Pages

Monday, August 26, 2013

NLD လားရာ

NLD ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ အလွန် သူမအနိုင်ရရှိပါက သမ္မတလုပ်ချင်ကြောင်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမ သမ္မတလုပ်ချင်ကြောင်း တရားဝင်ဖွင့်ဟပြောဆိုလာခြင်းဟာ သူမပြောသလို ရိုးရိုးသားသား ပွင့်ပွင့် လင်းလင်းရှိလို့ ပြောဆိုလိုက်တာ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့်ဆိုရယင် လက်ရှိအစိုးရ ပြည်ခိုင်ဖြိုးပါတီ တပ်မတော်ကို စိန်ခေါ်လိုက်ခြင်းပဲဖြစ်တယ်လို့ ယူဆရပါတယ်။ သူမအနေနဲ့ ၂၀၁၅ အလွန်မှာ သမ္မတ ဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်ချက်တွေခိုင်မာနေလို့ သတ္တိရှိရှိစိန်ခေါ်လိုက်တယ်လို့ ယူဆရပါတယ်။ သူမ အနေနဲ့ သမ္မတဖြစ်နိုင်လောက်တဲ့ အရည်အချင်းတွေရှိပါတယ်။ သူမကို ထောက်ခံမဲ့ပြည်သူတွေလဲ ရှိတယ်။ သမ္မတဖြစ်စေနိုင်မဲ့ လူသိမခံလိုတဲ့အစီအမံတွေကိုလည်း ချမှတ်ပြင်ဆင်ထားပြီးဖြစ်နေတဲ့အတွက် ယခုလို ထုတ်ဖော်ပြောဆိုရခြင်း ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း တစ်ခါခံခဲ့ရဖူးတော့ ယခုရွေးကောက်ပွဲမှာတော့ သေချာပြင်ဆင်ထားမှာ ကတော့ အသေအချာပါပဲ။ ၂၀၁၅ ရွေးကောက်ပွဲအလွန် အနိုင်ရခဲ့လို့ သမ္မတ မဖြစ်ခဲ့သော် မုန်ယိုနေသော ဆင်တစ်ကောင်လို ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်ဆောင်ရွက်သွားမဲ့ပုံပါပဲ။ တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည် ဆိုသလိုပဲ ယခုတစ်ကြိမ်မှာတော့ ငြိမ်ခံနေမှာမဟုတ်တော့ဘူးဆိုတာ အသေအချာပါပဲ။ သူမ အနေနဲ့တော့ သေချာတဲ့ အစီအမံတွေတော့ ဆောင်ရွက်ထားပြီး ဖြစ်ပါလိမ့်မယ်။ NLD ပါတီအနေနဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ စဖွဲ့စည်းစဉ်ကတည်းက NLD မှာ စစ်ဗိုလ်လူထွက်တွေနဲ့ ဖွဲ့စည်းထားတာပါ။ အခုလည်း ဒေါ်စုကြည်အနေနဲ့ စစ်ဗိုလ်လူထွက်တွေကိုပဲ ၀ှက်ဖဲအဖြစ် စည်းရုံးထားဦးမှာပဲလို့ မျှော်လင့်ရ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးနဲ့ စီမံရေးအတွေ့အကြုံမှာ စစ်ဗိုလ်လူထွက်တွေကပဲ ဆောင်ရွက်နိုင်လို့ ဖြစ်ပါတယ်။ စစ်ဗိုလ်လူထွက်တွေရဲ့ အားကိုယူပြီး တိုင်းပြည်ရဲ့ အမာခံဖြစ်တဲ့ တပ်မတော်ကို ဖြိုခွဲဖျက်ဆီးဖို့ ကြံဆောင်လာမှာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကိုရောက်အောင် လုပ်လာနိုင်ရင်တော့ ဒေါ်စုကြည်အနေနဲ့ သမ္မတလုပ်ဖို့၊ အပေးအယူလုပ်ဖို့ လွယ်မယ်ထင်ထားခဲ့လို့ပဲ ဖြစ်နိုင်ပါတယ်။ သမ္မတ မဖြစ်လာခဲ့သည်ရှိသော် မြန်မာပြည်သူ ပြည်သားများ၏ အကျိုးစီးပွားကိုမကြည့်ဘဲ သူမ သမ္မတမဖြစ်သည့် နာကျည်းချက်များဖြင့် မြန်မာပြည် အလုံးစုံပျက်စီးရေးကို ဦးတည်ဆောင်ရွက် လာနိုင်ကြောင်း NLD ၏ လားရာအား သုံးသပ် ရေးသားလိုက်ရပါတယ်။

From : .. http://myanmarheadline.blogspot.com/2013/08/nld_26.html

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...