မဲဆောက်မြို့နယ်အတွင်းရှိ ကျောင်းသားဆေးခန်းဟု လူသိများ သော
မယ်တော်ဆေးခန်းဌာန အများ
စုမှာ ရေလွှမ်းနေသဖြင့် အတွင်းလူနာ များကို အနီးအနားရှိ Child Development
Centre များသို့ပြောင်း
ရွှေ့ထား ရကြောင်း သိရသည်။
”ဆေးခန်းဝင်းထဲမှာတော့ နေရာ တိုင်းမှာ ရေတွေချည်းပဲ။ ဒါကြောင့်မို့ ၂၈
ရက်နေ့ကစပြီး အတွင်းလူနာ
၂ဝဝ လောက်ကို CDC ကျောင်းတွေ ဆီ ရွှေ့ ထားရတယ်”ဟု မယ်တော်ဆေးခန်းမှ
မအိသဘော်က
ပြောသည်။
ယနေ့ ဇူလိုင်လ ၃ဝ ရက်နေ့အ ထိ မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ် ပြီး
ဆေးခန်းတွင်း ရေလွှမ်းမိုးမှု
ပိုမို များ ပြားလာမည်ကိုစိုးရိမ်နေရသည်ဟု ၄င်း က ဆိုသည်။
မယ်တော်ဆေးခန်းကို ဒေါက်တာ စင်
သီယာမောင်က ၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြို့အနီးတွင်
စတင် တည်ထောင်ခဲ့
ခြင်း ဖြစ်သည်။
ဇူလိုင် ၂၈ ရက်နေ့မှစ၍ ရက် ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်
သောင်းရင်းမြစ်ရေ မြင့်တက်ကာ
သုံး နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံ မှုဖြစ်ပွားခဲ့ပြီး
မြန်မာနိုင်ငံဘက်ရှိ မြဝ တီမြို့နှင့် ထိုင်းနိုင်ငံ
ဘက်ရှိ မဲဆောက် မြို့နေရာအများစု ရေလွှမ်းမိုးမှုဖြစ်ပွား ခဲ့သည်။
ကျော်ရဲလင်း
Popular Myanmar News Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...