August 6, 2013 at4:41pm
ဒုက္ခပဲ---မေးလ်ရှည်တာနဲ့
သူများတွေ အနှောင့်အယှက်ဖြစ်မှာစိုးပြီး အပိုင်းခွဲလိုက်တာပါ။အပိုင်း ၃
ကိုမျှော်နေတယ်ဆိုတော့ ကြုံတွေ့ခဲ့ရတာလေးတွေ
ကောက်သင်းကောက်ပြီးနိဂုံးချုပ်ပါ့မယ်။ အရေးအခင်းဖြစ်တာက -(၈-၈-၈၈) ကနေ
(၁၈-၉-၈၈) နေ့ထိဆိုတော့ရက်ပေါင်း (၄၂) ရက် တစ်လခွဲလောက်ပေါ့။ ဒီအတွင်းမှာ
တုန်လှုပ်ခြောက်ခြားခဲ့ရတာလည်း တကယ်ပါ။
ကျွန်တော့်ဆီကို
ညီငယ်တစ်ယောက်က မေးလ်တစ်ဆောက်ပို့လိုက်ပါတယ်။ ၈၈သမိုင်းကြောင်းရေးထားတာပါ။
အဲဒီမေးလ်က
မီဒီယာသမားရေးတာမဖြစ်နိုင်ပါဘူး။နိုင်ငံရေးသမားတစ်ယောက်ရေးထားတာ
လို့ကျွန်တော်မြင်ပါတယ်။
မီဒီယာသမားရေးရင် အမြင်ကို အမြင်အတိုင်း အကြားကိုအကြားအတိုင်း လိုတိုး
ပိုလျှော့ မလုပ်ပဲ ပြည်သူသိအောင် ရေးမှမီဒီယာကျင့်ဝတ်နဲ့ညီပါတယ်။
နိုင်ငံရေးသမားဆိုရင်တော့
ဖုံးသင့်တာဖုံးချဲ့သင့်ရင်လဲပုံကြီးချဲ့ကိုယ်လိုသလို
ပြုပြင်တည်းဖြတ်ပြီးမှကိုယ်ဖြစ်စေချင်တာကိုပြည်သူတွေဖြစ်အောင် ရေးသားတာပါ။
အဲဒီမေးလ်ထဲမှာ အဲဒီလိုမျိုး မြှုတ်ကွက်တွေ။ ဖွကွက်တွေ တွေ့ရပါတယ်။
ကျွန်တော့အနေနဲ့ကတော့ မေးလ်ဂရုက ညီငယ် ညီမငယ်တွေကိုကိုယ်သိထားတဲ့အတိုင်း
အမှန်တရားကိုပဲပြောချင်ပါတယ်။ သိစေချင်ပါတယ်.။
၈၈
အရေးခင်းဟာ ကျောင်းသားတွေဦးဆောင်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့်
၁၉၂၀ပထမကျောင်းသားသပိတ်လို တက္ကသိုလ် အက်ဥပဒေကိုမကျေနပ်လို့ မတရားလို့
စနစ်တကျအစီအမံရှိရှိ ရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ့ ဆန္ဒပြခဲ့ကြတဲ့
သပိတ်မျိုးနဲ့နိုင်းယှဉ်ရင်တော့ တန်းမဝင်ဘူးလို့ မြင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့အစမကောင်းခဲ့လို့ပါ။
အဲဒီကာလ
ပညာတတ်ကျောင်းသားအချို့ရဲ့ ရင်ထဲမှာ နိုင်ငံကိုအုပ်ချုပ်နေသူတို့ရဲ့မတရားမှု
အသိဥာဏ်နည်းမှု တွေကို မကြိုက်တဲ့ခံစားချက်
ရင်ထဲမှာရှိနေမယ်လို့တော့ယုံပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်းသား
အများစုကတော့ အဓိပတိလမ်း နဲ့ကံ့ကော်တန်း ။ ဂျက်ဆင်နဲ့ ကွန်မိုဂေးရှင်း
ဦးချစ် ဆိုင်။ ပုဂံလမ်း ။သစ်ပုတ်ပင်။ အင်းယားကန်ဘောင် နဲ့ မြကျွန်းသာ
စတဲံ့ တက္ကသိုလ်ရဲ့ပျော်စရာဘုံတွေကြားမှာ နစ်မြောနေပါတယ်။
ကျွန်တော်တို့ကိုယ်တိုင်
တက္ကသိုလ်ဆိုတာ လူငယ်တွေရဲ့မျှော်လင့်ချက် အိပ်မက်ဘုံပါ။ရသစာပေ
ဝတ္ထုတွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဇြစ်ခဲ့ပါတယ်။
ဒါကြောင့်ကျောင်းသားခေါင်းဆောင် တစ်ချို့ရဲ့ ရင်ထဲမှာ
နိုင်ငံရေးခံစားချက်ရှိတယ်ဆိုတာယုံနိုင်ပေမယ့် ကျောင်းသားအများစုဆိုရင်တော့
မယုံပါဘူး။ စက်မှုတက္ကသိုလ်ကျောင်းသားနဲ့ အရပ်သား ရန်ဖြစ်တော့
ကျောင်းသားနှစ်ယောက်သေတာကို ကျောင်းသားထုက မခံချင်လို့လူစုပြီး ရပ်ကွက်ကို
အဲဒီတရားခံထုတ်ပေးဘို့ ပြောတယ် ။ မရတော့မီးရှိဲု့တယ်။
မီးသတ်ကားအဝင်မခံဘူး။ကျောင်းသားထုနဲ့ဝိုင်းထားတယ်။ ၈၈ အရေးခင်းက အဲဒီကစတာ
အမှန်ပဲ။ဒါပေမယ့်နိုင်ငံရေးသမားတွေက အဲဒါကို မပြောချင်ဘူး။
အဲဒီအချိန်တုန်းက
ရန်ကုန်ရော နိုင်ငံအနှံ့မှာ ဦးနေဝင်းအစိုးရကိုပြုတ်အောင်ဖြုတ်ချင်နေကြတဲ့
မြေပေါ်မြေအောက် နိုင်ငံရေးသမားတွေရှိကြတယ်။ ဒီနေရာမှာအကြောင်းရှိလို့
ကြားဖြတ်ပြီးပြောစရာတစ်ခုရှိတယ်။ န-ဝ-တ လက်ထက် အတွင်းရေးမှုး(၃)ဖြစ်ခဲ့တဲ့
ဗိုလ်ချုပ်ဝင်းမြင့် က ကျွန်တော်တို့ရွာသား။
သူရွာပြန်လာရင်ကျွန်တော်တို့ကလေးတွေကို သကြားလုံးတွေ မုန့်တွေ တစ်ရွာလုံးက
ကလေးတွေကို ဝေပေးတယ်။မုန့်စားရတော့ပျော်ကြတယ် မျှော်ကြတယ်။ သူက
စစ်ဘက်တိုက်ခိုက်ရေးမှာတော်တော်လက်သံပြောင်တယ်။ သူ့တပ်ရှိတဲ့နယ်မြေဆိုရင်
ရန်သူက သူ့တပ်ကိုအတတ်နိုင်ဆုံးရှောင်တယ်။ စစ်တပ်မှာ ဥပဒေရှိတယ် ရန်သူ့ဘက်က
သုံ့ပန်း မိလာရင်မသတ်ရဘူး ။နောက်တန်းစစ်ခုံရုံးကို ပို့ပေးရတယ်။ သူက
ဥပဒေအတိုင်း မသတ်ဘူး ။နောက်တန်းမပို့ခင် အဲဒီရန်သူနဲ့ ရက်အတော်ကြာနေရတော့
သူတို့ကိုမှတ်မိနေတယ်။နောက်တန်းစစ်ခုံရုံးကို ရန်သူကိုပို့ပြီး
လပိုင်းအတွင်းမှာ အဲဒီရန်သူကိုပြန်ပြီးစစ်သုံ့ပန်းအဖြစ်ဖမ်းမိပြန်တယ်။
တော်တော်အံ့သြသွားတယ် ။ဘာဖြစ်လို့လဲစစ်ကြည့်လိုက်တော့ နောက်တန်းက
အရာရှိတွေက ပိုက်ဆံရရင်ရန်သူကိုရွေးလို့ရနေတာကိုး။ ကောင်းရောကွာ--
ငါတို့ကတော့ ရှေ့တန်းမှာ သူသေကိုယ်သေ
အသက်ချင်းလောင်းကြေးထပ်ပြီးတိုက်လိုက်ရတာ။ သူတို့က
နောက်ကနေအေးဆေးပိုက်ဆံယူပြီး ရန်သူကိုတောထဲပြန်လွတ်ပေးတယ်---
--
အဲဒီနေ့က စပြီးဦးဝင်းမြင့်စစ်တပ်က ဘယ်တော့မှ ရန်သူစစ်သုံ့ပန်း
အရှင်မမိတော့ဘူး။ လက်နက်ဘယ်လောက်အသေဘယ်လောက် အဲဒီလိုပဲ သတင်းပို့ရတော့တယ်။
ရန်သူကိုနှစ်ခါမတိုက်တော့ဘူး။ ကလေးဘဝလူကြီးတွေကပြန်ပြောပြလို့သိတာ။
ဘာကိုပြောချင်တာလဲဆိုတော့
ရန်ကုန်မှာနိုင်ငံရေးဒါရိုက်တာ တွေအများကြီးရှိတယ်။ဇာတ်လမ်းမှာ ဝင်ကမယ့်
ဇာတ်ကောင်တွေမရှိသေးလို့ စောင့်နေကြတာ။ ဟော-- ခုတော့ထန်းသီးကြွေခိုက်
ကျီးနင်းခိုက်ဖြစ်ပြီ။ ဦးနေဝင်းလည်း ကမ္ဘာမှာ “သူတောင်းစားနိုင်ငံ“
လက်မှတ်ယူပြီး ပြန်လာခါစ။ ကမ္ဘာ့ဘဏ်က အကြွေးတွေလျှော်ပစ်ဘို့ဆိုရင်
ဒီလက်မှတ်ရှိမှ လက်ခံတယ် ။ အကြွေးမဆပ်နိုင်တော့သိက္ခာသွားရောင်းရသလိုပေါ့။
၈၈
အေ၇းခင်းမတိုင်ခင် ဦးနေဝင်းကိုယ်တိုင် တစ်ပါတီစနစ်နဲ့ ဆက်သွားမလား
။ပါတီစုံဒီမိုကရေစီစနစ် ပြောင်းရင်ကောင်းမလား ဆိုပြီး
စိတ်ဓါတ်တွေယိုင်နေတဲ့အချိန်။အဲဒီစကားက ဦးနေဝင်းကိုယ်တိုင်ပြောတာ
တခြားလူပြောရင်တော့သေပြီ။
သြော်---ဒါနဲ့ ၈၈ မှာထင်ရှားတဲ့
အရေးပါခဲ့တဲ့ ဗိုလ်မှုးသော်ကအကြောင်းလဲ ပြောရအုံးမယ်။ အရိုင်း
ကာတွန်းဆွဲတဲ့ ကာတွန်းသော်က မဟုတ်ဘူးနော်။တိုက်ရေယဉ် ၁၀၃ စာအုပ်ရေးတဲ့
ရေတပ်က ဗိုလ်မှုးသော်က. ။ ဒီလိုဗျ ဗိုလ်မှုးသော်က တိုက်ရေယဉ် ၁၀၃ နဲ့
ကင်းလှည့်နေတုန်း မုန်တိုင်းမိတယ် ။ တိုက်ရေယဉ်ပင်လယ်ထဲနစ်မြုတ်သွားတယ်။
အုပ်စုနှစ်စုခွဲပြီး သက်ကယ်ဘောလှေလေးနဲ့ပင်လယ်ထဲမျောသွားတယ်။ တစ်ဖွဲ့ကတော့
အားလုံးသေသွားတယ်ထင်တယ် သတင်းမရတော့ဘူး။ဗိုလ်မှုးသော်က ပါတဲ့
သက်ကယ်လှေပေါ်မှာတော့ တစ်ချို့သေပြီး လူနည်းနည်းပဲ အစာငတ်ရေငတ်
ငါးစိမ်းတွေစား ဇင်ယော်ငှက်အစိမ်းစား
နောက်ဆုံးသေတဲ့လူရဲ့အလောင်းကိုတောင်စားရတော့မယ့် ကိန်းဆိုက်နေတယ်။
ရေငတ်လို့ကျင်ငယ်ရေကိုလဲစမ်းသောက်ကြည့်ြ
ကတယ်။
ဒါပေမယ့်ဂျပန်ပင်လယ်ကူးသင်္ဘောကမြင်ပြီး ကယ်တင်လိုက်တယ်။ မသေပဲ
အမိမြေပေါ်ချေချမိမှ ထောင်ထဲတန်းသွင်းလိုက်တယ်။ တိုက်ရေယဉ်
ဆုံးရှုံးသွားလို့တဲ့။ အဲဒီလို ဦးဏှောက်ပျက်နေတဲ့ အစိုးရကို
သူဘယ်ကျေနပ်တော့မလဲ။ ဒီတော့ ၈၈ မှာသူဒါရိုက်တာလုပ်ပြီပေါ့။
အရေးခင်းကာလ
တစ်ရက်မှာ ရပ်ကွက်ထဲ မင်းလောင်းပေါ်သလို လူတွေ
အုတ်အော်သောင်းနင်းပြောဆိုနေကြတယ်။ ဘယ်သူထင်လဲ။ ဦးအောင်ဆန်းဦး ---
ဦးအောင်ဆန်းဦး တဲ့ ။ ဗိုလ်ချုပ်အောင်ဆန်းသား ခေါင်းဆောင်မယ်တဲ့။
ဒါရိုက်တာတွေကနိုင်ငံရေးဇာတ်ခုံပေါ် ဝိုင်းပွေ့ပြီးတင်တယ်။ ဦးအောင်ဆန်းဦးက
မလုပ်ဘူး မလုပ်ဘူး ဆိုပြီး ဟိုဘက်ကနေ ခုန်ချသွားတယ်။ဥပမာပြောတာနော်--
။ရပ်ကွက်တိုင်းမှာတကယ်ကို
အုတ်အော်သောင်းနင်းဖြစ်သွားတဲ့ ကိစ္စ ။မီတဲ့လူတိုင်းသိတယ်။
နှစ်ရက်လောက်ကြာမှ မဟုတ်ဘူးတဲ့။ ဦးအောင်ဆန်းဦးမဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်တဲ့။ ဗိုလ်ချုပ်သမီးလေ။
ဒေါ်အောင်ဆန်းစုကြည်
အဲဒီအချိန်မှာ ဒီမိုကရေစီခေါင်းဆောင်ဖြစ်လာတယ်။ ဒါရိုက်တာဦးသော်က နဲ့
ဦးတင်ဦးတို့တင်လိုက်တာပြောကြတယ်။ သေချာတော့မသိဘူ။
အော်သတိရတုန်းပြောရအုံးမယ် အဲဒီကာလက ဦးနေဝင်း ပြည်သူကို
ရေဒီယိုကနေတိုက်ရိုက်မိန့်ခွန်းပြောတဲ့အထဲမှာ “သေနတ်ဆိုတာ
မိုးပေါ်ထောင်ပစ်တဲ့အရာမဟုတ်ဘူး “လို့ ခြိမ်းခြောက်ပြောသွားတယ်ဗျ။ ပြည်သူကို
။ အဲဒါသာကြည့်ဘယ်လောက်ဦးဏှောက်ပျက်စီးနေတယ်
ဆိုတာ။
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံရေးစင်မြင့်ပေါ် တတ်ပြီးရက်ပိုင်းအတွင်းမှာပဲ စစ်တပ်က အာဏာသိမ်းပြီး
မာရှယ်လောဥပဒေထုတ်ပြီး အုပ်ချုပ်လိုက်တယ်။အရေးအခင်းလဲပြီးဆုံးသွားတယ်။
ဗိုလ်ချုပ်မှုးကြီးစောမောင်= ဂျိုကုတ် ဒူးကြီး ကျောပြောင်
တဲ့
နှဖူးပြောင် ဒူးချောင်
ဦးမောင်မောင်
အရူးထောင်ကို ပို့လိုက် ပို့လိုက် တဲ့
ရရင် ရ မရရင်ချ ရရ မရရ ချ တဲ့ အိုး
စုံနေတာပဲ။ ။
ရင်ထဲ အမှန်တိုင်းရှိသလိုပြောမယ်နော်
နောက်မှ လူကိုလာမဆဲကြနဲ့ဟဲဟဲ ကြိုတားထားတာ။ ဒေါ်အောင်ဆန်းစုကြည်
ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရတာတော့တော်တော် တန်တယ်ဗျ။ သူဘာမှ
သိပ်မပင်ပန်းလိုက်ရဘူး။သူနိုင်ငံရေးစင်ပေါ်ရောက်တယ် ခဏကြာတော့
စစ်တပ်ကအာဏာသိမ်းတယ်။ မာရှယ်လောထုတ်တယ် အဲဒီကျမှ တကယ်ပစ်တယ်။
အရေးခင်းပြီးသွားတယ်။ ကမ္ဘာကအံ့သြတုန်လှုပ်သွားစေတဲ့ လူအချင်းချင်း
ခေါင်းဖြတ်သတ်တာတွေ မရှိတော့ဘူး။ဒေါ်အောင်ဆန်းစုကြည် အဲဒီနှစ်မှာ ပူးတွဲ
ငြိမ်းချမ်းရေးနိုဘယ်ဆုရတယ်။ ဒါပဲ။
စကားကတော့
အစီအစဉ်ကျမှာမဟုတ်ဘူး။ ဟိုရောက်ဒီရောက်နဲ့ဖြစ်နေမှာပဲ။ ၈၈ဆန္ဒပြကောင်းနေတဲ့
အချိန်မှာ သမဂ္ဂတွေ မှိုလိုပေါက် ပေါ်လာတယ်။ အဲဒီအထဲကနာမည်ကြီးတဲကသမဂ္ဂက တော့
အိမ်ရှင်မများ သမဂ္ဂပါပဲ။ အိမ်ရှင်မ အမျိုးသမီးတွေစုပြီးသမဂ္ဂထူထောင်ပြီးတော့
အုပ်စုလိုက်လူစုပြီး ဆန္ဒပြစစ်ကြောင်းထွက်တယ်။ အိုးတွေ.ယောင်းမတွေ .ပုဂံ
ခွက်ယောက်တွေကို ကိုင်ပြီးတော့ ရီဘို့လည်းကောင်း
ပျော်ဘို့လည်းကောင်းတယ်ဗျ။နောက်ထပ် ထူးဆန်းတဲ့သမဂ္ဂနှစ်ခုကတော့
``သူတောင်းစား သမဂ္ဂ `` နဲ့ ``အခြောက်များ သမဂ္ဂ ``ပါပဲ။ တစ်ကယ်ပြောတာ
လုပ်ကြံပြောတာတစ်ခု မှမပါဘူး။ ၈၈မတိုင်ခင်က ရန်ကုန်မှာ သူတောင်းစား
အရမ်းပေါတယ်။ ညဘက် ပန်းဆိုးတန်းဆိုတာ ညငှက်မိန်းမသားတို့ရဲ့ ဌာနချုပ်ပဲ။
ကျွန်တော်တို့က
နေ့တိုင်းတော့ ဆန္ဒပြမထွက်နိုင်ဘူး။ တစ်နေကုန်လမ်းလျှောက်ရတာဆိုတော့
ပင်ပန်းတယ်။ နေ့တိုင်း မထွက်နိုင်ဘူး။ တစ်ရက်ခြားတော့မပျက်ကွက်ဘူး။
ပျော်ဘို့ကောင်းတယ်။ စားဘို့မပူရဘူး။ နေရာတိုင်းမှာအလှုရှင်အပြည့်ရှိတယ်။
ကိုယ့်အုပ်စုနဲ့ကိုယ် ကိုယ့်စစ်ကြောင်းနဲ့ကိုယ်ဆိုပါေ
တာ့။
တစ်အုပ်စုမှာလူဦးရေကနည်းတာမဟုတ်ဘူး။ ဘာအန္တရယ်မှ မရှိပါဘူး။
စစ်တပ်ကလည်းသူ့သတ်မှတ်ဝင်းထဲမှာပဲနေတယ်။ တစ်ရက် အခြောက်များသမဂ္ဂ
စစ်ကြောင်းနဲ့တွေ့တယ်။အခြောက်တစ်ယောက်က တိုင်ပေးတယ်-----
``ဒီမိုကရေစီ ရရှိရေး ------`` အများစုက
သံပြိုင်လိုက်ဆိုတယ်
``ဒို့ အရေး ပါလို့ဆို------``
``ဒို့
အရေး ပါလို့ဆို------`` ကနွဲ့ကလျ နဲ့ ။ ဘေးကစစ်ကြောင်းတွေက အားလုံး
တဟားဟားနဲ့ ရီကြတယ်။ သူတောင်းစား သမဂ္ဂစစ်ကြောင်းနဲ့လည်းဆုံဘူးတယ်။
ခွက်ကလေးတွေ ကိုယ်စီကိုင်လို့ပေါ့။ ဟီးး ဟီးးးး ။ စစ်တပ်ကလည်း
စစ်ဝတ်စုံတွေနဲ့ ဆန္ဒပြပါဝင်လာတယ်။ယူနီဖောင်းစုတ်စုတ်နွမ်းနွမ်းေ
လးတွေနဲ့။
အားလုံးကအဲဒီစစ်ကြောင်းတွေနဲ့ တွေ့ရင် သောင်းသောင်းဖြဖြ ကြိုဆိုကြ ။
လက်ဆွဲနှုတ်ဆက်ကြ။လက်နက်တော့မပါဘူး။ စစ်သားအဆင့်တွေပဲဖြစ်မယ်။
အဲဒါတွေအားလုံးက အိုးကပ်စားခွက်ကပ်စား အားလုံးမို့ လက်ခံကြိုဆိုပါတယ်။
ဒါပေမယ့် ယူနီဖောင်းအဖြူ ဦးထုတ်တွေစမတ်ကျကျ နဲ့ လမ်းပေါ်ထွက်ပြီး
ဆန္ဒပြလာတဲ့အကောက်ခွန်ဦးစီးဌာနကိုတော့ ကျွန်တော်နားမလည်ဘူး။
အဲဒီခေတ်ကတကယ့်အဆီအနှစ်စားနေရတဲ့ မလိုင်စား လူတန်းစားတွေလေ။
နိုင်ငံရေးသမားတွေက
စစ်အစိုးရကိုစိတ်နာအောင်
စစ်အစိုးရကိုပြည်သူတွေကမုန်းတီးစပ်ဆုတ်ရွံရှာလာအောင် ရည်ရွယ်ချက်နဲ့
အချို့ဖြစ်ရပ်တွေကိုတော့တကယ့်ဖြစ်ရပ်ထက် ပုံကြီးချဲ့ပြီး
လုပ်ကြံသတင်းလွှင့်တာမျိုးတွေ အများကြီးတွေ့လာရတယ်။ပြည်သူတွေကလည်း
လွယ်လွယ်ဒေါသထွက် လွယ်လွယ်လက်သီးလက်မောင်းတန်းလွယ်လွယ်မိုင်ရူးရဲဆန်စွာ
တုန့်ပြန်တိုက်ခိုက်ကြ တဲ့ အခါ သေကုန်ကြတဲ့သူတွေလည်း ရှိတယ်။
အဲဒီဖြစ်ရပ်တွေမှာ စစ်တပ်ကိုပိုမုန်းအောင်ဝါဒဖြန့်ကြပြန်
တယ်။
ကိုယ်ဖြစ်ချင်တာဖြစ်အောင်ရည်ရွယ်ချက်နဲ့ ပြည်သူတွေကိုစိတ်ဆိုးအောင်
မဟုတ်တန်းတရား မြှောက်ပေးတာ သွေးထိုးတာ ဝါဒဖြန့်တတ်တဲ့
နိုင်ငံရေးသမားတွေဆိုရင် သိပ်မုန်းတယ်။ တကယ်သေတော့ပြည်သူက သေတာ။
မြှောက်ပေးတဲ့ သွေးထိုးတဲ့သူတွေက ကွယ်ရာက။ ဒါကြောင့်ကျွန်တော်
နိုင်ငံရေးသမားမဖြစ်ချင်ဘူး။ ဖြစ်ချင်တာက မီဒီယာသမား ။
မီဒီယာသမားကပြည်သူလူထုရဲ့ မျက်လုံး။ ပြည်သူလူထုရဲ့ နား ။
ပြည်သူလူထုကိုအမှန်တွေပဲသိအောင်ပြောမယ့် ပါးစပ်။ မီဒီယာကျင့်ဝတ်မှာ
သတင်းကို မပြုပြင်ရဘူး။မသုံးသပ်ရဘူး ။ အရှိကိုအရှိအတိုင်းတင်ပြယုံပဲ။
ကြားတာ မြင်တာကို ကြားတဲ့မြင်တဲ့အတိုင်း
ပြည်သူကိုအမှန်တင်ပြရင်
မီဒီယာသမား
ကြားတာ မြင်တာကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင်ြ
ပုပြင်ပြီး ပြည်သူကိုစည်းရုံးရင် နိုင်ငံရေးသမား .
ကျွန်တော်ကတော့အဲဒီလို ယုံထားတယ်။
စစ်တပ်ကအာဏာသိမ်းလိုက်လို့
၈၈ အရေးအခင်းအပြီးမှာ စစ်တပ်က ခေါင်းဆောင်တွေကိုညဘက်လိုက်ဖမ်းနေတယ်လို့
သတင်းပြန့်လာတယ်။ ဒါကြောင့် ကျောင်းသားတွေရောခေါင်းဆောင်ခဲ့သူတွေရော
တောခိုရှောင်ထွက်ကုန်ကြတယ်။ မိုးသီးဇွန်
ဟာအဲဒီကတည်းကနာမည်ကြီးကျောင်းသားခေါင်းဆောင်ပါ။ ခွပ်ဒေါင်းရဲ့
စရိုက်နဲ့ညီတာကိုမိုးသီးဇွန်။ ဒေါက်တာအောင်နိုင် ။ ကိုထွန်းအောင်ကျော်။
ကိုမျိုးဝင်း ------စတဲ့ အေဘီ အက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်ပါ။
ကိုမင်းကိုနိုင် တို့ ကိုကိုကြီးတို့က ခွပ်ဒေါင်းစရိုက်မရှိဘူး။ သူတို့က
မတရားတာကို မကြောက်ပဲပြောမယ်။ ဒါပေမယ့်ဖမ်းမလား ရိုက်မလား သတ်မလား ---
ပြန်မတုန့်ပြန်ဘူး ငြိမ်းချမ်းစွာပဲဆန္ဒပြမယ်။ဂန္ဒီကြီးနဲ့ နေရူး လိုပေါ့။
မတူဘူး။ ရည်ရွယ်ချက်တူတယ်။ တုန့်ပြန်ပုံမတူဘူ။ခွပ်ဒေါင်းဆိုတာ
ရန်မလိုတတ်ဘူးလို့တော့ပြောတာပဲ။ ခက်တာက
ဒေါင်းတွေရဲ့သဘာဝကိုကျွန်တော်ကမသိဘူး။ ဒါကြောင့်မညင်းချင်ပါဘူး။ ကျွန်တော်က
အညာသားဆိုတော့တိုက်ကြက်အကြောင်းတော့ ကောင်းကောင်းသိတယ်။ တိုက်ကြက်တွေက
ကိုယ့်အုပ်စုထဲကအချင်းချင်းဆိုရင် ဘယ်တော့မှ မခွပ်ဘူး။ အဲ -- အခြားအိမ်
အခြားအုပ်စုကတိုက်ကြက်ဆိုရင်တော့ ခွပ်သလားမမေးနဲ့ ။ အသေကိုခွပ်တာ။
မြန်မာဆိုရိုးစကားရှိပါတယ်။ဘာတဲ့ `` အိမ်ကြက်
အချင်းချင်းအိုးမဲသုတ်ခွပ်ခိုင်
းတယ် ``
ဆိုတာလေ။ ကြက်တွေရဲ့သဘာဝကိုသိထားတဲ့ လူတွေဟာ
အိမ်ကြက်တစ်အုပ်စုထဲကအချင်းချင်းခွပ်စေချင်တဲ့အခါ နှစ်ကောင်လုံးကို
အိုးမဲသုတ်လိုက်တယ်။ ဒီတော့မမှတ်မိတော့ပဲ သဲကြီးမဲကြီး အသေခွပ်ပါလေရော။
လူတွေက အဲလိုယုတ်မာတာ။
အင်း ခွပ်ဒေါင်းတွေလဲ ဘယ်သူက
အိုးမဲသုတ်လိုက်လဲ မသိဘူး။ အင်တာနက်ပေါ်ဖတ်ရတဲ့
``မြောက်ပိုင်းအရိုးတွန်သံ``ဟာ ဖတ်လိုက်တာနဲ့ ခေါင်းတွေတောင်ကိုက်တယ်။
တကယ်ရက်စက်ကြတဲ့ ၈၈ ရဲ့အရိပ်တွေပဲ။ ဒါ့ကြောင့် ကျွန်တော်ပြောတာ
ခွပ်ဒေါင်းကိုကြောက်ပါတယ် လို့။ ။
ကဲတောင်ရောက်မြောက်ရောက်
စကားတွေပြောလာတာ ဘယ်တွေရောက်ကုန်ပြီလဲ။ ကျွန်တော် ညီငယ်ညီမငယ်တွေကို
တစ်ခုပဲ ဖြစ်စေချင်တယ်။ အွန်လိုင်းမှာဖြစ်ဖြစ် ဂျာနယ်မှာဖြစ်ဖြစ်စိတ်နာစရာ
ဒေါသထွက်စရာ ရင်နာစရာ သတင်းတွေကို ကြားရ ဖတ်ရရင်အလွယ်တကူ
အမြန်မတုန့်ပြန်ကြပါနဲ့။ မှားတတ်လွန်းလို့ပါ။
လူတိုင်းကိုယ့်လိုရိုးသားတယ်လို့ မတွေးကြနဲ့။ တစ်ချို့က ရည်ရွယ်ချင်ရှိရှိ
ကြုံးသွင်းတတ်တယ်။ဒါကြောင့် စိတ်ဆိုးတော့မယ်ဆိုရင် စဉ်းစားပါ
နောက်တစ်ကြိမ်စဉ်းစားပါ နောက်ဆုံးတစ်ခေါက်စဉ်းစားပါဦး လို့ ။
ပြီးမှသေချာပြီဆိုရင်ကိုယ်ကြိုက်သလို တုန့်ပြန်ပါ။ လောကဓံကို
ခံနိုင်ရည်ရှိမှအီးကျူ မြင့်မှာပေါ့။ မမှားစေချင်တဲ့စေတနာနဲ့ပါ။
အားလုံးရွှင်လန်းချမ်းမြေ့ပါစေ
သဘောထားမတိုက်ဆိုင်သူများကို
အားလုံးပဲတောင်းပန်ပါတယ်။
ကိုစိုးနိုင်
From :
.. ဦးစစ်မင်း
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...