Pages

Sunday, August 11, 2013

မွတ်ဆလင် အကြမ်းဖက်သမားများ ရဲအရာရှိများကိုပစ်မှတ်ထားတိုက်ခိုက်လာ


ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balachistan ဘာလူချီစတန်ပြည်နယ် ကွာတာမြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ(၃၀) သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲမှုဟာ  ရဲအရာရှိတစ်ဦးရဲ့ ဈာပနအခမ်းအနားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဈာပနအခမ်းအနားမှာ လိုက်ပါပို့ဆောင်ခဲ့တဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယ ခေါင်းဆောင်အကြီးအကဲ အပါအ၀င် ရဲအရာရှိ(၂၀)သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ခွဲခဲ့သူဟာ အသုဘအခမ်းအနား မစတင်မီ အချိန်မှာ မိမိကိုယ်ကို အသေခံဗုံးဖေါက်ခွဲခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတွင်းရှိ အကြီးဆုံး အစ္စလာမ်အကြမ်းဖက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒါဟာ ၎င်းတို့ ပါကစ္စတန် အခြေစိုက်တာလီဘန်အဖွဲ့ရဲ့လက်ချက်ဖြစ်ပြီး  ရဲတပ်ဖွဲ့တွေဟာ အမေရိကန် တို့ရဲ့ မဟာမိတ်ဖြစ်တဲ့ အတွက် အခုလို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သတင်းဌာန တစ်ခုကို ပြောကြားခဲ့တယ် လို့ သိရပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Shatif နာဝါဇ် ရှာရစ်ဖ်ကလည်း ၎င်းအနေနဲ့ အစ္စလာမ်စစ်သွေးကြွတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီး နိုင်ငံရဲ့လုံခြုံရေးကို ကာကွယ် စောင့်ရှောက်သွားဖို့ ဆန်္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

From : ..mrtv4

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...