.သေချာတာကတော့ ငွေကျပ်
သိန်းသုံးထောင်ဝန်းကျင်ဆိုတဲ့
ငွေကြေးက အခြေခံလူတန်စားတွေအတွက်တော့
ထိထိရောက်ရောက် ပြုလုပ်ပေးနိုင်တာတွေက အများကြီးပါ။
အဆင်းရဲဆုံး တိုင်းပြည်ကနေ
ငွေကြေးအကုန်အကျအများဆုံး ပွဲတွေ ကျင်းပနေကြတာကို ငေးကြည့်ရင်း ...
ငွေကျပ်
သိန်း သုံးထောင်နဲ့
မြန်မာပြည်မှာ အထက်တန်းကျောင်း မရှိသေးတဲ့
ကျေးရွာတွေမှာ ကျောင်း ဘယ်နှစ်ကျောင်းလောက် ဆောက်လှူနိုင်မလဲ။
ငွေကျပ်
သိန်းသုံးထောင်နဲ့
မြန်မာပြည်က မိဘမဲ့ ကျောင်းသား ဘယ်နှစ်ဦးအတွက်
ပညာရေး ပဒေသပင် စိုက်ထူပေးနိုင်မလဲ။
ငွေကျပ် သိန်း သုံးထောင်နဲ့
မြန်မာပြည်မှာ
ရေတွင်းရေကန်မရှိသေးတဲ့ ရေချို အခက်အခဲရှိနေတဲ့ ကျေးရွာတွေမှာ ရေတွင်း
ဘယ်နှစ်တွင်းလောက် တူးပေးနိုင်မလဲ။
ငွေကျပ် သိန်းသုံးထောင်နဲ့
မြန်မာပြည်မှာ
ဆေးပေးခန်းမရှိသေးတဲ့ ကျေးရွာတွေမှာ ဆေးခန်းနဲ့ ဆေးဝါး တွေ ဘယ်လောက်
လှူဒါန်းပေးနိုင်မလဲ။
...သေချာတာကတော့ ငွေကျပ်
သိန်းသုံးထောင်ဝန်းကျင်ဆိုတဲ့
ငွေကြေးက အခြေခံလူတန်စားတွေအတွက်တော့
ထိထိရောက်ရောက် ပြုလုပ်ပေးနိုင်တာတွေက အများကြီးပါ။
အထိမ်းအမှတ်တွေ၊
အမှတ်တရတွေကို ပွဲတွေကိုကျင်းပခြင်းထက်ပိုတဲ့ အနှစ်သာရမျိုး နဲ့
ပြည်သူလူထုအတွက် တကယ့်အထိမ်းအမှတ် ပီပီသသနဲ့ အကျိုးရှိရှိ
ဖြစ်စေချင်တယ်...ရှင်။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
From :
..မေသင်္ကြန်ဟိန်

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...