ရန်ကုန် ၊ ၇-၈-၂၀၁၃ ကမ္ဘာ့ရှားပါး စာရင်းဝင်
ဧရာဝတီ လင်းပိုင်များသည် ယခင်နှစ်များ အတိုင်း အကောင်ရေ လျော့ကျမှုများ
ရှိနေကြောင်း ပတ်ဝန်းကျင် မျိုးသုန်း ရေနေ သတ္တ၀ါများ ထိန်းသိမ်းရေး ဌာနမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

" ဒေသခံတွေက ဘက်ထရီ
ရှော့ခ်တိုက်ပြီး ဖမ်းတယ်လို့ သိရတယ် ၊ ငါးကြီးတွေနဲ့ လင်းပိုင် မှားပြီး
ဖမ်းတာတွေလည်း ရှိတယ်လို့ ပြောတယ် ၊ သေချာတဲ့ လေ့လာမှုတွေ လုပ်နေပါတယ် ၊
အရင်နှစ် တွေထက် လေ့လာမှု တွေ စိပ်နေဖို့ လိုလာပြီ ... " ဟု ၄င်းက ပြောကြား
ခဲ့သည်။

အဆိုပါ ထိန်းသိမ်းမှု
များကို ၂၀၀၅ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့ပြီး စစ်ကိုင်း ၊ မန္တလေး ၊
မင်းကွန်း နှင့် ကျောက်မြောင်း အကြား ၇၄ မီတာ အကွာအဝေး ရှိ မြစ်ကြောင်း
တစ်လျှောက် ထိန်းသိမ်းလျက် ရှိနေကြောင်း အဆိုပါ လျော့ကျမှုတွင် အသေးစိတ်
သိရှိနိုင်ရန် မြစ်ခွဲများ အတွင်းပါ ၀င်ရောက် စစ်ဆေး လေ့လာမည် ဖြစ်ပြီး
ဒေသခံများ အနေဖြင့်လည်း ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း သိရသည်။
ဧရာဝတီ လင်းပိုင်
များသည် မြန်မာ ၊ ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ လာအို အစရှိသည့် မဲခေါင်
မြစ်ဝှမ်း ဒေသအတွင်း ရှင်သန် နေကြသည့် ရှားပါးရေနေ သတ္တ၀ါ ဖြစ်ပြီး
ယခုမျိုးသုန်း အန္တရာယ် နှင့် ရင်ဆိုင် နေရကြောင်း သိရှိရသည်။
MWD
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...