Pages

Friday, August 16, 2013

“ပြည်သူအတွက် ကြုံရဆုံရ SKEY NET ဘ၀ ”

“ကျနော်ဗျာ ကြော်ငြာကောင်းပြီး လိုင်းတော်တော်များများကြည့်လိုရလို့ စကိုင်းနက်(၁)လုံးဝယ်ပြီး ကြည့်လိုက်ပါတယ်။ သက်တမ်းကတော(၃)လဘဲထားလိုက်ပါတယ်။ဒီနေ့လိုင်းမရလို့ လာတပ်ဆင်ပေးတဲ့ဆရာကို လိုင်းပျက်နေလို့လာကြည့်ပေးပါအုံးပေါ့အကူအညီတောင်းရတယ်။
လိုင်းကတစ်လိုင်းမှ ကြည့်လို့မရ ဘူးလို့ပြောပြလိုက်ပါတယ်။ လာတပ်ဆင်ပေးတဲ့ဆရာက စစ်ကြည့်ပေးပါမယ်တဲ့။ စက်ကိုတော့ဖွင့် ကြည့်လို့မရဘူး၊ မရရင်တော့ ကိုယ်စားလှယ်ကနေတဆင့် စက်ကို စကိုင်းနက်ကုမဏီကိုပို့ရမယ်တဲ့။ ကျနော်ကပို့ရင်ဘယ်လောက်ကြာသလဲလို့မေးတော့ (၁)လခွဲ၊ (၂)လနီးပါးကြာတယ်တဲ့။ဘယ်ကိုပိုရသလဲလိုံမေးကြည့်တော့ mandalay ကိုပို့ ရမယ် တဲ့။
ကျနော်တို့မြိုနဲ့ မန္တလေးက(၁)ရက်ခရီးဘဲကြာတယ်လေ။ကျနော်စိတ်ထဲမှာ“ဘာကြောင့်ဒီလောက်ကြာ ရတာလဲ၊ မသိနားမလည်တဲ့ပြည်သူတွေလည်းကျနော်လိုဖြစ်တာရှိမရှိစုံစမ်းကြည့်မိပါတယ်” ရှိတာပေါ့ဗျာ တစ်ချို့ဆိုရင် စက်ကပျက်လို့ ပို့ထားတာကြာလို့ အသစ်တစ်လုံးထပ်ဝယ်ရတယ်တဲ့။
“ တော်တော်တရားတဲ့စကိုင်းနက်ဘဲ” ကျနော်ကတော့ ရုံးချုပ်ဖုံးနံပတ်တောင်းလိုက်ပါတယ်” အသစ်တစ်လုံးထပ်ဝယ်ထားတဲ့သူကဘာပြောသလဲဆိုရင် ” မန္တလေးရုံးချုပ်ကိုဖုန်းခေါ်တာမကိုင်ဘူး တဲ့”  တော်တော်တရားကြတဲ့စကိုင်းနက်ဘဲ။
ကျနော်ကတော့ သေခြာအောင်စုံစမ်းမယ်၊ အလားတူဖြစ်စဉ်ကိုစုစည်းမယ်၊မေးမြန်းမယ်။သေခြာပြီဆို ရင်တော့ “နစ်နာခဲ့တဲ့ပြည်သူတွေအတွက် ပညာပေးဆောင်ရွက်သွားမည်ဟု”ပြည်သူတစ်ဦးက ရင်ဖွင့်လာတဲ့အတွက် “ ကျနော်ကလည်းလိုအပ်တဲ့အကူအညီပေးမယ်လို့ပြောလိုက် တယ်.....။  အော်... ပြည်သူ့အတွက် ကြုံရဆုံရ skey net ဘ၀”ပါဘဲဗျာ။ (ဆက်လက်စောင့်ကြည့်တင်ပြသွားပါမည်။)
FROM-MIN AUNG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...