Pages

Thursday, August 1, 2013

ရေပူ၊ရေအေးထည့်ရုံနဲ့ ဖုန်းအားသွင်းနိုင်မယ့် onEPuck

 Epiphany onEPuck လို့ နာမည်ပြည့်ပြည့်စုံစုံ ခေါ်ပါတယ်။ အပူဓာတ်၊ အအေးဓာတ် နှစ်မျိုးလုံးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လို့ မိုဘိုင်းဖုန်းများ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။


ဒီလိုသွင်းလို့ရအောင် အတွင်းမှာပါဝင်တဲ့ ပစ္စည်းက အခြားမဟုတ်ပါဘူး။ အင်ဂျင်သေးသေး တစ်လုံးဖြစ် ပါတယ်။ နည်းပညာကလည်း အခုမှပေါ်တာ မဟုတ်ပါဘူး။ ၁၈၁၆ ကျော်တွေကတည်းက ရှိနေတဲ့ ရေနွေး ငွေ့ အင်ဂျင် Concept ကိုပဲ အသုံးပြုသွားတာ ဖြစ်ပါတယ်။ ဒီတော့ အပူလွန်၊ အအေးလွန်စွမ်းကို အသုံးချလို့ အင်ဂျင်ငယ်လေးက လည်ပတ်မယ်။ တစ်ဖက်က မော်တာ တပ်ထား မယ်ဆိုရင် လျှပ်စစ်ဓာတ်အား ထုတ်ဖို့ဆိုတာ လွယ်ကူတဲ့ အခြေအနေတစ်ခု ဖြစ်သွားပါတယ်။ တကူးတကတောင် လုပ်နေစရာ မလိုပါဘူး။ မနက်စာ စားချိန် ကော်ဖီသောက်၊ရေနွေးသောက်ရင်း နဲ့တောင် အားသွင်းလို့ရမှာ ဖြစ်ပါတယ်။ ခွက်ရဲ့ အောက်ခြေကနေ ဖြစ်ပါတယ်။


USB ပေါက်ပါဝင်ပြိး ဘယ်ဖုန်း အမျိုးအစားနဲ့ မဆို အသုံးပြုလို့ရမယ့် ခွက်နဲ့ Charger ဖြစ်ပါတယ်။ စမ်းသပ် တီထွင်မှုမှာ အောင်မြင်ပြီး မကြာမီထုတ်လုပ် ဖြန့်ချိတော့မယ့် ပစ္စည်းဖြစ်ကြောင်း သိရပါတယ်။

YoYarLay

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...