Pages

Sunday, August 11, 2013

စနိုးဒင် မော်စကိုလေဆိပ်က ထွက်ပြီ

Edward 
Snowden, Anatoly Kucherena
အမေရိကန်နိုင်ငံတော်လုံခြုံ ရေးကောင်စီဝန်ထမ်းဟောင်းဖော် ကောင် (Whistleblower)     စနိုးဒင်သည် သြဂုတ်လ ၇ရက် နေ့က မော်စကိုလေဆိပ်မှ၎င်း၏ အကျိုးဆောင်ရှေ့နေ အနာတို လီကူချာရီနာနှင့်အတူမော်စကိုမြို့ တွင်းသို့ပထမဆုံးအကြိမ်ထွက်ရှိ လာသည်။ ရုရှားလွှတ်တော်အ မတ် ရုစ်လန်ဂါတာရော့ဗ်    (Ruslan Gattarov)  ကစနိုးဒင် အတွက်လိုအပ်သည့်ငွေကြေးအ
ထောက်အပံ့များရှာဖွေရေးစီစဉ် ဆောင်ရွက်သွားမည်ဟုဆိုသည်။ ဆက်ပြီးသူက ရုရှားနိုင်ငံ၏လုံခြုံ ရေးအတွက် စနိုးဒင်၏ကိုယ်ရေး ရာဇ၀င်ကိုစုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး၊ ရုရှားနိုင်ငံ အတွက်အမှုထမ်း လုံခြုံမှုကိုအထောက်အကူပြုစေ မည့်လုပ်ဆောင်ရမည့်နည်းနာအချို့ကို မေးမြန်းသွားမည်ဟုပြောကြား သည်။

ဂါတာရော့ဗ်သည် ရုရှား သမ္မတနိုင်ငံ၏ရုရှားပြည်ထောင်စု ပါတီလွှတ်တော်အမတ်ဖြစ်ပြီး၊ စနိုးဒင်အတွက် ရုရှားသမ္မတနိုင်ငံ တွင်ဘဏ်စာရင်းဖွင့်လှစ်ကာ၊  စနိုးဒင်အထောက်အပံ့မှုအလှူငွေ ကောက်ခံရေး ၀က်ဘ်ဆိုက် တစ် ခုဖွင့်လှစ်ကာ ကမ္ဘာတစ်ဝန်းရှိအ လှူငွေများပေးပို့ထည့်ဝင်နိုင်ကြောင်း နှင့်အဆိုပါဝက်ဘ်ဆိုက်အားဗုဒ္ဒဟူး နေ့ (သြဂုတ်လ ၇ရက်နေ့)မှ စ၍ ဖွင့်လှစ်သွားမည်ဟုဆိုသည်။  စနိုးဒင်ဝက်ဘ်ဆိုက် ဒိုမိန်းအမည် မှာ helpsnowden.ru   ဖြင့်မှတ်ပုံ တင်ထားပြီးအိုင်တီကုမ်္ပဏီများမှ အကူအညီပေးသွားဟုကြားသိရ သည်။ စနိုးဒင်အားသြဂုတ်လ၁ ရက်နေ့စ၍ ရုရှားတွင်ယာယီနေ ထိုင်ခိုလှုံခွင့် ၁နှစ်ပေးလိုက်သည်။
 
From : ..hot news

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...