Pages

Monday, August 12, 2013

လူဦးရေ ၂ သိန်းကျော် ပင်စင်ထုတ်ယူရန် ကျန်ရှိနေ

ပင်စင်ဦးစီးဌာန အနေနဲ့ လက်ရှိ ပင်စင်စား နေတဲ့ အငြိမ်းစား များကို လက်ရှိ ပင်စင်လစာ အပြင် ၀န်ထမ်းများအား လစာ တိုးမြှင့်ခွင့်ပြုတဲ့ ကျပ် ၂ သောင်း အပေါ် ပင်စင်နည်း ဥပဒေနဲ့ အညီ တွက်ချက်ပြီး ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ပြီး ပင်စင်လစာ များကို တိုးမြှင့် ခံစားခွင့်ပြု ခဲ့တာ ဖြစ်ပါတယ်။ အခု သြဂုတ်လ ၂ ရက်နေ့ အထိ မြန်မာ့ စီးပွားရေး ဘဏ်သို့ ငွေပေးမိန့် ရောက်ရှိ အတည်ပြု ပင်စင်စား ဦးရေဟာ ၄၃၅၆၉၃ ဦးဖြစ်ပြီး ငွေထုတ်ပေးပြီး ဦးရေမှာ ၂၁၈၂၈၅ ဦးဖြစ်ပါတယ်။

ဒါကြောင့် ပင်စင် ထုတ်ယူဖို့ ပင်စင်စား ဦးရေ ၂၁၇၄၀၈ ဦး ကျန်ရှိနေသေး တယ်လို့ ပင်စင်ဦးစီး ဌာနမှ သတင်းများ အရ သိရပါတယ်။ အဆိုပါ တိုးမြှင့်ပင်စင် လစာများကို မြန်မာ့ စီးပွားရေး ဘဏ်များမှာ ပိတ်ရက်မှ အပ နေ့စဉ် ထုတ်ပေးလျက် ရှိတဲ့အတွက် ပင်စင် ထုတ်ယူဖို့ ကျန်ရှိနေတဲ့ သူများ ဆက်သွယ် ထုတ်ယူကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပင်စင်လစာသစ် ခံစားခွင့် မရရှိသေးတဲ့ ကာကွယ်ရေး ပင်စင်စား များဟာ သက်ဆိုင်ရာ ကာကွယ်ရေး ငွေစာရင်း ရုံးခွဲများသို့ ဆက်သွယ် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြို့ပြ ပင်စင်စားများ ဟာလည်း မိမိတို့နဲ့ နီးစပ်ရာ ပင်စင်ဦးစီးဌာန ရုံးချုပ်၊ တိုင်းဒေသကြီးရုံးနဲ့ ပြည်နယ်ရုံး များသို့ ဆက်သွယ် သတင်းပေးပို့ကြဖို့နဲ့ ပင်စင်လစာသစ် ခံစားခွင့် ရရှိဖို့ အမြန်ဆုံး ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

From : ..mrtv4

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...