Pages

Thursday, August 22, 2013

ကင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန် ပုသိမ်တွင် ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦး ဖမ်းမိ

ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ နံသာပုကျေးရွာ ဂေါ်ယံဂျီကျွန်း အနီးတွင် သြဂုတ် ၁၉ ရက်က ဘင်္ဂလားပင်လယ်အော်မှ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦးအပါအ၀င် ဘင်္ဂါလီ ၅၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။

သြဂုတ် ၁၉ ရက် ညနေငါးနာရီခန့်တွင် ဂေါ်ယံဂျီကျွန်းမှ ကိုက်ငါးဆယ်ခန့် အကွာတွင်ရှိသော ကုလားမခြံအနီး ပင်လယ်ပြင်တွင် မသင်္ကာဖွယ်ရာ စက်လှေတစ်စင်းကို တွေ့ရှိရသဖြင့် ငရုတ်ကောင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးမှ ၀န်ထမ်းသုံးဦးနှင့် အဖွဲ့သည် စက်လှေအနီးသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထို့သို့ကြည့်ရှုနေစဉ် အဆိုပါစက်လှေပေါ်မှ ဘင်္ဂါလီများက ရေထဲသို့ခုန်ချပြီး ကမ်းပေါ်သို့ တက်ပြေးခဲ့ကြောင်း၊ ကျန်ရှိသေးသော ဘင်္ဂါလီလူမျိုးများ ပါဝင်သော စက်လှေသည် ဘင်္ဂလား ပင်လယ်အော်ဘက်သို့ ပြန်လည်မောင်းနှင် ထွက်ခွာသွားကြောင်း သိရသည်။

ကမ်းပေါ်သို့ တက်ပြေးလာသော ဘင်္ဂါလီ လူမျိုးများမှာ ၅၁ ဦးဖြစ်ပြီး ၎င်းတို့အား နံသာပုကျေးရွာ စာကြည့်တိုက်သို့ ခေါ်ဆောင်ပြီး စိစစ်ရာ ဘင်္ဂါလီလူမျိုး ၁၆ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦးတို့သည်  ကုလားမခြံအနီး ရေထဲသို့ ခုန်ချပြီး ကမ်းပေါ်သို့ တက်ရောက်လာကြောင်း၊ ကျန်ဘင်္ဂါလီများနှင့် စက်လှေမှာ ပြန်လည်ထွက်ခွာသွားကြောင်း ဖမ်းဆီးခံရသူများက ပြောကြားကြောင်း ကနဦး သတင်းများအရ သိရသည်။ အဆိုပါနေ့ ည ၈ နာရီခွဲခန့်တွင် ကမ်းပေါ်သို့ ရောက်ရှိလာသော ဘင်္ဂါလီလူမျိုးထဲမှ တစ်ဦးကို ထပ်မံတွေ့ရှိသဖြင့်၊ ဘင်္ဂါလီလူမျိုး ၁၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး၊ စုစုပေါင်း ၅၂ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ငပုတောမြို့နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဘင်္ဂါလီများ တွေ့ရှိရသော နေရာသို့ သွားရောက်စစ်ဆေးနေကြောင်း ဖြေကြားသည်။

ယခုဖြစ်စဉ်အရ ဘင်္ဂါလီဟုဆိုကာ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို ပထမဦးဆုံး ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အချို့သည် မြန်မာနိုင်ငံသားဖြစ်လို၍ ရိုဟင်ဂျာ၊ ဘင်္ဂါလီဟု အမည်များတပ်ကာ ခိုးဝင်လျက်ရှိကြောင်း သိရသည်။ ဤကဲ့သို့ ခိုးဝင်လာသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ခံရန် နိုင်ငံတကာမှ ဖိအားပေးမှု အချို့လည်းရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံမှ လာသည်ဆိုသော ဘင်္ဂါလီများတွင်လည်း ဆယ်ရာခိုင်နှုန်းခန့်ကသာ မြန်မာစကား ပြောနိုင်သူများဖြစ်ကြောင်း သိရသည်။

From: eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...