ပါတီအတွက် ရရှိသည့် နံပါတ် ၂၅၆၀၀ ဖြင့်စသော GSM ဆင်းကတ် သုံးကတ်အား ပါတီ အဖွဲ့ဝင်များ ကို ချထားပေးခြင်း မရှိဘဲ တစ်ကတ်လျှင် ကျပ်တစ်သိန်းဖြင့် ရောင်းချခဲ့ခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ထံလည်း တိုင်ကြားထားကြောင်း သြဂုတ်လ ၂ ရက်နေ့တွင် နံပါတ် ၃၃၄၂ ဖြင့်စသော CDMA ဆင်းကတ် နှစ်ကတ်ကို ကျပ် ခြောက်သောင်းဖြင့် ထပ်မံ ရောင်းချခဲ့ခြင်းကြောင့် တိုင်းဒေသကြီး ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံသို့ တိုင်ကြားရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ ဆင်းကတ် ရောင်းချမှုအတွက် အလုပ် အမှုဆောင် အစည်းအဝေး ခေါ်ယူကာ စုံစမ်း စစ်ဆေးရေး ကော်မတီ ဖွဲ့၍ ဖြေရှင်း မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသောင်းက ပြောကြားသည်။
From : ...http://myanmarheadline.blogspot.com/2013/08/nld.html

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...