အဆိုပါ မူးယစ်ဆေးဝါးများကို ငါးဖမ်း စက်လှေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သွားရောက် ယူဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
Sedil Injection Diazepam Bp 10 mg Ampoule စာသားနှင့် ဘင်္ဂလားဒေ့ရှ် စာသား တစ်ဖက်စီ ရေးသားထားသည့် အဆိုပါ ထိုးဆေးများ ပါဝင်သည့် စက္ကူဘူး ၈၂၀ ကို ဘောဒူ ဖကယ်ဆယ်ရေး စခန်းတွင် နေထိုင် သူ အသက် ၃၂ နှစ်အရွယ် အာနူဝါ ဆိုသူ၏ အခန်းတွင် ဖမ်းဆီး ရမိ ခဲ့ကြောင်း၊ စက္ကူဘူး တစ်ဘူးလျှင် ထိုးဆေး ပုလင်း ၁၀ လုံး စီပြီး စုစုပေါင်း ဆေးပုလင်း ၈၂၀၀ (ကျပ် ၁၂၃ သိန်း ဝန်းကျင်) ကို ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
မူးယစ်ဆေးဝါး ဆေးပုလင်းများကို သိမ်းဆည်းထားသူကို စစ်တွေ မြို့မ ရဲတပ်ဖွဲ့ စခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ စစ်တွေမြို့ရှိ ရွှေပြည်တန် အမြန် ရေယာဉ် ဆိပ်ကမ်းတွင် သြဂုတ်လ ၂ ရက်နေ့က ခရီးသည် တစ်ဦးထံမှ WY မူးယစ်ဆေးပြား အလုံး ၄၉,၀၀၀ ကျော် (ကျပ်သိန်း ၁၄၀၀ ကျော်) ဖမ်းဆီးရမိခဲ့ကြောင်း စစ်တွေမြို့ မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။
စစ်တွေမြို့တွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါး ၁၃ ကြိမ်ထက် မနည်း ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။
မြန်မာနိုင်ငံက WY ဆေးပြားများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ဆောင်လေ့ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံသို့ ဒိုင်ယာစီပန် ဆေးများကို သွင်းလေ့ရှိကြောင်း ဒေသ အာဏာပိုင်များနှင့် ဒေသခံများထံမှ သိရှိရသည်...
From : ..the voice

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...