Pages

Tuesday, August 20, 2013

ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနား တွင် အာဆီယံနိုင်ငံများမှ အနုပညာရှင်များ ပါဝင် ဖျော်ဖြေမည်

ရန်ကုန် ၊ ၂၀-၈-၂၀၁၃
မြန်မာနိုင်ငံ တွင် လာမည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ၏ ဖွင့်ပွဲ အခမ်းအနားတွင် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံများမှ အနုပညာရှင် ၃၀၀ ကျော်သည် မြန်မာနိုင်ငံ မှ အနုပညာရှင် များနှင့်အတူ ပါဝင် ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။
ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနား တွင် ထိုင်း ၊ စင်ကာပူ ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား ၊ ဘရူနိုင်း နှင့် လာအို အစရှိသော ပြိုင်ပွဲဝင် နိုင်ငံများမှ အနုပညာရှင် စုစုပေါင်း ၃၀၀ ကျော်တို့သည် ဖွင့်ပွဲ အခမ်းအနား အစီအစဉ်တွင် ပါဝင်သော သီချင်းတစ်ပုဒ် ၌ အိမ်ရှင် မြန်မာနိုင်ငံ မှ ယဉ်ကျေးမှု အနုပညာရှင် များနှင့်အတူ တွဲဖက် ဖျော်ဖြေ တင်ဆက် နိုင်ရန် သက်ဆိုင်ရာ နိုင်ငံများမှ တေးသွားများ ပေါင်းစပ် ပါဝင်သော သီးချင်း တစ်ပုဒ်ကို ရေးစပ် ဖန်တီး ထားသည်ဟု ယဉ်ကျေးမှု ၀န်ကြီးဌာနမှ သိရသည်။
အားကစား ပွဲစဉ်များကို ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ငွေဆောင်ကမ်းခြေ အစရှိသော နေရာ များတွင် ကျင်းပ သွားမည် ဖြစ်သော်လည်း ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနား များကိုမူ နေပြည်တော် ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး လူအင်အားပေါင်း တစ်သောင်း ခြောက်ထောင်ကျော် ပါဝင် ဆင်နွှဲကြမည် ဖြစ်ကြောင်း သိရှိရသည်။
 
Pyi Chit Thar

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...