လန်ဒန်အခြေဆိုက် McDowell+Benedetti အမည်ရ ဗိသုကာအဖွဲ့မှ ကြိုးစား
ဖန်တီးပေးထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဒါကြောင့်
ကမ္ဘာ့ပထမဆုံး တစ်ဖက်သို့ လွဲယိမ်းနိုင်သော တံတား အဖြစ် လူသိ များစေခဲ့
ပါတယ်။ အင်္ဂလန်ကျွန်း မြောက်ပိုင်း Yorkshire မှာ ရှိတဲ့ တံတား ဖြစ်ပါတယ်။
စတီး၊အလူမီနီယံတို့နဲ့ တည်ဆောက်ထားတဲ့ ယင်း တံတားကို အဖွင့်အပိတ် အလွယ်တကူ
လုပ်နိုင်ပြီး သင်္ဘောငယ်တို့ ဖြတ် သန်း ဖို့အတွက် တစ်ဖက်ကို စုစည်းပေးပါတယ်။
ပြီးတော့
တစ်ဖက်ကမ်းကို ပြန်ဆက်ပြီး ပုံမှန်တံတား အတိုင်း ပြန်ဖြစ် စေပါတယ။်
တံတားပေါ်မှာလည်း အပန်းဖြေ အနားယူဖို့အတွက် ဝရံတာဝန်း သဖွယ်
ပြုလုပ်ထားပေးပြီး ကမ္ဘာ့ အလှဆုံး မြစ်ကူး တံတား အဖြစ်လည်း မှတ်ယူကြ ပါတယ်။
Swing လို့ပဲ အည်ပေးထားတဲ့ ယင်း မြစ်ကူး တံတားကို ကမ္ဘာ့ ပထမဆုံး
လွဲယိမ်းနိုင်သော တံတားအဖြစ် အသိအမှတ်ပြုထားကြောင်း သိရပါတယ်။
.
Ref:
wierdknow
International news for myanmar

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...