Pages
▼
Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ပါးစပ်ကို လိင်ဆက်ဆံရာမှာ
အသုံးပြုတဲ့အကြောင်းလေး ရေးပါမယ်။ မေးသူလဲရှိ၊ ရေးဘို့လဲလိုတယ် ထင်လို့ပါ။
(အိုရယ်လ်-ဆက်က်စ်) လို့ ခေါ်တာပေါ့။ အကြောင်းအရာ တခုခုကို ရေးတဲ့အခါ
အဓိပ္ပါယ်
ဖွင့်တာမျိုးနဲ့ စလေ့ရှိတယ်။ အခေါ်အဝေါ် အမျိုးမျိုးကိုလဲ ဗဟုသုတ
ပွါးပေးတတ်ကြတယ်။
ဒီဟာမှာတော့ ထည့်မရေးလိုပါဘူး။ ခေတ်စားတဲ့ ဘန်းစကာတွေပါ ထည့်ရေးရင် အတော်
ရိုင်းပြီး၊ ပညာပေးနဲ့ မတူတဲ့အပြင် လမ်းလွဲပို့ရာလဲ ကျနိုင်ပါသေးတယ်။
လိင်ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုတာက သိပ်မဆန်းတော့ပါ။ ဒါပေမဲ့ ဒီလိုနည်း
လုပ်ပါ-မလုပ်ပါနဲ့လို့ ပြောဘို့က ဆရာဝန်တွေ အလုပ် မဟုတ်ပါ။ သတိထားစရာတွေ
မလုပ်မိရင်တော့ ရနိုင်တဲ့ ရောဂါတွေ ရှိပါတယ်။ အများသိကြတဲ့ STD လို့ခေါ်တဲ့
လိင်ကတဆင့်ရတဲ့ ကူးစက်ရောဂါတွေပါ။ ဒီရောဂါတွေ အကြောင်း အကြမ်းဖျင်းလောက်ဘဲ
ဒီနေရာမှာ ရေးပါမယ်။ STD ဆိုတာ လိင်ဆက်ဆံရင်းနဲ့ ရောဂါပိုးရှိနေသူဆီက
သူ့အဖေါ်ကို
ကူးစက်စေတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ အကောင် အမျိုးမျိုးက နေရာ အမျိုးမျိုးမှာ
ဖြစ်တယ်။ နေရာဆိုတာ ထိစပ်မှုရှိတဲ့နေရာတွေပါ။ ကျား-မ လိင်အင်္ဂါတွေ ဆိုတာတော့
မပြောစရာ မလို့ဘူးပေါ့။ သမားရိုးကျ မဟုတ်တဲ့ နေရာတွေကတော့ စအို နဲ့ ပါးစပ်။
ဒီနေရာတွေကိုလဲ အသုံးချလို့ ဖြစ်ရတာပါ။ အမှတ် (၁)ကို စအိုအကြောင်းနဲ့
စခဲ့ပါတယ်။
အခု ပါးစပ်နည်း ရေးပါတယ်။ “အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ” ပညာပေးကို ရေးရတာက
လက်ကို
တုပ်ထားသလို၊ စဉ်းစားမှုကိုလဲ ချုပ်ထားသလို ရှိရပါတယ်။ ခြေတဖက်ကို
ဘရိတ်ပေါ်မှာ
တင်ပြီး၊ ကားမောင်းရသလိုပါဘဲ။ (ဆဲလ်ဖ်-ဆင်ဆာ) ကိုလဲ အထပ်ထပ် လုပ်ပါမှ။
ကျွန်တော်တို့
ခပ်ရွယ်ရွယ် ခေတ်တုံးက ဗမာစာနဲ့ရေးတဲ့ ဒီလိုင်းပညာပေးဆိုတာက အတော်
ရှားပါတယ်။
ဆရာပီမိုးနင်း ရေးတာ တစ်တစ်ခွခွ ရှိလွန်းလှတယ် ထင်တယ်။ အခုစာရေးတဲ့လူကိုလဲ
မိတ်ဆွေတွေက “ဒီနံပါတ်ကတော့ နဲနဲများသွားသလား မသိဘူး” လို့ ထောက်ပြရသေးတာ။
ကျေးဇူးတင်တယ်ဗျာ။ ဒီလိုရေးသားရတာကို မျိုးပွါးကျန်းမာရေးလို့ ခေါ်ကြသလို
ဖို-မဆက်ဆံရေး ပညာပေးလို့လဲ ခေါ်သေးတယ်။ တိတိပပ ပြောရရင် တခုမှ
မပြည့်စုံဘူး။
မျိုးမပွါးဘို့လဲ ပါသလို၊ ဖိုနဲ့မ မဟုတ်တာလဲ ပါသေးတာကိုး။ အင်္ဂလိပ်လိုကြ Sex
ဆိုတာနဲ့ လုံလောက်တယ်။ ဒီစာလုံးကို ခုနောက်ပိုင်းမှာ တမင်းစားရေသောက်
သုံးလာကြတယ်။
တိုက်ရိုက် ဘာသာပြန်ရင်တော့ “လိင်” ပေါ့။ ဗမာလိုကြတော့ ဒီစာလုံးကို
သုံးဘို့
မကောင်းလှသေးဘူး။ ၁၉၉၈ ကတည်းက စဉ်တိုက် ဆက်တိုက် အခန်းပေါင်း ၉၄ ခုအထိ
ပြသခဲ့တဲ့
Sex and the City ဆိုတာက အတော် နာမယ်ကြီးပါတယ်။ HBO ကနေပြတာပါ။
ဒီဇာတ်လမ်းတွဲမှာ
STDs လိင်ကတဆင့် ကူးစက်ရောဂါ၊ Safe sex စိတ်ချရတဲ့ လိင်ဆက်ဆံရေးနဲ့
Promiscuity
အမျိုးမျိုး အထွေထွေသော နည်းတွေ ဆိုတာတွေပါတယ်။ ကနေ့ကမ္ဘာမှာ ဆူပါနေရာ
ရောက်နေတဲ့
အမေရိကဆိုတဲ့ တိုင်းပြည်၊ ရှေ့မှာပြေးနေတဲ့ နယူးယောက်ဆိုတဲ့ မြို့တော်၊
သူ့ရဲ့
ထိပ်တန်းရပ်ကွက် (မင်ဟတ်တန်) က ရေပေါ်ဆီအလွှာခေါ်မဲ့ Big-city professional
women
တွေရဲ့ လူမှုဘဝထဲက လိင်မှုဘဝတွေကို ကွက်ကွက် ကွင်းကွင်း ဖေါ်ပြထားတာပါ။
ကျွန်တော့်တို့ဘဝကတော့ သိတဲ့အတိုင်းပါဘဲ။ ဒါ့ကြောင့် နေရာတကာမှာ
သွားတူချင်လို့
မရပါ။ ရောဂါပိုးတွေက သွေးတို့၊ (လင့်ဖ်) တို့အပြင် ကိုယ်ခန္ဓာကိုယ်
အရည်တွေထဲမှာလဲ
နေကြတယ်။ ဆက်ဆံတဲ့အခါ နှစ်ယောက်လုံးကနေ အရည်ဆိုတာမျိုး ထွက်ပါတယ်။
သွားရည်ထဲမှာ
ဒုက္ခမပေးတဲ့ ပိုးတွေ ရှိနေတယ်။ သာမန်အရေပြား ဆိုတာက ကောင်းနေရင်
ရောဂါရစေတဲ့ပိုးတွေ အလွယ်တကူ ဝင်မလာနိုင်ဘူး။ အနာအဆာရှိရင်တော့
ဝင်လာနိုင်တယ်။
သတိထားဘို့က ကောင်းနေတဲ့ လိင်အင်္ဂါကိုဖုံးထားတဲ့ ပါးလွှာလွှာအရေပြားဟာ
ဆက်ဆံရင်းနဲ့
သေးငယ်လှတဲ့ ဒဏ်ရာလေးတွေ ရတတ်တယ်။ မျက်စိနဲ့ မမြင်နိုင်အောင် ငယ်လွန်းတယ်။
ဒါပေမဲ့
မှန်ဘီလူးနဲ့ ကောင်းကောင်းနဲ့ကြည့်မှ မြင်ရလောက်အောင် သေးတဲ့
ရောဂါပိုးတွေအတွက်တော့ အဲဒီဒဏ်ရာလေးတွေက (ဆူပါဟိုင်းဝေး)
လမ်းကျယ်ကြီးတွေလို
ဖြစ်နေတာမို့ အထဲဝင်လာနိုင်တယ်။ သီအိုရီတော့ ရှိတာပေါ့၊ ဒါပေမဲ့
လက်တွေ့ပြောရရင်
လိင်ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုနည်းက STD ရောဂါဝင်တာ အတော် နည်းပါတယ်။
ရောဂါပိုး နာမယ်တွေကို သိအောင် ရေးရရင် Chlamydia, Syphilis, Gonorrhea နဲ့
Herpes
တွေပါ။ HIV ကတော့ အနာအဆာရှိနေမှ ဝင်မှာပါ။ ဒါတောင် သုတေသနအရ ပြောရင်
Inconclusive
“ဟုတ်တယ်လို့ အတိအကျ ပြောမရသေးဘူး” တဲ့။ အကြံပေးတာတခုက
ဒီပါးစပ်အသုံးပြုနည်းကို
သုံးချင်ရင် အကာအကွယ် လုပ်ဘို့ဖြစ်တယ်။ ကိုယ့်ပါးစပ်နဲ့ အဖေါ်ရဲ့အင်္ဂါကို
တိုက်ရိုက်
မထိတွေ့စေအောင် အဖုံးသုံးခိုင်းတာပါ။ (ကွန်ဒွမ်)လိုဟာ ဖြစ်ပါတယ်။ Barrier
Methods
ခေါ်ပါတယ်။ Saran or Cling Wrap လို့ခေါ်တဲ့ ပလပ်စတစ်ကိုလဲ သုံးနိုင်တယ်။
ချောစေတဲ့ဆေး မပါတဲ့ Non-Lubricated Condom ဖြစ်ဖြစ် Flavored Lubricated
Condoms
အနံ့ပါတာဖြစ်ဖြစ် Kiss of Mint Condoms အမွှေးအကြိုင်ပါတာဖြစ်ဖြစ်
သုံးနိုင်တယ်။
ပြည့်စုံအောင် ထည့်ရေးရရင် Gay တွေအတွက် Dental Dams တွေကို
အသုံးခိုင်းတယ်။ တလောက
မေးတာတခုရှိတယ်။ “သုတ်ရည်ပါးစပ်ထဲ ဝင်မိသွားရင် ကိုယ်ဝန်ရနိုင်သလား” တဲ့။
မရပါခင်ဗျား။ လက်ခံသူမှာ HIV နဲ့ B ပိုး ရှိနေပြီး၊ လုပ်ပေးသူရဲ့ ပါးစပ်မှာ
အနာအဆာရှိရင်၊ ဝင်လာနိုင်ပါတယ်။ ပါးစပ်သုံးနည်းကို ကိုယ်ဝန် မရှိအောင်
ဆက်ဆံနည်းအဖြစ် သုံးနိုင်သလို အင်္ဂါနှစ်ခု တကယ်ထိတွေ့မှု မလုပ်ခင် Foreplay
before
intercourse အဖြစ်လဲ သုံးလို့ ရပါတယ်။ လစဉ်ရာသီဆင်းချိန်မျိုးမှာလဲ
Alternative
ရသေ့စိတ်ဖြေနည်း အဖြစ်သုံးနိုင်သေးတယ်။ ကောင်းတာလေးတွေ ရွေးရေးရရင်
ပါးစပ်ကို
ဖုံးထားတဲ့အလွှာ Mucus membrane က ပိုပြီး ခိုင်မာလို့ တော်တော့ ပိုး
ဝင်မလာနိုင်ဘူး။ ကြိုက်လွန်းလို့ ရှေ့နေလိုက်သူများကဆိုရင်
တံတွေးထဲမှာရှိတဲ့
Enzymes အင်ဇိုင်းမ် ဓါတ်ဟာ ဗိုင်းရပ်စ်ကို အာနိသင်ပျက်ပြယ်အောင်
Neutralize
လုပ်နိုင်တယ်တဲ့။ သေခြာတာကတော့ အင်္ဂါချင်းထိစပ်တာနဲ့ စာရင်တော့ ရောဂါဝင်တာ
နည်းပါတယ်။ နည်းတယ်ဆိုတာ မဖြစ်တာကို ဆိုချင်တာတော့ မဟုတ်ပါ။ ဆန့်ကျင်သူတွေ
အယူခံဝင်တာကတော့ ပါးစပ်နည်း Oral sex ဟာ Oral cancer ပါးစပ်ကင်ဆာ
ဖြစ်ချင်ဖြစ်မယ်တဲ့။ New England Journal of Medicine ရဲ့သုတေသနတခုက
ဆိုတာကတော့
တသက်တာမှာ ပါးစပ်နည်းသုံးတဲ့အဖါ် ၅ ယောက် အထိထားသူများဟာ Throat cancer
လည်ချောင်းကင်ဆာ ဖြစ်ဘို့ ၂ ဆလောက်ရှိတယ်တဲ့။ ဆေးပညာပေး အချုပ်ရေးရရင် - ၁။
အခြေခံကျတဲ့ တကိုယ်ရေသန့်ရှင်းရေးလုပ်ဘို့ လိုတယ်။ ရေမိုးချိုး၊ သွားတိုက်၊
ပါးစပ်ဆေး သန့်ရှင်းရေး လုပ်ပါ။ ၂။ အင်္ဂါနေရာမှာ ပေါက်တဲ့ အမွှေးအမျှင်ထဲမှာ
ပိုးရော၊ ချွေးရော၊ အညစ်အကြေးရော အောင်းနေနိုင်တယ်။ တချို့မှာ သန်းတွေ
ရှိတယ်။
ယေက်ျားတွေမှာ ဂျွတ်ပေါက်တယ်။ ဒါတွေက တကိုယ်ရေ သန့်ရှင်းရေး လိုလို့ပါ။ ၃။
ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အင်္ဂါတဝှိုက်မှာ ကြွက်နို့ရှိနေရင် ဒါဟာ
လိင်ကတဆင့်ကူးစက်ရောဂါ STD ဖြစ်ဘို့ များတယ်။ ၄။ ပေါင်ခြံ Groin မှာ Lymph
nodes
တက်စေ့တွေ ရောင်နေရင်လဲ STD ဖြစ်ဘို့ များတယ်။ ၅။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ်
အဖြူ-အရည်ဆင်းနေရင်၊ ယားရင်လဲ STD ဖြစ်ဘို့ များတယ်။ ၆။ ရေးပြီးသားတွေ
ဖတ်နိုင်ပါတယ်။ ၇။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဆီးအောင့်ရင် အရင် ဆေးကုပါ။ ဂ။
ပါးစပ်မှာ အနာ-အဆာ-အကွဲ-အရှ ရှိနေရင် ရှောင်ပါ။ ၉။ တယောက်နဲ့ တယောက်
အတွင်းသိ
အစင်းသိဆိုရင် ပိုသင့်လျော်ပါတယ်။ ၁ဝ။ အဲလိုမဟုတ်ရင် (ကွန်ဒွမ်) Condom
သုံးပါ။
(ကွန်ဒွမ်) သုံးတာဟာ တိုက်ရိုက်ထိတွေ့မှု မဟုတ်လို့ သာယာမှု နည်းတယ်ဆိုတာ
စိတ်ပါ။
အရွယ်ရှိသူများမှာ ဟော်မုန်းတွေ ရှိနေလို့ လိင်ဆက်ဆံချင်စိတ်
အမြဲကိန်းအောင်းနေပါတယ်။ “စိတ်ကစားမှု” ကနေ ဆန္ဒ ဖြစ်ပေါ်လာတယ်။ “အထိအတွေ့”
ရှိလာရင်
ဆက်ပြီး စခန်းသွားချင်လာတယ်။ အထိအတွေ့မှာ သာယာတာဟာ စိတ်ကြောင့်ပါ။
ဆန့်ကျင်ဘက်
လိင်နှစ်ဦး လက်ချင်း ထိမိတာတောင် လိင်စိတ် နိုးထတတ်တယ်။ တချို့က
မျက်စိချင်း
ဆုံတာနဲ့ မေတ္တာ သက်ဝင်တယ် လို့ ပြောကြတယ် မဟုတ်လား။ စိတ်ပါဘဲ။
လူနာတယောက်ကို
ထိကိုင်၊ စမ်းသပ်တဲ့အခါ အဲလိုစိတ် မဝင်အောင် ထားတတ်တာက ခိုင်မာတဲ့စိတ်၊
ဘာသာရေး
ကိုင်းရှိုင်းသူများမှာ အဲလိုစိတ်ကို ထိန်းနိုင်တာတို့ဟာ
သန့်ရှင်းတဲ့စိတ်ပါ။
လိင်တူကို စိတ်ဝင်စားတာကလဲ ဆန်းပြားတဲ့စိတ်။ ဆေးပညာအရ စိတ်အမျိုးမျိုး
ဖြစ်ပေါ်စေနိုင်တဲ့ သတ္တိဟာ ဟော်မုန်းတွေ အချိုးအဆကြောင့် ဖြစ်ပါတယ်။
ဟော်မုန်းရဲ့
အထက်မှာက “ထိန်းလို့ ရတဲ့”၊ “လွှတ်လို့ လွယ်တဲ့” စိတ်ဆိုတာ ရှိပါတယ်။
လိင်စိတ်ဖြစ်ပေါ်တာ ပုံမှန်ပါ။ နည်းစမ်းချင်တာလဲ (နော်မယ်)ပါ။
ဖြစ်ပေါ်လာတဲ့စိတ်အတိုင်း
စမ်းချင်တဲ့ နည်းကို ကာယကံ မြောက်မယ်ဆိုရင် ကျန်းမာရေးပညာပေးတွေနဲ့
ချင့်ချိန်ပါလေ။ Dr. တင့်ဆွေ ၂၈-၁-၂ဝ၁ဝ Oral practice Q and A ပါးစပ်
အသုံးပြုခြင်း အမေး-အဖြေများ February 7, 2010 1:06 PM ကျွန်တော်ဟာအတွေ
့အကြုံ
တခါနှစ်ခါပဲရှိပါသေးတယ်။ ဒါပေမဲ့ သုတ်မထွက်ဘူး ဖြစ်နေပါတယ်။ ကိုယ့်ဟာကို
play
ရင်တော့ ထွက်ပါတယ်။ ဒါပေမဲ့ ဖိုမဆက်ဆံရင် မထွက်ဖူးဖြစ်နေတယ်။ ပြီးတော့
အရက်တို့
ဆေးတို့ လဲမသုံးပါဘူး။ အဲလိုမသုံးပဲနဲ့ကို ၈ နာရီ ကြာတာတောင် သုတ်မထွက်ဘူး
ဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။ ဆေးကုသမှု ခံယူသင့်ပါသလား။ February 7,
2010 11:17
PM ကျန်းမာရေး ပညာပေးတာ ကောင်းပါတယ်။ တစ်ခုပဲ။ ဒီလို Oral sex ကိစ္စကို
မြန်မာလူမျိုးတွေကို ပညာပေးတောင် ရေးနေရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။
သူများတွေ
လုပ်တာကို မကောင်းတာ မှန်သမျှ အကုန်သာ လိုက်လုပ်နေကြရင်တော့ လူမှုရေး
ပြဿနာတွေက
ရှင်းလို့ ဆုံးတော့မှာ မဟုတ်ပါဘူး။ ENT က ဆရာတွေ oral sex သမားတွေမှာ HPV
ကြောင့်
Ca tongue ဖြစ်မဖြစ် သုတေသန လုပ်သင့်တယ်လို့ ထင်ပါတယ်။ February 23, 2010
5:38 PM
ယောက်ျားတစ်ယောက်က လိင်တံအရွယ်အစားက ဘယ်လောက်ရှိသင့်သလဲ။ ပြီးတော့
အရွယ်အစား
ပုံမှန်အချိန်မှာ ၁ လက်မကျော်ကျော်နဲ့ တောင့်တင်းချိန်မှာ ၄ လက်မ ရှိရင်
ပုံမှန်အရွယ်အစား ဟုတ်နိုင်လား။ အကယ်လို့ မဟုတ်ရင် ဘာလုပ်ရမလဲ။
ရိုင်းသွားရင်
တောင်းပန်ပါတယ်။ February 23, 2010 5:42 PM ယောက်ျား လိင်တံပတ်လည်က
ဘယ်လောက်ရှိသင့်သလဲ။ ငါးမူးလုံးသာသာဘဲရှိတယ်ဆရာ။ ဘယ်လိုလုပ်ရမလဲ။ Penis
enlargement ကို ဖတ်စေချင်ပါတယ်။ မဖတ်အားသေးရင် - "သန်မာ (သာမန် မဟုတ်ပါ)
နေချိန် Erectile penis ကို တိုင်းထွာပြီး၊ September 1996 Journal of
Urology မှာ
ရေးခဲ့တာကတော့ 12.9 cm (5.08 in) ပျမ်းမျှ ရှိပါတယ်။ ဒီဂျာနယ်ကဘဲ
ဆိုပြန်သေးတာက
ဘယ်လောက်ဘဲ နဂိုက အရွယ်အစားရှိနေနေ သန်မာလာရင် ဘယ်လောက်ထိ ရှိလာမလဲ
ဆိုတာကို
တိတိကျကျ မှန်းမရပါဘူးတဲ့။ ဂျူး-ကော့ကေးဆပ် ယောက်ျားတွေဟာ သန်မာချိန်မှာ
ပျမ်းမျှ
13.6 cm (5.35 in) လို့ December 2000 International Journal of Impotence
Research က ထုတ်ပြန်ပါတယ်။ သိပ္ပံနည်းကျ တိုင်းထွာကြတာမှာ တယောက်နဲ့ တယောက်
မတူကြလို့
အများပြောသမျှ ထဲကနေ ပျမ်းမျှယူတဲ့အခါ 12.9–15 cm (5.1–5.9 in) ရှည်ပြီး၊
2.4 and
5.5 cm (0.9 and 2.2 in) လုံးဝန်းတယ်လို့ မှတ်ယူနိုင်တယ်။ ကျားလိင်အင်္ဂါဟာ
သန်မာချိန်မှာ ၂ လက္မခွဲမှ မရှိရင်တော့ Micropenis လို့ဆိုပြီး၊ ဆေးပညာအရ
သတ်မှတ်ပါတယ်။" March 10, 2010 7:18 PM ကျွန်တော် တခုလောက်
မေးလိုရမလားခင်ဗျား ကျွန်တော် သုတ်လွှတ်တာ မြန်ပါတယ်။ အဲတာရောဂါလား
ဘာဆေးဝါးတွေ
သုံးသင့်သလဲဆိုတာကို ညွန်ကြားပေးပါခင်ဗျား။ Early ejaculation ကို
ဖတ်ပါခင်ဗျား။
March 11, 2010 1:30 PM ကိုယ်ဝန်ပျက်ကျစေချင်ရင် အရက်နဲ့
သွေးဆေးသောက်ရတယ်ဆိုတာ
ဟုတ်ပါသလားခင်ဗျား ပြီးတော့ တောမီးတောက် အရက်နဲ့ဘာနဲ့ သောက်ရင် ကိုယ်ဝန်
ပျက်စေနိုင်ပါသလဲ။ ကျနော့် သူငယ်ချင်း တယောက်အတွက် အရေးတကြီး
အကူအညီလိုနေလို့ပါ။
မြန်မာနိုင်ငံ ဥပဒေအရ ကိုယ်ဝန်ပျက်ကျအောင်လုပ်တာ အပြစ်ရှိပါတယ်။
အကြံတောင်းတာကို
ဆေးပညာဗဟုသုတ အဖြစ်သာ ပြန်ရေးပါရစေ။ အရက်အပါအဝင် ပြင်းထံတဲ့ဆေး၊
အစားအကောက်တွေဟာ
ကိုယ်ဝန်နုတာကို ထိခိုက်စေပါတယ်။ ပျက်ကျတဲ့အထိ ဖြစ်မဖြစ်တော့ တပ်အပ်
မပြောနိုင်ပါ။
မြန်မာသွေးဆေးကို ဆေးပညာအရတော့ မသိပါ။ လက်တွေ့နယ်ပယ်မှာတော့ မြန်မာဆေးတွေ
သောက်ပြီး၊ ရာသီထိန်တာ၊ နောက်ကျတာကို ကုစားလို့ ရတာတွေ တွေ့ဘူးပါတယ်။
အနောက်နိုင်ငံတွေမှာ Morning after pill ခေါ်တယ်။ Plan B လို့လဲ ခေါ်သေးတယ်။
Unwanted 72 (T Pill 72) လို့လဲ ခေါ်တယ်။ အိန္ဒိယမှာတော့ တရားဝင်ရောင်းလို့ ၂
လုံးတွဲဆေး တကပ်ကို ၃၂ ရူးပီးဘဲ ပေးရတယ်။ ဒီခေါင်းစဉ်ကို ပိုပြီးသိလိုရင်
Unwanted
Pregnancy မလိုချင်တဲ့ ကိုယ်ဝန် ကို ဖတ်နိုင်ပါတယ်။ အချိန်နည်းလို့
ဖြစ်ဖြစ်၊
Privacy အရ သိလိုတာရှိရင် ကိုယ်ပိုင် (အီးမေးလ်) လိပ်စာကနေ မေးရင်
တိုက်ရိုက်
ပြန်ကြားပေးပါမယ် ခင်ဗျား။ Health News Update • ၂၅-၂-၂ဝဝ၄။ ဆက်ဆံရာတွင်
ပါးစပ်ကိုသုံးလျင် Human papilloma virus (HPV) ကြောင့် Oral tumours
ခံတွင်းအကြိတ်ရောဂါ ရနိုင်သည်ဟု သံသယရှိခဲ့သည်မှာ ကြာပြီ။ • ၂၆-၂-၂ဝဝ၄။
အချို့သော
Mouth cancer ခံတွင်းကင်ဆာတို့သည် ပါးစပ်သုံးဆက်ဆံနည်းကြောင့်
ကူးစက်စေနိုင်သည်။ •
၁၁-၅-၂ဝဝ၇။ New England Journal of Medicine (NEJM) တသက်တာတွင်
လိင်ဆက်ဆံရာ၌
ပါးစပ်သုံးသည့် အဖေါ် ၆ ယောက်ထက် ပိုသူ ယောက်ျား-မိန်းမတို့သည် Cancer of
the
tonsils or at the base of the tongue အာသီး သို့မဟုတ် လျှာအောက်
ကင်ဆာဖြစ်ရန် ၉
ဆနည်းပါး ပိုသည်။ • ၉-၅-၂ဝဝ၇။ လိင်ဆက်ဆံရာတွင် ပါးစပ်ကိုအသုံးပြုရန် အဖေါ် ၅
ယောက်ထက်ပိုသူများသည် မသုံးသူများထက် လည်ချောင်း ကင်ဆာဖြစ်ရန် အဆ ၂၅ဝ
ပိုသည်။ •
၁ဝ-၅-၂ဝဝ၇။ Johns Hopkins Kimmel Cancer Center သုတေသနက Human
papillomavirus
(HPV) သည် ယောက်ျားရော၊ မိန်းမပါ Throat cancers လည်ချောင်းကင်ဆာ
ဖြစ်နိုင်သည်ဟု
ကောက်ချက်ချခဲ့သည်။ • ၁၉-၂-၂ဝဝ၈။ Oropharyngeal cancer
ခံတွင်း-လည်ချောင်းကင်ဆာ
ကာကွယ်မည့် HPV vaccine ကာကွယ်ဆေးသစ် Gardasil သည် အမျိုးသမီးများအတွက်သာ
ထိရောက်သည်။ • ၅-၁၂-၂ဝဝ၉။ Human papillomavirus (HPV) ရှိနေသူ ယောက်ျားအား
ပါးစပ်သုံးဆက်ဆံနည်းလုပ်မိပါက Oral, Head, Neck, and Throat cancer
ခံတွင်း၊
ဦးခေါင်း၊ လည်ပင်း၊ လည်ချောင်းကင်ဆာ တခုခုဖြစ်စေနိုင်သည်။ • ၁ဝ-၃-၁ဝ နေ့
ရန်ကုန်ကလာတဲ့ (IRIN) သတင်းမှာ “ကိုယ်ဝန် ပျက်ခြင်း-ဖျက်ခြင်းသည်
မြန်မာနိုင်ငံတွင် တတိယ အဆိုးဆုံးသော ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်၍
သေဆုံးသည့်
အကြောင်းရင်း ဖြစ်သည်။” လို့ ပါတဲ့အတွက် သတိရှိဘို့ကိုပါ အကြံပေးပါရစေ။
FROM-ALEX AUNG
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...