Pages

Thursday, August 22, 2013

အီဂျစ် မွတ်ဆလင်ညီနောင်များ ခေါင်းဆောင် အဖမ်းခံရ

Photo: အီဂျစ် မွတ်ဆ ပြောကြားခဲ့ဖူးသည်။
အီဂျစ်တွင် လက်ရှိ နိုင်ငံရေးပြဿနာများ ဖြစ်လျက်ရှိရာ အဓိက အင်အားစု တစ်ရပ်ဖြစ်သော မွတ်ဆလင် ညီနောင်များ အဖွဲ့ကြီး၏ စံပြု ခေါင်းဆောင် မိုဟာမက်ဘာဒီကို မြို့တော် ကိုင်ရိုတွင် ဖမ်းဆီးထားလိုက်ပြီ ဖြစ်ကြောင်း ကြားဖြတ် အစိုးရ၏ အရာရှိများက အတည်ပြု ပြောကြားကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။



အဆိုပါ မွတ်ဆလင် ခေါင်းဆောင်ကို နာဆာမြို့တော်ရှိ လူနေတိုက်ခန်း တစ်ခုတွင် ထိန်းသိမ်းထား ကြောင်း သတင်းဖော်ပြချက်များက ဆိုသည်။

အရေးပေါ် အခြေအနေ ကြေညာထားသော အီဂျစ်နိုင်ငံတွင် အစ္စလာမ္မစ် ဆန္ဒပြသူများကို ဖြိုခွင်းရင်း စုစုပေါင်း လူ ကိုးရာ နီးပါး ယခုရက်ပိုင်း အတွင်း သေဆုံးထားခဲ့ပြီး ဖြစ်သည်။

စီနိုင်းတွင် အစ္စလာမ္မစ် စစ်သွေးကြွများက ရဲ ၂၅ ဦးကို သတ်ဖြတ် ခဲ့သောကြောင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်လည်း အီဂျစ်တွင် ပြုလုပ်လျက် ရှိပေသည်။

သေဆုံးသူ ကိုးရာခန့်တွင် ရဲနှင့် စစ်သား ၁၀၀ ကျော်လည်း ပါဝင်ကြောင်း၊ ကျန် သေဆုံးသူများမှာ မွတ်ဆလင် ညီနောင်များ အစည်းအရုံးဝင်များ ဖြစ်ပြီး မိုဟာမက်မော်စီကို ပြန်လွှတ်ပေးပြီး အာဏာပြန်လွှဲရေး ဆန္ဒပြပွဲများကို စစ်တပ်က နှိမ်နင်းခဲ့ရာမှ ယင်းသို့ လူသေမှုများ ဖြစ်ခဲ့ရခြင်း ဖြစ်ပေ သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ထောင်ထဲတွင် ထိန်းသိမ်းထားသော မွတ်ဆလင် ဆန္ဒပြသူများက ကိုင်ရိုတွင် ထောင်ဖောက်ရန် ဆူခဲ့ကြရာမှ ရဲက ပစ်ခတ် နှိမ်နင်းခဲ့ရာ လူ ၃၆ ဦး သေဆုံးခဲ့ရ သေးသည်။

မစ္စတာ ဘာဒီသည် ယခင်က စစ်တပ်က ကျောထောက် နောက်ခံ ပြု ထားသော ကြားဖြတ်အစိုးရ တက်လာစဉ် ရှောင်နေခဲ့ရပြီး အစိုးရက မွတ်ဆလင် ညီနောင်များ၏ ဆန္ဒပြပွဲများကို နှိမ်နင်းနေခဲ့ခြင်း ဖြစ်သည်။

ကိုင်ရိုရှိ မွတ်ဆလင် ညီနောင်များ ရုံးချုပ်ရှေ့တွင် ညီနောင်များ အဖွဲ့ကို ဆန့်ကျင် ဆန္ဒပြသည့် လူအုပ်မှ ရှစ်ဦး အသတ်ခံရမှုအတွက် ၎င်းကို အကြမ်းဖက်မှု လူသတ်မှုများဖြင့် ဖမ်းဆီး စစ်ဆေးခြင်း ဖြစ်သည်။

၎င်းအဖမ်းခံရသည့် သတင်း ထွက်ပေါ်လာပြီးနောက် သူ့ပုံများကို အီဂျစ် ပြည်တွင်း ရုပ်သံလိုင်း တစ်ခုတွင် ပြသခဲ့ပြီး ကြားဖြတ် အစိုးရသည် မွတ်ဆလင် ညီနောင်များ အင်အားစုကို အင်အား ချည့်နဲ့ အောင် လုပ်ဆောင်နေခြင်း ဖြစ်နိုင်ပြီး ညှိနှိုင်းရေး စားပွဲပေါ် ရောက်လာအောင် ပြု လုပ်နေခြင်း ဖြစ်ဖွယ် ရှိသည်ဟု BBC မှ ယူဆက်ဖ်တာဟာက သုံးသပ်သွား သည်။

မကြာသေးခင် ရက်ပိုင်း အတွင်းကလည်း ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ဘီဘလာဝီက မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်းကို ဖျက်သိမ်းဖို့ အရေး လေ့လာ စစ်ဆေးနေကြောင်း ပြောကြားခဲ့ဖူးသည်။
 
 
From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...