Pages

Wednesday, August 21, 2013

အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦး မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံး

 

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးဝမြို့ ၊ အမှတ်(၃) ရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦး မိမိကိုယ်ကိုယ် ဆွဲကြိုးချ၍ သေဆုံး ခဲ့ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ၀န်ထမ်းတစ်ဦး က အတည်ပြု ပြောကြား ခဲ့ကြောင်း သိရသည်။


သေဆုံးသူ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်ခန်စန်းမြင့် သည် အသက် ၅၃ နှစ်ခန့် အရွယ်ရှိပြီး အိမ်ထောင် မရှိသူ တစ်ဦးတည်းနေ အပျိုကြီး တစ်ယောက်လည်း ဖြစ်သည်ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ကလေးဝမြို့ ရဲဌာန၏ မှတ်တမ်းများတွင် အဆိုပါ လူသေဆုံးမှု နှင့် ပတ်သက်၍ သေဆုံးသူ ဆရာမ ဒေါ်ခန်စန်းမြင့် သည် ကလေးဝမြို့ အထက်တန်း ကျောင်း၌ အလယ်တန်းပြ တာဝန် ထမ်းဆောင် နေသူ တစ်ဦးဖြစ်ပြီး ဆေးနားခွင့် ရယူထားသူ တစ်ဦးဖြစ်ကာ စိတ်ကျ ရောဂါ ဝေဒနာရှင် တစ်ဦး ဖြစ်သည်။

" ဆရာမကြီး က သဘောထား ကောင်းပြီး သင်ကြားမှုပိုင်း ဆိုင်ရာ မှာလည်း စိတ်ရှည် သည်းခံနိုင်တာ ကြောင့် တပည့်တွေ အားလုံး နီးပါးက ချစ်ခင် ရိုသေကြ ပါတယ် ... " ဟု အမှတ်(၁) ရပ်ကွက်နေ ရေယာဉ် ပိုင်ရှင် တစ်ဦးက ပြောသည်။ ထိုနေ့က စစ်ဆေးချက် အရ သေဆုံးသူသည် ၄င်း၏ နေအိမ် အပေါ်ထပ်ရှိ ထုပ်တန်း၌ အရှည် ၁၁ ပေခန့်ရှိ ဖြူ နီကျား နိုင်လွန်ကြီး ကို အသုံးပြု၍ ဆွဲကြိုးချ သေဆုံး နေခြင်း ဖြစ်သည်။

အဆိုပါ သေဆုံးမှုတွင် မည်သည့် အတွက်ကြောင့် သေဆုံး ရသည်ကို စစ်ဆေး ဆောင်ရွက် နိုင်ရန် ဒုတိယ ရဲအုပ် ရဲစိုးမိုး က တရားလိုပြု ၍ တိုင်တန်းခဲ့ရာ ကလေးဝ ရဲစခန်းက သေမှုသေခင်း အမှတ် ၃/၂၀၁၃ အရ ရေးဖွင့် လက်ခံ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

 (မောင်ကျောက်ခဲ အဖွဲ့)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...