မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဗန္ဓုလ
နစက နယ်မြေအတွင်း မူဆလင်အကြမ်းဖက်တပ်ဖွဲ့ RSO နှင့် မြန်မာ
နယ်စပ်လုံခြုံရေး တပ်ဖွဲ့တို့အကြား လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ညက တိုက်ပွဲ များ
ပြင်းထန်စွာဖြစ်ပွားကြောင်း ဘင်္ဂလားဒေ့ရှ် နေ့စဉ်ထုတ် သတင်းစာများတွင်
မနေ့ကရက်စွဲဖြင့်ဖော်ပြသည်။
တိုက်ပွဲများဖြစ်ပွားသည့်နေရာမှာ
မြန်မာပိုင်နက် နယ်စပ်မှတ်တိုင်အမှတ် ၅၄ နှင့် ၅၅ အနီး နယ်မြေ (၁)
တွင်ဖြစ်ပွားခြင်းဖြစ်ကြောင်းလည်း သတင်းစာများကဖော်ပြသည်။သို့ရာတွင်
အဆိုပါတိုက်ပွဲမှာ မည်သည့်အတွက် ဖြစ်ပွားရကြောင်းနှင့် မည်သည့်ဘက်က
ထိခိုက်မှုများရှိသည်ကို ဖော်ပြထားသည်ကို မတွေ့ရပေ။တိုက်ပွဲမှာ
ဗုဒ္ဓဟူးနေ့ ည ၉ နာရီခန့်မှ စတင်ပြီး ညလုံးပေါက်ဖြစ်ပွားခြင်းဖြစ်ကြောင်း
ဒေသခံများကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းစာများတွင်
ရေးသားထားသည်ကိုတွေ့ရသည်။
လက်ရှိတွင် မူလင်အကြမ်းဖက်အဖွဲ့ RSO မှာ
နယ်စပ်မှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ စိမ့်ဝင်လာနေသည်ဟု ယူဆရသည့်အတွက်
မောင်တောခရိုင်တစ်ခုလုံးကို လုံခြုံရေးများတိုးချဲ့ချထားပြီး ခရိုင်အတွင်းက
သက်ဆိုင်ရာဌာန အသီးသီးသို့လည်း လုံခြုံရေးသတိဖြင့်နေထိုင်ကြရန် အထက်မှ
ညွှန်ကြားထားသည်ဟု သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် RSO
အဖွဲ့နှင့် မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့တို့အကြား
တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာများတွင်
တစ်စုံတစ်ရာဖော်ပြခြင်းများကို မတွေ့ရှိရပေ။
(အောက်ပါလင့်ခ်များမှာ
တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားသော ဘင်္ဂလားဒေ့ရှ်
သတင်းစာအချို့ဖြစ်ပါသည်။)
http://www.samakal.net/.
www.MyanmarExpress.net
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...