မော်ဒယ်လောကမှတစ်ဆင့်
ကြော်ငြာပိုင်းသို့ကူးပြောင်းရိုက်ခဲ့ပြီးနောက်ပိုင်းတွင်
ကြော်ငြာရိုက်ရင်းနဲ့ အောင်မြင်မှုတစ်ခု လို့ပြောလို့ရအောင်ပင်
ပရိသတ်အသိများခဲ့တဲ့ စံရတီမိုးမြင့်တစ်ယောက် ယခုအခါတွင်
ဇာတ်ကားရိုက်ကူးမှုများစိပ်လာခဲ့ပုံ နှင့်ပတ်သက်၍ မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး - အခုရိုက်နေတဲ့ 'စက္ကူကျား'ဆိုတဲ့ဇာတ် ကားမှာ ဘယ်လိုပုံစံနဲ့
သရုပ်ဆောင်ဖြစ်မလဲ။
ဖြေ - ညီမ အခု 'စက္ကူကျား'ဆိုတဲ့ဇာတ်ကား မှာ
ယောက်ျားလျာပုံစံနဲ့ သရုပ်ဆောင်ရမယ် ပေါ့နော်။ ဒါရိုက်တာဦးဒေါနနဲ့မင်းသားက
ကျော်ကျော်ဗိုနဲ့ပေါ့။
မေး - အနုပညာလောကထဲကို ဝင်ရောက်ဖြစ်ခဲ့ ပုံလေး
ပြောပြပါဦး။
ဖြေ - ဒီအလုပ်ကို ငယ်ငယ်ကတည်းက ဝါသ နာပါတယ်။ ပါတော့
၁ဝတန်းပြီးတဲ့အချိန်မှာ မော်ဒယ်ဘက်ကို ဝင်တာ
မော်ဒယ်ကနေတစ်ဆင့်ကြော်ငြာရိုက်တယ်။ ကြော်ငြာကနေပြီးတော့မှ ဦးသိန်းဟန်က
ရုပ်ရှင်
စရိုက်ဖို့ခေါ်တာပါ။ ကြော် ငြာကနေမှ ဒီသရုပ်ဆောင်တဲ့လိုင်းကို
ရောက်ဖြစ်ခဲ့တာပါ။
မေး - ဆင်ဆာပြန်လျှော့ပေးမယ်ဆိုတာနဲ့
ပတ်သက်ပြီး ညီမအမြင်လေး။
ဖြေ - အခုနောက်ပိုင်း ဆင်ဆာက ပိုကျပ်လာတယ်။ အဝတ်အစားပိုင်းကအစ ပိုကျပ်လာ
တယ်။ ဒီအတွက် သူတို့က ကိုယ့်ထက်ဝါရင့်တဲ့ သရုပ်ဆောင်တွေပေါင်းပြီးတော့
နောက်တစ်ခု က ရုပ်ရှင်လုပ်ငန်းအစရှိတဲ့ သက်ဆိုင်ရာဌာန
တွေကစီစဉ်ခဲ့တာဆိုတော့ ကိုယ့်အထက်လူကြီးတွေကောင်းမယ်ထင်လို့လုပ်တဲ့အတွက်
ညီမတို့ ကတော့ ဘာမှကန့်ကွက်စရာမရှိပါဘူး။ သူတို့ပြောတဲ့စည်းကမ်းတွေပေါ်မှာပဲ
လိုက်ပြီးတော့ နေပေး
ရမှာပေါ့။ ဒါကလည်း သူတို့ကောင်းမယ်
ထင်လို့လုပ်တဲ့အရာတွေပဲ ဖြစ်မှာပါ။
မေး - နိုင်ငံတကာကို
ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ကားကြီးတွေထိုးဖောက်ဖို့အတွက်ကို အဘက်ဘက်ကနေ
လုပ်ဆောင်နေတဲ့အခါမှာ ညီမတို့ သရုပ်ဆောင်တွေအပိုင်းကလည်း
ဘယ်လိုမျိုးတွေဆောင် ရွက်ဖို့ရှိလဲ။
ဖြေ - အဓိကကတော့ ညီမတို့က နိုင်ငံတကာကို ထိုးဖောက် မဖောက်တာထက်
ကိုယ်ရလာတဲ့ ဇာတ်လမ်း ပေါ်မူတည်ပြီး အကောင်းဆုံးသရုပ် ဆောင်ပါတယ်။
ကိုယ်ကြိုးစားပြီးတော့ အကောင်းဆုံးသရုပ်ဆောင် တယ်။ နိုင်ငံတကာ
ထိုးဖောက်နိုင်ဖို့ကျတော့ အဘက်ဘက်ကတော့ ပိုကောင်းရမှာပေါ့။ ဥပမာ-
စက်ပိုင်း ဆိုင်ရာ၊ မီးအလင်းအမှောင်၊
ကင်မရာအဘက်ဘက်ကနေပြည့်စုံမယ်ဆိုရင်တော့ နိုင်ငံတကာကို ထိုးဖောက်
နိုင်မယ်လို့ ထင်ပါတယ်။
မေး -Ah Boy ရဲ့ချစ်သူကောင်မလေးတစ်ဦး
အနေနဲ့ ပရိသတ်က သိချင်နေတယ် ပြောပြပေး လို့ရမလား။
ဖြေ - အချစ်ရေးတော့
မဖြေချင်ဘူး။
မေး - ဘယ်လိုဇာတ်ကောင်မျိုးတွေက ကိုယ်နဲ့
လိုက်ဖက်တယ်လို့ ထင်လဲ။
ဖြေ - ညီမနဲ့လိုက်ဖက်မယ့်ကာရိုက်တာ၊ ညီမ လုပ်နိုင်မယ့်ကာရိုက်တာတစ်ခုကို
ညီမ အကောင်း ဆုံးကြိုးစားပြီးတော့ လုပ်တယ်ပေါ့နော်။ ညီမ
လက်ခံတဲ့ဇာတ်ရုပ်တွေကလည်း ညီမလုပ်နိုင်တဲ့ကာရိုက်တာ၊
ညီမနဲ့လိုက်ဖက်တဲ့ကာရိုက်တာ များပါတယ်။
မေး -
အနုပညာလောကနဲ့ပတ်သက်ပြီး လက်ဦးဆရာကရော ဘယ်သူဖြစ်မလဲ။
ဖြေ -
အကုန်လုံးကတော့ သင်ဆရာ၊ မြင် ဆရာ၊ ကြားဆရာတွေချည်းပဲပေါ့နော်။ ကြော်ငြာ
ဘက်မှာဆိုရင် လည်း ကြော်ငြာအလျောက် ဆရာတွေရှိတယ်။
ဒီရုပ်ရှင်ဘက်ဆိုရင်လည်း ဦးသိန်းဟန်က ပထမဆုံး ရုပ်ရှင် ရိုက်ဖို့
ပြောတာပေါ့နော်။ ကြော်ငြာရိုက်နေတဲ့အချိန်မှာကြော်ငြာတွေကလည်း
တအားပေါက်တော့ သူက ပြောတယ်။ ကိုယ်ကရုပ်ရှင်ဘက်ကို မကူး ရဲဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကြော်ငြာနဲ့ ရုပ်ရှင်နဲ့ သရုပ်ဆောင် ရတာ
မတူတဲ့အချက်တွေများတယ်။ ကြော်ငြာက ပိုပြီးသရုပ်ဆောင်ရတာ မရှိဘူး။ အဲဒီတော့
ကြော်ငြာက သိပ်ပြီးတော့ အခက်အခဲမရှိဘူး။ ရုပ်ရှင်ဘက်ကိုဝင်ဖို့ကျ တော့
ကိုယ်က တအားကိုကြောက်နေခဲ့တယ်။ အဲဒီအချိန်မှာ ဦးသိန်းဟန်က အတင်းခေါ်ပြီး
တော့ ရုပ်ရှင်ရိုက်ခိုင်းတယ်။ အဲဒီရုပ်ရှင်ရိုက်ဖို့ကို ဦးသိန်းဟန်နဲ့
တော်တော်ကြီး စကားပြော လိုက်ရပါတယ်။ ကိုယ်က လုပ်ချင်တာတော့ လုပ်ချင်တယ်။
ဒါပေမဲ့ တအားကို ကြောက်တော့ သူ့ကိုရှောင်လိုက်နဲ့ လုပ်နေသေးတယ်။
နည်းနည်းတော့ ရယ်ရတယ်။ နောက်ပိုင်းတော့ သူ့ အလိုလို တဖြည်းဖြည်းနဲ့
ရုပ်ရှင်လောကထဲ စရောက်လာခဲ့တာပေါ့။
မေး - ရုပ်ရှင်ရိုက်ရမှာ
ကြောက်တယ်ဆို တော့ ဘာဖြစ်လို့လဲ။
ဖြေ - အရင်တုန်းက ဇာတ်ကားစရိုက်လို့ အဲဒီဇာတ်ကားထဲမှာ
ဝါရင့်သရုပ်ဆောင်တစ်ဦး ပါရင် ကိုယ်က ကြောက်နေခဲ့တာ။ သူနဲ့ဆုံတဲ့အခန်း
တွေဆိုရင် ကိုယ်ကလန့်နေတာ။ နောက်ပိုင်း ကျတော့ နှစ်ကားကနေ သုံးကား၊
သုံးကားက နေ လေးကားဖြစ်လာတဲ့အခါကျတော့ မကြောက်တော့ဘူး။ သူတို့ဆီက
ဘယ်လိုပညာ ယူရမလဲဆိုတာပဲ ရှိတော့တယ်။ ခေါင်းထဲမှာ ကြောက်စိတ်တွေ
တအားမရှိတော့ဘူး။ ဝါရင့် သရုပ်ဆောင် တွေကလည်း သင်ပေးကြပါတယ်။
မေး -
Sexy ပုံတွေနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်မှာ ကွန်းမန့်တွေပေးထားတာနဲ့ပတ်သက်ပြီး
နည်းနည်း လောက် ပြောပြပါဦး။
ဖြေ - ညီမကတော့ အဲဒီလိုပုံမျိုးတွေ မရိုက်ပါ ဘူး။ ညီမနဲ့လည်း အဲဒီ Sexy
အဝတ်အစားတွေကသိပ်ပြီးတော့ လည်း မလိုက်ဖက်ဘူး။ ညီမတို့
နောက်ဆုံးသွားတဲ့ပုံစံတွေဆိုရင် Kid Sexy သွားတဲ့ပုံစံမျိုးပဲရိုက်တယ်။
တအားကြီး Sexy ကျတဲ့ပုံစံဘက်ကို ညီမမရိုက်တဲ့အတွက်
ဘာမှလိပ်ပြာမသန့်တာလည်းမရှိဘူး။ ကိုယ့် အပိုင်းနဲ့ ကိုယ်ပဲ။
ကျန်တဲ့သူတွေလည်း
ကိုယ့်အပိုင်းနဲ့ ကိုယ်ရိုက်နေကြတာဆိုတော့ သူများတွေကိုတော့
သိပ်မပြောလိုပါဘူး။
မေး - ဘယ်လိုဖက်ရှင်တွေကို အများဆုံးစိတ်
ဝင်စားတာလဲ။
ဖြေ - ခရုပုံစံလေးတွေ Kid Sexy ပုံစံလေး တွေ တအား Sexy
ကျတဲ့ပုံစံမျိုးကိုဝတ်လို့ရ တယ်။ ဒါပေမဲ့ ကိုယ်နဲ့လည်းလိုက်တော့ လိုက် တယ်။
ဒါပေမဲ့ ကိုယ်မကြိုက်ဘူးပေါ့နော်။ အဲဒီ အတွက်ကို ညီမ မြန်မာခရု Sexy တို့၊
ခရုပုံစံ အဝတ်အစားတွေကို ပိုပြီးတော့ကြိုက်တယ်။
Yangon Media
Group

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...