Pages

Thursday, August 15, 2013

အွန်လိုင်းပေါ်မှ ပျံ့ခဲ့တဲ့ GTC အခွေမှ စုံတွဲလက်ထပ်လိုက်ကြသော်လည်း NLD အမတ်ဦးကျော်သီဟမှာ ယခုထိ လက်မထပ်သေး

လူမှုကွန်ယက်ဝက်ဆိုဒ်များနှင့် အွန်လိုင်းပေါ်တွင် ပျံ့နှံ့လျက်ရှိသော GTC အခွေမှ စုံတွဲဖြစ်တဲ့
မောင်ဖြိုးပိုင်စိုးနဲ့ မပိုးသီရိခိုင်တို့ သည် ယခုအခါ နှစ်ဖက်သောမိဘများရှေ့မှောက်၌ လက်ထပ်လိုက်ကြပြီဖြစ်ပါသည်။လူငယ်ပီပီ အမှားမကင်းနိုင်တာ သဘာဝပါပဲ။ လိင်ကိစ္စနဲ့ ပတ်သက်ပြီး မှားခဲ့ကြတဲ့လူတွေလောကမှာ အများကြီးရှိပါတယ်။ သန်လျင် GTC အခွေထဲကစုံတွဲလိုအချစ်နဲ့မကင်းနိုင် တဲ့သူများအွန်လိုင်းပေါ်ကို အခွေရောက်မလာပေမယ့် ကွယ်ရာမှ ချစ်ဇာတ်လမ်းခင်းနေကြတာတွေရှိမှာပါပဲ။

ကိုယ်လည်း ဒီစိတ်နဲ့ မကင်းနိုင်တာလူသိမခံရဲပေမယ့် ယုတ်မာပြီး နှမခြင်းမစာနာတဲ့သူတွေကြောင့်
အွန်လိုင်းပေါ်ကို ရောက်လာရတဲ့ သနားစဖွယ်စုံတွဲတွေအပေါ်တော့ ပစ်ပစ်ကာကာ ပြောနေကြတာတွေ
တပုံကြီး ရှိပါတယ်။ ယခုလို လူငယ်ပီပီ အချစ်နွံက ရုန်းမထွက်နိုင်ပေမယ့် ကိုယ်လုပ်တဲ့အပြစ်အပေါ် ကိုယ်တာဝန်ယူရဲတဲ့ GTC စုံတွဲအပေါ် ချီးကျူးပါတယ်။ အငယ်အနှောင်းထားတာလည်းမဟုတ်တဲ့အတွက်
ရှက်စရာမဟုတ်ပါဘူး။ အနာဂတ်မှာ ထူးချွန်အောင်ကြိုးစားပြီး တိုင်းပြည်အတွက်တန်ဖိုးရှိတဲ့ လူတော်တွေဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်။


 GTC စုံတွဲထဲက ကျောင်းသားအနေနဲ့ ကိုယ်လုပ်တဲ့အပေါ် ကိုယ်တာဝန်ယူပြီး လက်ထပ်ခဲ့ပေမယ့်
မကြာသေးခင်က အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ NLD အမတ် ဦးကျော်သီဟမှ လိမ်ညာပြီး ကာမရယူခဲ့တဲ့ မိန်းကလေးကို ယခုထိလက်မထပ်သေးပါဘူး။ ကိုယ်ဝန်ရှိလျက်နဲ့ ပစ်ထားခဲ့ပြီး ကလေးမွေးလာတော့  မယားစရိတ်လေးသိန်းထုတ်ပေးခဲ့ပါတယ်။   ပြင်ဦးလွင်ကို   ဒေါ်အောင်ဆန်းစုကြည်ရောက်လာစဉ် က NLD အမတ် ဦးကျော်သီဟရဲ့ လိမ်လည်ကာမရယူခဲ့မှုကို သွားရောက်တိုင်ကြားခဲ့တဲ့ မခိုင်ဝတ်ရည်သန္တာမောင်က တော့ NLD ပါတီဝင်တွေရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရပါတယ်။



ဒါ့အပြင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နဲ့  NLD အမတ် အိမ်ထောင်သည် ဒေါ်စန္ဒာမင်းတို့ရဲ့ ပုဂံမြို့ Bagan Hotel , River View အခန်းအမှတ် ၂၁၁ မှာ ၈-၂-၁၂ ရက်နေ့မှ ၁၀-၂-၁၂ ရက်နေ့အထိ တစ်ခန်းတည်းအ တူတည်းခိုနေထိုင်ခဲ့ကြပြီး ဖောက်ပြန်ခဲ့ကြတဲ့ သတင်းဟာလည်း အွန်လိုင်းပေါ် မှာ တော်တော်ပျံ့နှံ့ခဲ့ပါတယ်။ 

ဒီလိုအွန်လိုင်းပေါ်ရောက်လာတဲ့ ဇာတ်လမ်းတွေထဲမှာမှ GTC စုံတွဲလို နှစ်ဘက်မိဘတွေရှေ့မှာ
မိမိတို့မှားခဲ့တဲ့အမှားအတွက် တာဝန်သိသိနဲ့ လက်ထပ်ခဲ့ကြတာဟာ အခြားလိမ်လည်ပြီး ကာမကိုသာ
ရယူမှု၊ အိမ်ထောင်ရှိလျက်နဲ့ ဖောက်ပြန်မှုတွေထက်စာရင် အင်မတန်ချီးကျူးစရာပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ GTC စုံတွဲ အိုအောင်မင်းအောင်ပေါင်းရပါစေ။

From: နိုင်ငံသစ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...