Pages

Tuesday, August 20, 2013

ကုလသမဂ္ဂလူ့အခွင့်ရေးကိုယ်စားလှယ် ကင်တားနားကို မိထ္တီလာမြို့ခံများ အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်ရေးကိုယ်စားလှယ် ကင်တားနား မန္တလေးမြို့မှ နေပြည်တော်သို့အသွားရာလမ်းတွင်
မိတ္တီလာမြို့သို့ဖြတ်သန်းစဉ်၎င်း မြို့သူမြို့သားများက အလိုမရှိကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သြဂုတ် ၁၉ရက် ည ၁၀နာရီခွဲခန့်မှ မတ္တီလာမြို့ကန်ကူတံတားပေါ်တွင် ၈၈ မျိုးဆက်ကျောင်းသားများ ကွန်ယက်အဖွဲ့မှ
ှ ဦးဆောင်ရ၍တီရှပ်အကျီင်္ ၀တ်ဆင်ထားသူ ၅၀ဦး၊ သံဃာ ၅ပါး၊ လူ ၅၀ဦး၊ စုစုပေါင်း ၁၀၅ဦးခန့်မှ
ကင်တားနားအလိုမရှိ၊ ဘင်္ဂါလီသွေးထိုး လှုံ့ဆော်သူ ကင်တားနားထွက်သွားထွက်သွား (BENGALIA INSTIGATOR Quintana Get Out)
မြန်မာနိုင်ငံ လူ့အခွင့်အရေး.အစီရင်ခံစာ မျှတအောင်ဆောက်ရွက်ပေး ၊
ဘက်လိုက်ပြောဆိုရေးသားသူ အလိုမရှိ စသည့် ဆိုင်းဘုတ် ၁၆ခုကို ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြောင်း
သိရသည်။
ပထမက ၁၅၀၀၊ ၂၀၀၀ လောက်ရှိတယ်ဗျ၊ ဒီမှာက ညမထွက်ရအမိန့်က ၁၀ရီအထိဆိုတော့ သူတို့က
၁၀နာရီလောက်အထိရောက်မလာလို့ ပြန်ကုန်ကြတာ။ နောက်ပိုင်း ငါးရာလောက်ပဲကျန်တော့တယ်။
သူဝင်လာ တဲ့ ဖောင်တော်ဦးတံတားထိပ်မှာ ကင်တာနားထွက်သွားဆိုတဲ့ စာသားတွေကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့တယ်။
ကင်တားနားကိုလည်း အိပ်ဖွင့်ပေးစားပေးခဲ့တယ် ဟု ဆန္ဒထုတ်ဖော်ကြွေးကြော်ရာတွင် ပါဝင်သူ မြို့ခံတစ်ဦးမှ ပြောသည်။
အဆိုပါအိပ်ဖွင့်ပေးစားမှာ မြန်မာနိုင်ငံနှင့်ပတ်သက်သည့်လူအခွင့်ရေးတင်ပြချက်များတွင် ဘက်လိုက်မှု များရှိနေခြင်း၊
တင်သွင်းခဲ့သောအချက်လက်များမှားယွင်းနေခြင်းစသည်များကို အသေးစိတ်အချက်လက်များကို ရှင်းလင်းရေးသားထားပြီး
တောင်းဆိုချက်နှစ်ချက်တောင်းဆိုခဲ့သည်။ အဆိုပါနှစ်ချက်မှာ ဘင်္ဂါလီများအားသွေး ထိုးလှုံ့ဆော်အားပေးအားမြှောက်ပြုနေသော
မစ္စတာကင်တားနားအား မြန်မာနိုင်ငံမှ အမြန်ဆုံးထွက်ခွါပေးရန် မြန်မာနိုင်ငံသို့ နောက်နောင်လာရောက်ခြင်းမပြုရန်၊
မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လူအခွင့်ရေးအစီရင်ခံစာ အား အမြန်ဆုံးရုပ်သိမ်းပေးရန်တောင်းဆိုထားကြောင်း အိပ်ဖွင့်ပေးစာတွင်ပါရှိ သည်။
မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်ရေးကိုယ်စားလှယ်
မစ္စတာသောမတ်စ်ဟိုဟေးကင်တားနားဦး ဆောင်သောအဖွဲ့သည် ပဋိပက္ခဖြစ်ပွားခဲ့သော
လာရှိုးမြို့သို့သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် မန္တလေးမြို့သို့လာ ရောက်ကာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အပါဝင်
အစိုးရအဖွဲ့ဝန်များနှင့်တွေ့ဆုံပြီး မစ္စတာကင်တားနားမှ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်
သင့်မြတ်ရေးအတွက်လုပ်ဆောင်နေသည်များကို ၀မ်းမြောက်မိကြောင်း၊ ဒုက္ခသည်များအား
၎င်းတို့မူလနေရာသို့ အခြေတကျပြန်လည်နေထိုင်ရေးအတွက် မျှော်လင့်မိပါကြောင်း
စသည်များကို ဆွေးနွေးပြောကြားပြီး မန္တလေးမြို့မှ နေပြည်တော်သို့သွားရောက်စဉ် မိတ္တီလာသို့ရောက်စဉ် ယခု ကဲ့သို့ ကြွေးကြော်ဆန္ဒထုတ်ဖော်ခံခဲ့ရခြင်းဖြစ်သည်။
ယခုကဲ့သို့ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူများအား လက်တလောအရေးရန်မရှိကြောင်း မိတ္ထီလ္တာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
မစ္စတာကင်တားနားသည် ရခိုင်ပြည်နယ်ဒုက္ခသည်စခန်းများသို့ သွားရောက်စဉ်တွင်လည်း ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းခံခဲ့ရပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဒုက္ခသည်စခန်းများသို့သွားရောက်ခွင့် တောင်းရာတွင်လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လက်ခံခြင်းမရှိကြောင်းသိရသည်။


From : ..popular

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...