ကာလ အတန်ကြာ တည်ငြိမ်နေသည့်
ရခိုင်ပြည်နယ်တွင် ကင်တားနား လာခါနီးဖြစ်သဖြင့် စစ်တွေမှ ဘင်္ဂလီများ
ပြဿနာရှာ ကာ ရဲစခန်း မီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။
ကုလသမဂ္ဂ
အထွေထွေ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး
ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားသည် ယခုလအတွင်း မြန်မာနိုင်ငံသို့
လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေး
အရာရှိ ဦးအေးဝင်းက သြဂုတ်လ ၆ ရက်နေ့က ပြောကြားခဲ့သည်။ ကင်တားနားသည်
ရခိုင်ပြည်နယ်သို့ သြဂုတ်လ ဒုတိယပတ် ဝန်းကျင် တွင် ရောက်ရှိမည် ဖြစ်ပြီး
ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်၊ ဘင်္ဂါလီနှင့် ရခိုင် ဒုက္ခသည် စခန်းများကို
သွားရောက် လေ့လာမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်း
ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။
ကင်တားနားလာမည့် သတင်းထွက်ပြီး
၂ ရက်အကြာ သြဂုတ်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ
ဘင်္ဂါလီရိုဟင်ဂျာ ဒုက္ခသည် စခန်းများ ဖြစ်သော အုန်းတောကြီးနှင့် ဘော ဒူဖ
တို့တွင် ဘင်္ဂါလီများက လုံခြုံရေး တပ်ဖွဲ့ဝင် လုံထိန်း များကို
လူအင်အားသုံးကာ အကြမ်းဖက်ကာ လုံထိန်းစခန်းများကို မီးရှို့ခဲ့သဖြင့်
ပစ်ခတ်ခြောက်လှန့်ခဲ့ရကြောင်း သိရသည်။ အဆိုပါ လုံထိန်း စခန်းသည် ယခင်က နစက
စခန်း ဖြစ်သည်။
ပစ်ခတ်မှုကြောင့်
ဒဏ်ရာရသူများရှိနိုင်သော်လည်း ဘင်္ဂါလီများမှ မပေးသဖြင့် ဒဏ်ရာရရှိမှုကို
အတည်မပြုနိုင်သေးပေ။ ဘင်္ဂါလီများမှ အဆိုပါ အဓိကရုဏ်းနှင့် ပတ်သက်ပြီး
ကင်တားနားကို ငိုပြဖို့ အတွက် စီစဉ်လျှက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်မည့်
နေ့ရက်နှင့် ခရီးစဉ် အသေးစိတ်ကို ကင်တားနား ကိုယ်တိုင် ထုတ်ပြန် ကြေညာမည်
ဖြစ်ကြောင်း သတင်းရရှိသည်။
.
www.MyanmarExpress.net
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...