အထူး ပြုလုပ်ထားသော iPhone ကိရိယာတစ်မျိုးသည် နှလုံးခုန်မြန်ခြင်းပြဿနာကို
တိုင်းတာရာတွင် အကူအညီပေးပြီး လေဖြတ်ခြင်း ဝေဒနာကိုလည်း
ကြိုတင်ကာကွယ်နိုင်ကြောင်း သုတေသီများ၏ ပြောကြားချက်အရ သိရသည်။
Alive Car Heart Monitor အမည်ရှိ နှလုံး စောင့်ကြည့်ရေး အဆိုပါ (iECG)
စက်အမျိုး အစားသည် iPhone နှင့် တွဲဖက်အသုံးပြုနိုင်ပြီး ဈေးနှုန်းချိုသာ၍
အသုံးပြုရာတွင် ထိရောက်မှုရှိကြောင်း၊ သွေးခုန်နှုန်း မမှန်သည့်
ဝေဒနာသည်များအတွက် သွေးခုန်နှုန်းကို တိကျစွာ ဖော်ပြ ပေးနိုင်ကြောင်း
ဆစ်ဒနီတက္ကသိုလ်မှ သုတေသီများကဆိုသည်။
၎င်း iPhone စက်ကိရိယာကို သြစတြေးလျ နိုင်ငံသား သိပ္ပံ ပညာရှင် တစ်ဦးနှင့်
အမေရိကန် နှလုံး အထူးကု ပါရဂူ တစ်ဦးတို့က ပူးပေါင်း တီထွင်ခဲ့ခြင်း
ဖြစ်ပြီး ကွင်းစလန်း ပြည်နယ်တွင် သြဂုတ် ၉ ရက်က ပြုလုပ်သော သြစတြေးလျနှင့်
နယူးဇီလန် နှလုံးကုသရေး အဖွဲ့အစည်း၏ အစည်းအဝေးတွင် ထုတ်ဖော်ပြသခဲ့သည်။
ဆစ်ဒနီ တက္ကသိုလ်မှ ပါမောက္ခ ဘန်ဖရီမန်းနှင့် ၎င်း၏ အဖွဲ့သည် အဆိုပါ ကိရိယာဖြင့်
ဆစ်ဒနီမြို့ရှိ ဆေးကု သရေးဌာန ၁၀ ခုတွင် အသက် ၆၅ နှစ်နှင့်အထက်
သက်ကြီးရွယ်အိုများအား စစ်ဆေး ကြည့်ခဲ့ကြသည်။
သွေးခုန်နှုန်း မမှန်ခြင်းသည် နှလုံးခုန် မြန်ခြင်း၏ အဓိက
အချက်ဖြစ်ပြီးလေဖြတ်ခြင်းကို ဖြစ်စေနိုင်သည့် အခြေခံအချက်
သုံးပုံပုံတစ်ပုံဖြစ်ကြောင်း ဘန်ဖရီမန်းကဆိုသည်။
သွေးခုန်နှုန်းမမှန်ခြင်းသည် လေဖြတ်ခြင်း
ကို ငါးဆပိုမိုမြင့်တက် စေနိုင်ပြီး အသက်အန္တရာယ်ကိုပါ
ခြိမ်းခြောက်နိုင်ဖွယ်ရှိကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...