Pages

Monday, August 19, 2013

TV ကြည့်ရန် မီးပလပ်ထိုးစဉ် အမျိုးသမီး တစ်ဦး ဓါတ်လိုက် သေဆုံး

ရန်ကုန်၊ သြဂုတ် ၁၉
၁၉.၈.၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေ
ဆုံး ရောက်ရှိလာကြောင်း သတင်းအရ အလုံမြို့မရဲစခန်းမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မ---- ၊
၂၈နှစ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ အလုံမြို့နယ် နေသူဖြစ်သည်။

၎င်းသည် ၁၉.၈.၂၀၁၃ ရက်နေ့ ၁၁၁၀ အချိန်ခန့်တွင် နေအိမ်၌ မိသားစုများနှင့်အတူ TV ကြည့်ရန်
အတွက်မီးပလပ်ခုံသို့TV ကြိုးထိုးစဉ် ဓါတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် အလုံမြို့မ
ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၃)ဖြင့်ရေးဖွင့် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...