Pages

Thursday, August 15, 2013

ထူးခြား ဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ

ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ
ဗုဒ္ဓအံတော်တစ်ဆူ၏အရွယ်အစားသည် ဆက်လက်ကြီးထွားလျက်ရှိကြောင်း အဆိုပါ
ဘုန်းတော်ကြီးကျောင်းရှိ တာဝန်ရှိသူများက ပြောကြားထားသည်။

ရာနှင့်ချီသောဗုဒ္ဓဘာသာဝင်များသည်အရှည်နှစ်လက်မခန့်ရှိ ဗုဒ္ဓအံတော်အားဖူးမြော်ကြည့်ရှုရန်
စုဝေးရောက်ရှိလာခဲ့ကြောင်းသိရသည်။အဆိုပါရှေးဟောင်းဓာတ်တော်သည် လွန်ခဲ့သော
နှစ်ပေါင်းထောင်ချီခန့်က ပရိနိဗ္ဗာန် ပြုခဲ့သည့် ဗုဒ္ဓ ဘုရား၏ အံတော်ဖြစ်ပြီး အရွယ်အစားမှာ
ပျမ်းမျှအားဖြင့် လူ့သွား တစ်ချောင်း၏ လေးဆခန့် ရှိသည်။၎င်းရှေးဟောင်းဗုဒ္ဓမွေတော်တွင်
ထူးခြားဆန်းကြယ်သောစွမ်းအင်မျိုးရှိသည်ဟုယူဆရပြီးလက်ရှိတွင်၎င်းအံတော်သည်
ဆက်လက်ကြီးထွားလျက်ရှိကြောင်းLuကMountainဘုန်းတော်ကြီးကျောင်းရှိဘုန်းတော်ကြီး
တစ်ပါးဖြစ်သူသောမတ်မိုင်ယာက ပြောကြားထားသည်။

ဖော်ပြပါ ဗုဒ္ဓအံတော်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၅ဝဝ ခန့်ရှိပြီး ၎င်းအံတော်အား
ဆံတော်တစ်ဆူအပါအဝင်အခြားသောဓာတ်တော်မွေတော်များနှင့်အတူ အပူဇော်ခံ ပြသ
ထားသည်ဟုလည်း ဘုန်းတော် ကြီး မိုင်ယာက ပြောကြားထားကြောင်း သိရသည်။


myawady

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...