ပြည့်တန်ဆာမိန်းကလေးတစ်ဦးအားပျော်ပါးရန် ခေါ်ယူခဲ့ရာ ၎င်းမိန်းကလေးနှင့်အတူ
အမည်မသိ
အသက်(၂၀)ကျော်ခန့်ရှိအမျိုးသား(၂)ဦးလည်းအတူလိုက်ပါခဲ့ကာ အငှားယာဉ်ဖြင့်
တည်းခိုခန်း
အားလိုက်လံရှာဖွေခဲ့ပါသည်။
ထိုသို့တည်းခိုခန်းအား လိုက်လံရှာဖွေခဲ့ရာမှ လှိုင်သာယာမြို့နယ်၊ စက်မှုဇုံသို့အရောက် ဦး---နှင့် မိန်းကလေးသည် ယာဉ်ပေါ်မှဆင်းကာလမ်းဘေး၌ အပေါ့သွားနေစဉ် အတူလိုက်ပါလာသည့် အမျိုးသား(၂)ဦးမှ ဦး---- အား ဆောင့်တွန်း၍ လွယ်ထားသည့်အနက်ရောက်ဘေးလွယ်
အိတ်အား လုယူထွက်ပြေးသွားခဲ့ပါသည်။
အိတ်အတွင်း၌ ငွေကျပ်(၂)သိန်းကျော်ခန့်၊ လက်ကိုင်ဖုန်း(၁)လုံး၊ ယာဉ်မောင်းလိုင်စင်(၁)ခု၊ ဘဏ်ငွေ ထုတ်ကဒ်(၁)ခုတို့ ပါဆုံးသွားခဲ့ပြီးဆောင့်တွန်းခံရ၍ ဦး--- တွင် ၀ဲနားထင်၊ဒူးနှစ်ဖက် တို့တွင်ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့သဖြင့် ၁၈.၈.၂၀၁၃ ရက်နေ့တွင် သောင်ကြီးနယ်မြေရဲစခန်းသို့ လာရောက်တိုင် တန်းခဲ့ သဖြင့်(ပ)၄၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၁၁၄ ဖြင့်အရေးယူစုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုမှတရားခံများ ဖမ်းဆီးရမိရေးအတွက် သောင်ကြီးနယ်မြေရဲစခန်းမှူးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်နေသူများဖြစ်သည့် ကျော်နိုင်(ခ) ကုလားလေး ၊ကျော်မင်းသန့်(ခ)ရဲမင်းသူ နှင့် မသင်းသင်းအေး(ခ)တောသူမတို့ (၃)ဦးမှပူးပေါင်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများသိမ်းဆည်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

FROM-YANGON POLICE
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...