ မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အဋ္ဌမတန်း
ကျောင်းသူတစ်ဦး လွယ်အိတ်ကြိုးဖြင့် မိမိကိုယ်ကို သတ်သေမှု
ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကျောင်းသူသည် အိမ်နှင့် ခွဲခွာရသဖြင့်
စိတ်ပိုင်းဆိုင်ရာ ခံစားမှု ဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ကျ အရာရှိက ပြောကြားသည်။
From :
..the voice
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...