Pages

Sunday, August 18, 2013

ဆော့ကစားရာမှ လက်ပစ်ဗုံးတွေ့

Photo: ဆော့ကစားရာမှ လက်ပစ်ဗုံးတွေ့

17.8.2013

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သိင်္ဂါဂီရိရပ်ကွက် ဥတ္တရလမ်းရှိ 
ဆယ်အိမ်မှူး ဦးသောင်းအေးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် 
မြို့နယ်ရဲတပ်ဖွဲ့သို့ သြဂုတ် ၁၆ ရက် ညနေ ၆ နာရီ မိနစ် ၂ဝ ခန့်က 
လက်ပစ်ဗုံးအဟောင်းတစ်ခုဟုယူဆရသော ပစ္စည်းတစ်ခုတွေ့ရှိထားသဖြင့် 
သတင်းပေးတိုင်ကြားသည်။

တွေ့ရှိပုံမှာအိမ်အမှတ်(၁၂)ဥတ္တရလမ်းတွင်နေထိုင်သော ဒေါ်အောင် မေကြည်၏ 
အိမ်ရှေ့အုတ်လှေကားဘေးတွင် ¤င်းလမ်းနေ ဦးစိန်မြင့်အောင် ၏သမီး 
မယဉ်မွန်အောင်နှင့် ကလေးအဖွဲ့ ဆော့ကစားနေစဉ် သံလုံးဟု ထင်မှတ်၍ လက်ဖြင့် 
တူးယက်ကြည့်နေသည်ကို မြင်တွေ့လိုက်သော အိမ်ရှင် ဒေါ်အောင်မေကြည်သည် 
အန္တရာယ်ရှိစေနိုင်သည်ဟု ထင်မိသဖြင့် ဆယ်အိမ်မှူးကို အသိပေးခဲ့ခြင်းကြောင့် ည
 ၈ နာရီခန့်တွင် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် 
စစ်မြေပြင်အင်ဂျင်နီယာတပ်မှ လာရောက်ကြည့်ရှု စစ်ဆေးရာ ၃၆ ခွင်း 
ဗုံးအဟောင်းဟုသိရှိရပြီး ဗုံးမှာ အန္တရာယ်ဖြစ်စေနိုင် 
သည့်အခြေအနေမရှိတော့ကြောင်း၊ ¤င်းလက်ပစ်ဗုံးကို နယ်မြေခံတပ်သို့ 
အပ်နှံခဲ့ကြောင်း သိရသည်။

နေသော်(မကွေး)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သိင်္ဂါဂီရိရပ်ကွက် ဥတ္တရလမ်းရှိ ဆယ်အိမ်မှူး ဦးသောင်းအေးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် မြို့နယ်ရဲတပ်ဖွဲ့သို့ သြဂုတ် ၁၆ ရက် ညနေ ၆ နာရီ မိနစ် ၂ဝ ခန့်က လက်ပစ်ဗုံးအဟောင်းတစ်ခုဟုယူဆရသော ပစ္စည်းတစ်ခုတွေ့ရှိထားသဖြင့် သတင်းပေးတိုင်ကြားသည်။
တွေ့ရှိပုံမှာအိမ်အမှတ်(၁၂)ဥတ္တရလမ်းတွင်နေထိုင်သော ဒေါ်အောင် မေကြည်၏ အိမ်ရှေ့အုတ်လှေကားဘေးတွင် ¤င်းလမ်းနေ ဦးစိန်မြင့်အောင် ၏သမီး မယဉ်မွန်အောင်နှင့် ကလေးအဖွဲ့ ဆော့ကစားနေစဉ် သံလုံးဟု ထင်မှတ်၍ လက်ဖြင့် တူးယက်ကြည့်နေသည်ကို မြင်တွေ့လိုက်သော အိမ်ရှင် ဒေါ်အောင်မေကြည်သည် အန္တရာယ်ရှိစေနိုင်သည်ဟု ထင်မိသဖြင့် ဆယ်အိမ်မှူးကို အသိပေးခဲ့ခြင်းကြောင့် ည ၈ နာရီခန့်တွင် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်မှ လာရောက်ကြည့်ရှု စစ်ဆေးရာ ၃၆ ခွင်း ဗုံးအဟောင်းဟုသိရှိရပြီး ဗုံးမှာ အန္တရာယ်ဖြစ်စေနိုင် သည့်အခြေအနေမရှိတော့ကြောင်း၊ ¤င်းလက်ပစ်ဗုံးကို နယ်မြေခံတပ်သို့ အပ်နှံခဲ့ကြောင်း သိရသည်။

နေသော်(မကွေး)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...