ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်မြို့နယ်တွင်း လမ်း၊ တံတား၊
ရေပေးဝေရေးနှင့် သာယာလှပရေးအတွက် ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာ ၃ လစာ
အသုံးစရိတ်အဖြစ် ကျပ်သိန်း ၁၇၀၀ ဝန်းကျင်ခန့် သုံးစွဲမည် ဖြစ်ကြောင်း
ပြည်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ စုံစမ်းသိရှိ ရသည်။
ပြည်မြို့ပေါ်နှင့် ကျေးလက်ရှိ လမ်း၊ တံတားများခင်းခြင်း၊ ပြုပြင်ခြင်းများ၊
စက်ရေတွင်း၊
ရေစက်ရုံ၊ ဂါလန်တစ်ထောင်ဆံ့ အုတ်ရေကန်များ ဆောက်လုပ်ရာတွင်
သုံးစွဲလျက်ရှိပြီး လက်ရှိကမ်းနားလမ်း သာယာလှပရေးအတွက် ဧရာဝတီ
မြစ်ကမ်းနားတွင် အများပြည်သူလူထု အနားယူ အပန်းဖြေနိုင်ရန် ကျပ်သိန်း ၂၀၀
ခန့်ကုန်ကျမည် ဖြစ်သော ပေ ၃၀၀ ရှိ စတီးလက်ရန်းတပ်၊ ကျောက်စီနံရံ
ပြုလုပ်နေကြောင်း မြို့နယ်စည်ပင်သာရေးအဖွဲ့ အင်ဂျင်နီယာမှူးက ပြောကြားသည်။
“အခွန်ငွေပေါ်မူတည်ပြီး လုပ်သွားရတာပါ။ အစိုးရက ဘတ်ဂျက်အတွက်
သီးသန့်ချမပေးပါဘူး။ လမ်းကျတော့ အသုံးပြုမှုများတဲ့ လမ်းမျိုးကို
ဦးစားပေးတယ်။ ဥပမာ- ရွာတစ်ရွာနဲ့ ရွာသုံးရွာ သုံးရတဲ့လမ်းဆိုရင်
ရွာသုံးရွာလမ်းကို ရွေးပေးပါတယ်။ ရွာသုံးရွာချင်းတူရင် လူဦးရေများတာကို
ဦးစားပေး လုပ်ပေးပါတယ်” ဟု ၎င်းကဆိုသည်။
ကျေးရွာ၊ မြို့ပေါ်ရှိလမ်း၊
တံတား၊ ရေပေးရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် အုပ်ချုပ်ရေးမှူးများ၊
အထောက်အကူပြု အဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များထံမှ လိုအပ်ချက်များကို
တင်ပြစေပြီး မြို့နယ်စည်ပင်သာယာအဖွဲ့က တိုင်းစည်ပင်သာယာရေး အဖွဲ့ရုံး၊
ထိုမှတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သုံးလတစ်ကြိမ် ခွင့်ပြုချက်ဖြင့်
ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းလင်း ပြောဆိုသည်။
ဧပြီ၊ မေ၊ ဇွန် ၃
လတွင် လမ်း၊တံတား၊ ရေပေးရေးနှင့် သာယာလှပရေးအတွက် ကျပ်သိန်း ၂၀၀၀ ခန့်
သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ
သိရှိရသည်။
From :
..the voice

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...