Pages

Monday, August 26, 2013

မုံရွာမြို့တွင်Handset အရောင်းဆိုင် တချို့ Handset ဝယ်ယူသူတိုင်းကို Memory Card လက်ဆောင်ပေး

မုံရွာမြို့တွင်Handset အရောင်းဆိုင် တချို့ Handset 
ဝယ်ယူသူတိုင်းကို Memory Card လက်ဆောင်ပေး
မြန်မာနိုင်ငံတွင်း လူတန်းစား အားလုံး တစ်ပြေးညီ လက်ကိုင်ဖုန်းများ လွတ်လပ်စွာ အသုံးပြု လာနိုင်သည့် ကာလတွင် မုံရွာမြို့ပေါ်ရှိ ဖုန်းအရောင်းဆိုင်တချို့မှာ ဖုန်းတစ်လုံး ဝယ်ယူသူတိုင်း ကို  မေတ္တာ လက်ဆောင် အဖြစ် Memory Card များ တုံ့ပြန်ပေး လျက် ရှိကြောင်း LG –Lank ကွန်ပျူတာနှင့် ဖုန်းပစ္စည်း အရောင်းစင်တာ ပိုင်ရှင် ဒေါ်နိုင်နိုင်မော် က  ပြောပြခဲ့ သည်။
''လူတန်းစား အသီးသီး ဖုန်းသုံးစွဲ လာနိုင်တဲ့ အခါမှာ ဖုန်းသုံးစွဲသူတိုင်း ပြီးပြည့်စုံစွာ စိတ်ချမ်းသာစေချင်တဲ့ အတွက် အခုလို 2 GB Memory Card တစ်ခုကို လက်ဆောင်အဖြစ် ပြန်လည် တုံ့ပြန် ပေးရတာ ဖြစ်ပါ တယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မုံရွာမြို့ပေါ်တွင် ဖုန်းအရောင်း စင်တာဆိုင်ကြီးများ အများအပြား ရှိရာ တစ်ဆိုင်နှင့် တစ်ဆိုင် ရောင်းချ သည့် နည်းစနစ် တူညီမှု မရှိသော် လည်း နေ့စဉ် ဖုန်းအရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။  လက်ကိုင်ဖုန်း သုံးစွဲသူ အများစုသည် လူငယ်များ ဖြစ်ပြီး ဂိမ်းဆော့ ကစားနိုင်သည့် ဖုန်းများကို အထူး နှစ်သက်စွာ ဝယ်ယူလေ့ ရှိကြောင်း ဖုန်းအရောင်း စာရေးမတစ်ဦးထံက သိရသည်။

မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...