ဘော်ဒါအိမ်မှာ Battle ဆိုင်ချင်သူများအတွက် ကမ္ဘာ့ အပါးဆုံး ဂိမ်း Laptop
ဆိုပြီး MSI မှ အသစ်မိတ်ဆက်လာပါတယ်။
MSI GS70 လို့ အမည်ရပါတယ်။ Core i7 Intel Processor ကို အသုံးပြု ထားပါတယ်။
၁ လက်မ အထူသာရှိလို့ ကမ္ဘာ့အပါးဆုံးလို့ ဆိုလိုခြင်း ဖြစ် ပါတယ်။ ၁၇.၃ လက်မ
အရွယ် Full HD anti-reflective display ကို အသုံးပြုထားပြီး resolution က
1920 x 1080 ရှိပါတယ်။
Nvidia GeForce GTX 765M graphics ကို အသုံးပြုပြီး ကီးဘုတ်က SteelSeries
full-colour backlit အမျိုးအစား ဖြစ်ပါတယ်။ memory ကလည်း 16GB DDR3
ဖြစ်ပါတယ်။ Webcam က 720p HD အရည် အသွေး ပေးပါတယ်။ အသံထွက် ကောင်းမွန်ပြီး
USB 3.0 port များ ပါဝင်ကြောင်း ဆိုပါတယ်။
ကိုယ်ထည်ကို အလူမီနီယံနဲ့သ ပြုလုပ်ထားတဲ့အတွက် အလေးချိန်လည်း
သိပ်မစားပါဘူး။ ၅.၇ ပေါင်ပဲ ရှိပါတယ်။ MSI GS70 ကို ကာလတန်ဖိုး အားဖြင့်
အမေရိကန်ဒေါ်လာ ၁၈၀၀ ဝန်းကျင်နဲ့ ဖြန့်ချိရောင်း ချမှာ ဖြစ်ကြောင်း
သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)
TechSpace Journal

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...