Pages

Saturday, August 10, 2013

ရှမ်းတိုင်းရင်းသားဒုက္ခသည် နေရပ်မပြန်လို


ထိုင်းဖက်ခြမ်း မြန်မာဒုက္ခသည် စခန်း
ထိုင်းနိုင်ငံ မြောက်ပိုင်း ဝိန်ဟင်း မြို့နယ် ဒုက္ခသည် စခန်းက ရှမ်း တိုင်းရင်းသား ဒုက္ခသည်တွေ ကို မြန်မာ
အာဏာပိုင် တွေက မြန်မာ နိုင်ငံဘက်ကို ပြန်ပို့ဖို့ ပြင်ဆင်နေ တဲ့ လက္ခဏာတွေ ရှိနေတဲ့ အတွက် ရှမ်း လူ
မှု အဖွဲ့ အစည်းတွေက စိုးရိမ် နေပါတယ်။

မြန်မာနိုင်ငံ ဘက် ပြန်ပို့ မယ့် အနေအထား က အခု တကြိမ် နဲ့ ဆိုရင် နှစ်ကြိမ် ရှိ တဲ့ အကြောင်း၊ ၂၀၁၂
က တခေါက် မြန်မာ အာဏာပိုင်တွေ လာရောက် ကွင်းဆင်း လေ့လာတဲ့ အကြောင်း၊ SWAN ရှမ်း အမျိုး
သမီးများ လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့ကလည်း ဒီဒေသ ဘက်မှာ ကွင်းဆင်းလေ့လာ တာကို SWAN အ
ဖွဲ့ ပြောခွင့်ရသူ ယိင်းဟာန်ဖ က ဘီဘီစီ ကို ပြောပါတယ်။

ဒုက္ခသည်တွေ မပြန်လိုတဲ့ အကြောင်းရင်း ကလည်း၊ သူတို့ နေရပ်ရင်းဟာ အစိုးရ တပ်နဲ့ ရှမ်းတပ်မတော်
SSA/RCSS တို့ ရဲ့ စစ်မြေပြင် ဖြစ်ခဲ့ဖူး တဲ့ အတွက် မြေမြုပ်မိုင်း တွေ ရှိနေလို့ နေထိုင်၊ လုပ်ကိုင် စား
သောက်ဖို့ လွယ်ကူမယ် မထင်တဲ့ အကြောင်း နှစ်ဖက် လက်နက်ကိုင် တပ်တွေ ဟာ အပစ်အခတ် ရပ်ဆဲ
ရေး လက်မှတ် ထိုးတာ ၂ နှစ် ရှိပြီးတဲ့ တိုင်အောင် တိုက်ပွဲ တွေ ရှိနေဆဲမို့ မအေးချမ်းတဲ့ နယ်မြေ ကို ပြန်
ဖို့ စိုးရိမ်နေတယ် လို့ ဒုက္ခသည် တွေ က ပြောတဲ့ အကြောင်း ယိင်းဟာန်ဖ က ဘီဘီစီ ကို ပြောပါတယ်။

ဝ နဲ့ မြန်မာ စစ်တပ် အခြေအနေ က လည်း တင်းမာဆဲ ရှိနေလို့ ရှမ်းတပ်မတော် SSA/RCSS တာဝန်ခံ
တွေ ကလည်း ဒုက္ခသည် တွေ မပြန်လိုရင် ထိုင်းနိုင်ငံ ဘက်မှာပဲ ခိုလှုံနေဖို့ ဆိုပုံ ကို ယိင်းဟာန်ဖ က ဘီ
ဘီစီ ကို ရှင်းပြ ပါတယ်။

ဘီဘီစီမြန်မာသတင်းဋ္ဌာနမှကူးယူမျှဝေသည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...