Pages

Saturday, August 10, 2013

လူသတ်ပြီး ဓာတ်ပုံနဲ့ Status ကို Facebook ပေါ် တင်သူ

အမေရိကန်ပြည်ထောင်စု မီယာမီ တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်း တစ်ခုပါ။ သိပ်မကြာသေးပါဘူး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညနေ (၈.၈.၂၀၁၃) က ဖြစ်ပြီး အမျိုးသမီးဖြစ်သူကို သေနတ်နဲ့ပစ်ပြီး Facebook Status တင်ခဲ့ပါတယ်။ Derek Medina လို့အမည့်ရတဲ့ အမျိုးသား တစ်ဦးပါ။

သူတင်တဲ့ Status ကို ယခု မြင်တွေ့ရတဲ့အတိုင်းပါပဲ။ သူ့အနေနဲ့ အမျိုးသမီး ဖြစ်သူနဲ့ အဆင်မပြေကြောင်း၊ သည်းမခံနိုင်တော့ကြောင်း၊ ထို့ကြောင့် သတ်လိုက်ကြောင်း။ ပြီးတော့ ရဲစခန်းကို သွားပြီး အဖမ်းခံဖို့ အတွက် Facebook က သူငယ်ချင်းတွေကိုတောင် နှုတ်ဆက်သွားလိုက် ပါသေးတယ်။

သူနဲ့ အမျိုးသမီးနဲ့က အဆင်ပြေတဲ့ အိမ်ထောင်ရေး မဟုတ်ပါဘူး။ ကွဲပြီးမှ ပြန်ပေါင်းတာ တစ်နှစ်ဝန်းကျင်သာ ရှိသေးပြီး အမြဲလိုလို ပြဿနာ ဖြစ်ကြတယ်လို့ အိမ်နီးချင်းများက ဆိုပါတယ်။ Derek Medina နဲ့ ဇနီး ဖြစ်သူ Jennifer Alfonso တို့ဟာ ၈ရက်၊ ၈လ ညနေပိုင်းက စကား အကြီးအကျယ်များပြီး တစ်ယောက်ကို တစ်ယောက် ရိုက်ပုတ် တဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်တော့ ၂ ဖက်စလုံး တုတ်ဆွဲ၊ ဓားဆွဲဖြစ်လာပြီး သည်းမခံနိုင်တော့တဲ့ Derek Medina က သေနတ်ထုတ်လို့ ဦးခေါင်းကို ဆက်တိုက် ပစ်လိုက် ပါတယ်။

ပြီးတော့ သေနေတဲ့ သူ့မိန်းမ အလောင်းကို ဓာတ်ပုံရိုက်လို့ Facebook ပေါ် မှာတောင် RIP Jennifer Alfonso ဆိုတဲ့ စာသားနဲ့ တင်လိုက် ပါသေးတယ်။ ယင်းမတိုင်ခင်က Status အရင်တင်တာပါ။ အားလုံးပြီးတော့ ညနေပိုင်းမှာ ဒေသ ရဲစခန်းသို့ ကိုယ်တိုင်ကားမောင်းပြီး အဖမ်းခံခဲ့ ပါတယ်။

Derek Medina ရဲ့  Facebook အကောင့်ကို Facebook မှ တရားဝင် ပိတ်လိုက် ပါပြီ။ ယင်းကဲ့သို့ ရာဇဝတ်မှုကို လူသိထင်ရှား ပုံတင်၊ Status တင်မှုက အားပေးအားမြောက်သလို ဖြစ်နိုင်တဲ့အတွက် အကောင့်ကိုပါ Remove လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

Derek Medina ဆိုတဲ့အမည်ကို Facebook Search Bar မှာ ရိုက်ရင် သူနဲ့ ပက်သက်တဲ့ Facebook Page များကိုတော့ ရှာဖွေ တွေ့ရှိ နိုင်ပါတယ်။
.
Ref: huffingtonpost.com
From: Aung Kham (TSJ team)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...