Pages

Saturday, August 24, 2013

ပုသိမ်ခရိုင်တွင် သုံးရက်အတွင်း ဘင်္ဂါလီ ၃၀၀ ကျော် ဖမ်းမိ

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲနှင့် ဟိုင်းကြီးမြို့နယ်ခွဲတို့တွင် သုံးရက်အတွင်း နိုင်ငံဖြတ်ကျော် ဝင်ရောက်လာသော ဘင်္ဂါလီလူမျိုး ၃၂၇ ဦးကို ဒေသခံများ သတင်းပေးချက်ဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ငရုတ်ကောင်းမြို့နယ်ခွဲ နံ့သာပုကျေးရွာအုပ်စု ဂေါ်ရန်ဂျီကျွန်းနှင့် ကိုက် ၃၀၀ ခန့် အကွာတွင် ပင်လယ်တွင်းမှ ရေကူးကာ ကမ်းခြေသို့ ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး ၅၃ ဦးကို သြဂုတ်လ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများနှင့် ဒေသခံများက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ လိပ်ကျွန်းတွင် ဘင်္ဂါလီလူမျိုး ၂၇၄ ဦး ထပ်မံရောက်ရှိလာသဖြင့် သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းဘင်္ဂါလီများမှာ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ စက်လှေဖြင့် ထွက်ခွာလာခြင်းဖြစ်ကာ စက်လှေဝမ်းကွဲ၍ လိပ်ကျွန်း၌ ဆိုက်ကပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အဆိုပါ ဘင်္ဂါလီလူမျိုး ၃၂၇ ဦး ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများထံ အတည်ပြုနိုင်ရေး မေးမြန်းစုံစမ်းသော်လည်း သတင်းထုတ်ပြန်၍ မရသေးကြောင်းသာ ပြန်ကြားသည်။


From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...